ဆလပ် တစ်မျိုး easy cook

weiweiJanuary 5, 20111min012



ဆလပ်လုပ်နည်းတစ်မျိုး … ကျွန်မသူငယ်ချင်း ဥဇဘတ်လူမျိုး ကောင်မလေးလုပ်စားနေကျ ဆလပ်ဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများက ဆလပ်ရွက်၊ ကြက်သား၊ ကြက်ဥ၊ ပြောင်းဖူး၊ ဥနီနဲ့ မရောနိ၊ ဆား တို့ဖြစ်ပါတယ်။
ကြက်သား၊ ကြက်ဥ၊ ပြောင်းဖူးကို ကျွန်မကတော့ ခပ်လွယ်လွယ်ပဲ ရောပြုတ်လိုက်ပါတယ်။ ကျက်ခါနီးမှာ ဥနီလှီးထားတာထည့်လိုက်တယ်။ ပြီးတော့ အအေးခံပြီး အားလုံးကို လှီးလိုက်တယ်။ အားလုံးရောပြီး မက်ရောနိရယ် ဆားရယ် တစ်ခါတစ်လေတော့ သကြားနဲနဲထည့်တယ်။ ရောမွှေလိုက်ရုံပဲ။ သူက အဲဒီဆလပ်နဲ့ ပေါင်မုန့် အကြမ်းနဲ့ကို အမြဲတမ်း စားလေ့ရှိပါတယ်။

12 comments

  • Gipsy

    January 5, 2011 at 7:27 am

    ပုံထွက်အရမ်းကောင်းလို့……CAMERA..အမျိုးအစားသိချင်ပါတယ်..မဝေ….

    Reply

  • weiwei

    January 5, 2011 at 7:33 am

    SONY, DSC-T70, 8.1 megapixel ရိုးရိုးကင်မရာ အပေါစားလေးပါ .. တရုတ်ပြည်မှာပဲ ဝယ်သုံးထားတာ ၃ နှစ်ကျော်နေပြီ …
    အကြမ်းတော်တော်ခံတယ် … ပြုတ်ကျတာ အခေါက်ပေါင်းမနဲတော့ဘူး ..

    Reply

  • Gipsy

    January 5, 2011 at 7:45 am

    online မှာအမြဲရှိနေတာလား ? ဒီလိုမျိုးစားစရာကောင်းလေးတွေသိရရင်..ပြောပါဦးနော်……

    Reply

  • koyinmaung

    January 5, 2011 at 10:42 am

    ဆလပ်ရွက်ကဘယ်နေရာမှာထည့်တာလဲ ရောပြုတ်တာလါး မှားကုန်မှာစိုးလို့

    Reply

  • weiwei

    January 5, 2011 at 10:47 am

    ဆလပ်ရွက်က အစိမ်းအတိုင်းလှီးထည့်တာပါ … ဆောင်းတွင်းမှာ ဆလပ်ရွက်တွေ သိပ်မကောင်းဘူး … အဲဒါကြောင့် ဓါတ်ပုံထဲမှာ သိပ်မစိမ်းဘူးဖြစ်နေတယ် ..

    Reply

  • kyawmonkhant

    January 5, 2011 at 12:39 pm

    မဝေရဲ့စာတွေဖတ်ဖြစ်ပါတယ်။ ခရီးသွားအတွေ့အကြုံတွေ၊ ဟင်းချက်နည်းတွေ၊ ကောင်းပါ၏။ဆက်ရေးပါ အားပေးနေပါတယ်။ အခု တရုပ်ပြည်မှာနေတာလား? ဒံပေါက်ချက်နည်းလေးတင်ပေးပါဦး။

    Reply

  • manawphyulay

    January 5, 2011 at 1:09 pm

    ပြန်လာရင် အဲလို လုပ်ကျွေးမှာလားဟင်……………

    Reply

  • weiwei

    January 5, 2011 at 5:49 pm

    စားသောက်ဆိုင် ဖွင့်မလို့ …. 😛

    Reply

  • mandalaywith

    January 5, 2011 at 7:28 pm

    Thanks always share to cooking info,travel Info^.^

    Reply

  • naywoonni

    January 6, 2011 at 11:27 am

    ဆိုင်ဖွင့်လို့ လူလိုရင်ပြောနော်

    Reply

  • Gipsy

    January 6, 2011 at 11:41 am

    ဆိုင်လဲဖွင့်တော့မယ်……လူအကူလဲရနေပြီဆိုတော့…….
    လိပ်စာလေးတော့ပို့ပေးဦး..နော်……

    Reply

  • ဆူး

    January 8, 2011 at 2:56 pm

    တို့များ တောသူတွေ အဲဒါမျိုးတွေ စားတတ်ဘူး။
    အညာထမင်း အညာဟင်းဘဲ ကြိုက်တယ်။ မန်မန်စားရမှ ကျေနပ်တာ။

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.