ထီသမိုင်းမှာ ဒုတိယအများဆုံး ဆုကြေးထီလက်မှတ် Mega Millions

lotto drawer

http://www.sagarwarmyae.org/?p=8558

ထီထိုးရန် တန်းစီနေသူများ

အမေရိကန်ဒေါ်လာ ၃၈ဝသန်းတန် မီဂါမီလျံထီလက်မှတ် ပေါက်မဲနှစ်စောင်ပိုင်ရှင်တွေကို စနိုုးတွေဖုံးလွှမ်းနေတဲ့ ပစိဖိတ် အနောက်မြောက်ဒေသက ၁၂၅မိုင်လောက်စီ အချင်းချင်းကွာဝေးတဲ့ မြျိ့ငယ်လေးမှာ ဗုဒ္ဓဟူးနေ့က ရှာဖွေတွေ့ရှိလိုက်ပါပြီ။ ပေါက်မဲလက်မှတ်တစောင်ကို ဝါရှင်တန်ပြည်နယ် အရှေ့ပိုင်းရှိ ဆူပါမားကက်တခုမှာ ရောင်းခဲ့ပြီး နောက်တစောင်ကိုတော့ အိုင်ဒါဟို ပြည်နယ်ရဲ့ ပို့စ်ဖေါမြို့လေးမှာ ရောင်းခဲ့သည်။
အငြိမ်းစားတဦးက ဝါရှင်တန်မှာပေါက်တဲ့ ထီလက်မှတ်ကို ဝယ်ခဲ့ပြီး ကြာသာပတေးနေ့မှာ သူ့မိသားစုနဲ့အတူ ဆုလက်မှတ်ကို တင်ပြတောင်းခံပါမယ်။ ဒါပေမဲ့ အခုချိန်ထိ အိုင်ဒါဟိုပြည်နယ်က တဦးတယောက်မှ ပေါက်မဲလက်မှတ်ကို တင်ပြတောင်းခံလာခြင်း မရှိသေးပါဘူး။ ပေါက်မဲတစောင်ကို အမေရိကန်ဒေါ်လာ ၁၉ဝသန်းစီတန်ပြီး၂၆ကြိမ်ခန့် အရစ်ကျနှစ်စဉ် ရရှိမှာဖြစ်သည်။
ထီဆုကြေးသမိုင်းမှာ ဒုတိယအများဆုံးဖြစ်လို့ နိုင်ငံတဝှန် စိတ်ဝင်စားမှု အကြီအကျယ်ခံရပြီး ပြည်နယ် ၄၁ပြည်နယ်နှင့် မြို့တော်ဝါရှင်တန်ဒီစီရှိ လူထောင်ပေါင်းများစွာဟာ ထီလက်မှတ်ဝယ်ဖို့ တန်းစီခဲ့ကြသည်။ ပေါက်မဲထီလက်မှတ်သည် ပုံမှန်နံပါတ်အတွဲ ငါးတွဲအပြင် မီဂါဘောလ်နံပါတ်နဲ့ပါ ထပ်တူကြသည်။ ပေါက်ဂဏန်းတွေကတော့ ၄ ၈ ၁၅ ၂၅ ၄ရ နှင့် မီဂါဘောနံပါတ် ၄၂ တို့ဖြစ်သည်။ ပေါက်ဂဏန်း ၆လုံးအနက် ၄လုံးဟာ လူကြိုက်များတဲ့ ရုပ်သံဇာတ်လမ်းတွဲတခုက ထီပေါက်မဲနံပါတ် ၄ ၈ ၁၅ ၁၆ ၂၃ နှင့်၄၂ နဲ့ သွားဆင်တူနေသည်။
လက်မှတ်ပေါင်း ၂၅၅၈ရသည် ပေါက်ဂဏန်းနံပါတ်တွဲ သုံးလုံးအပြင် မီဂါဘောနံပါတ်နှင့်ပါ တူနေတာမို့ ဒေါ်လာ၁၅ဝစီ ရရှိကြမည်ဖြစ်သည်။ ၅.၅သန်းမက ထီဝါသနာအိုးများဟာ ဒေါ်လာ ၁၀၀၀ဝကနေ ၂ဒေါ်လာတန် ပေါက်မဲများကို ဆွတ်ခူးခဲ့ပြီးဖြစ်သည်။ ၂၀၀ရခုနှစ် မတ်လတုန်းက ဂျော်ဂျီယာပြည်နယ်နှင့် နယူးဂျာဆီပြည်နယ်တို့မှာ ကံထူးရှင်နှစ်ဦးသည် ထီသမိုင်းတွင် အများဆုံး ဆုကြေး ဒေါ်လာ ၃၉ဝသန်းတန် မီဂါမီလျံဆုကြီးကို ခွဲဝေရရှိခဲ့သည်။
အိုင်ဒါဟိုပြည်နယ်မှ ကံထူးရှင်သည် ဆုကြေးကို တလုံးတခဲထဲယူလျင် ပြည်နယ်နှင့် ပြည်ထောင်စု အခွန်ငွေနှုတ်ပြီး အသားတင် ဒေါ်လာ၈၁သန်း နီပါးရမည်ဖြစ်ပြီး ဝါရှင်တန်ပြည်နယ် မှာတော့ ပြည်နယ်အခွန် မချလို့ ပြည်ထောင်စုအခွန် ၂၅%နှုတ်ပြီး ဒေါ်လာ၉ဝသန်း ရမည်ဖြစ်သည်။

