Tibet ကော်ဇော

weiweiJanuary 3, 20114min04
အရောင်းဆိုင် အတွင်းမှ
ကော်ဇောယက်နေပုံ
ချည်အရောင်ဆိုးပုံ
အရောင်ထုတ်ယူမည့် ပန်းခြောက်များ
ခရမ်းရောင်ပန်း
သဘာဝပစ္စည်းများမှ အရောင်ထုတ်ယူပုံ
လှပပြီး ဈေးကြီးသော ကော်ဇောများ
ရှေးဟောင်းရိုးရာပစ္စည်းများ
လက်ရာတော်တော်ကောင်းတယ်
နိပေါလ်လက်ရာတွေနဲ့ ဆင်တူတယ်
အရောင်းခန်းမက တော်တော်ခမ်းနားတယ်
သံစုံတူရီယာပစ္စည်း၊ သံချောင်းနဲ့ခေါက်ပြီးသံစဉ်လုပ်တယ်
သပ္ပာယ်တဲ့ ဗုဒ္ဓပန်းချီကား

တိဗက် ခရီးစဉ် (၃) မှာ ကော်ဇောယက်လုပ်တဲ့နေရာကို လေ့လာခဲ့တဲ့အကြောင်းရေးခဲ့ပါတယ်။ ဓါတ်ပုံတွေများနေလို့ ပုံတွေကို သီးသန့်ခွဲပြီးတင်လိုက်ပါတယ်။ ကြည့်ပြီး ဗဟုသုတရအောင်ပေါ့။ ဒါမျိုးဓါတ်ပုံတွေက အင်တာနက်ထဲမှာ မတွေ့နိုင်တဲ့ပုံတွေပါ။

တရုတ်ပြည်မှာ ခရီးသွားရင် အဲဒီလိုမျိုး အရောင်းခန်းမ (ကုမ္ပဏီ) တွေကို လမ်းညွှန်က လိုက်ပို့လေ့ရှိပါတယ်။ အဲဒီလိုလိုက်ပို့တိုင်း အဲဒီက ဧည့်ကြိုက သူတို့လုပ်ငန်းတွေကို ပြုံးပြုံးရွှင်ရွှင်နဲ့ သေသေချာချာရှင်းပြလေ့ရှိပါတယ်။ လိုအပ်ရင် projector တွေနဲ့တောင်ပြပါတယ်။ အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီဆိုရင်တော့ အလကားစားရပါတယ်။ ဒါပေမယ့် သူတို့က သိပ်ပြီး အပြောကောင်းလွန်းတယ်။ စားပြီးတိုင်း မဝယ်ပဲ မနေချင်လောက်အောင် ပြောနိုင်ကြတယ်။

အခုကော်ဇောကတော့ ဝယ်ချင်ပေမယ့် ပိုက်ဆံမတတ်နိုင်လို့ မဝယ်ခဲ့ရပါဘူး …

4 comments

  • weiwei

    January 4, 2011 at 5:41 am

    အဲဒီဆိုင်ထဲက ဘုရားဆင်းတုတော်နဲ့ ပန်းချီတွေကို အရမ်းသဘောကျခဲ့တာ … အရမ်းသပ္ပာယ်တယ် … ဓါတ်ပုံရိုက်ခွင့်မရှိဘူး … ခိုးရိုက်လာတာ … 🙂

    Reply

  • naywoonni

    January 4, 2011 at 5:43 am

    အဲဒိလို ဗဟုသုတ ဖြစ်ဖွယ်လေးတွေ ရှာဖွေ ပြီးတင်ပေးနေတဲ့ မဝေ ကိုကျေးဇူးတင်ပါတယ် ကိုယ်က အိမ်ကနေ အပြင်ထွက်ခွင့်မရတော့ အဲဒိလိုလေးတွေ တွေ့ရတော့ ………… ကိုယ့်ကိုကိုယ်လည်းအားမလိုအားမရနဲ့

    Reply

  • ဆူး

    January 8, 2011 at 2:51 pm

    ပုံတွေထဲမှာ အောက်ဆုံး က ဘုရားပုံက သင်္ကန်းရုံတာ တမျိုးဖြစ်နေတယ်နော်။
    ယိုးဒယား ဘုန်းကြီးတွေလို ရင်စီးနဲ့.. သင်္ကန်းအပေါ်ပခုန်းပေါ် အုပ်ထားတယ်။ သင်္ကန်း အိမ်ကွက် ပုံတွေက တရုတ် သင်္ကန်း အိမ်ကွက်နဲ့ မတူဘူး လို့ ထင်မိတယ်။ တရုတ် ဘုန်းကြီး အပေါ်ရုံ သင်္ကန်းက အကွက် ပိုကျဲသလိုဘဲ။

    Reply

  • cum min

    June 22, 2012 at 10:30 am

    ပေါ်ပြီးး……ခိုရိုက်လာတာပေါ့လေ…
    ကောင်းတယ်..ဗျာ
    ကျေးကျေးပါ
    နောက်လဲခိုးနော်
    😆

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.