14 comments

  • eros

    January 6, 2011 at 4:28 am

    ဆြာကြောင်ကြီးခင်ဗျား၊ အမေရိကားမှာ ထီဆုကြီးပေါက်ရင် မြန်မာမှာလို ပေါက်တဲ့လူ နာမည်၊ လိပ်စာ အတိအကျမကြေငြာရဲဘူးလို့ ကြားမိလို့ပါ။ ပြန်ပေးဆွဲခံရမှာကြောက်လို့လို့ ကြားဖူးပါသည်။ မှန်ပါသလား။

    Reply

  • eros

    January 6, 2011 at 4:32 am

    နိုင်ငံခြားသားထီထိုးလို့ ရမရ၊ ထီပေါက်ရင် ဆုငွေထုတ်ယူလို့ ရမရ သိချင်ပါတယ်။

    Reply

  • bigcat

    January 6, 2011 at 4:59 am

    ထီကတော့ဘယ်မှာပဲ ပေါက်ပေါက် ဆုကြီးရင် လုံခြုံတဲ့နေရာကို ပြောင်းရွှေ့နေထိုင်၊ သို့မဟုတ် လက်ရှိနေရာမှာပဲ လုံခြုံရေးအစီအမံတွေ ချမှတ်ပြီး သိုသိုဝှက်ဝှက်နဲ့ ဆုလက်မှတ်တင်ပြတာ အကောင်းဆုံးပါ။ ဒီမှာတော့ ရှေ့နေတွေကနေတဆင့် သွားကြတယ်ထင်ပါတယ်။ ကျနော်ကတော့ ဆူပါမားကက်စက်မှာရောင်းတဲ့ ချက်ချင်းကြည့်လို့ရတဲ့ထီမျိုး ငါးဒေါ်လာသာ အများဆုံးပေါက်ဖူးလို့ ဘယ်သူမှ အန္တရယ်မပေးကြပါခင်ဗျား။
    အသက်၁၈နှစ်ပြည့်ပြီး ယူအက်စ်မှာ နိုင်ငံသား၊ တရားဝင်နေထိုင်သူ နိုင်ငံခြားသားများ ထိုးလို့ရပါတယ်။ နိုင်ငံခြားသားများပေါက်ရင် ပြည်ထောင်စုဖက်ဒရယ်အစိုးရက အခွန်နှုန်းအသေ ၃၀% ကောက်ပြီး သက်ဆိုင်ရာပြည်နယ်အစိုးရကလည်း ထပ်ကောက်ပါမယ်။ နှုန်းကတော့ တပြည်နယ်နဲ့တပြည်နယ် မတူပါဘူး။ တရားမဝင်နေထိုင်သူ၊ နိုင်ငံပြင်ပက နိုင်ငံခြားသား ဆိုရင်တော့ ရှေ့နေကောင်းကောင်း ကိုယ်စားလှယ်လွှဲဖို့ ရှာရပါလိမ့်မယ်။ အရှာမတတ်လို့ အလိမ်ခံရရင်တော့ ဒုက္ခများပါလိမ့်မယ်။ အလွတ်သဘောသိတာကတော့ ဆုကြီးကြီးမားမားပေါက်ရင် ဂရင်းကတ် တန်းထုတ်ပေးပါတယ်။ ဒါမှဆုကြေးငွေတွေ တိုင်းပြည်ပြင်ပကို ထွက်မသွားမှာကိုး။ စင်္ကာပူမှာလည်း တချို့မြန်မာတွေ ဆုကြီးကြီးပေါက်ရင် အစိုးရက ငွေထုပ်ပိုက်ပြီးထွက်မသွားအောင် ပီအာရ်ထုတ်ပေးတယ် ကြားပါတယ်။

    Reply

    • eros

      January 6, 2011 at 6:13 am

      သိလိုသမျှ အကြောင်းအရာတွေကို မနှေးအမြန် ဖြေကြားပေးတဲ့ ဦးကြောင်ကြီးကိုကျေးဇူးတင်လျက်ပါ။ ထီပေါက်ရင် အခွန်က ၅၀% လောက်ရှိမယ်ထင်တယ်နော်။ န်ိုင်ငံခြားက နေထီဘယ်လိုလှမ်းထိုးလို့ရ ပါသလဲ။ သီပေါမင်းလက်ထက် က နန်းတွင်းသူတွေတောင် အိုင်ယာလန်ထီ လှမ်းထိုးတယ်ကြားဖူးပါတယ်။

      Reply

  • Gipsy

    January 6, 2011 at 7:00 am

    ……ဝိုး….အားကျစရာကောင်းလိုက်တာ…ထိုးရပုံလေးပြောပေးပါ…….

    Reply

  • winkyawaung

    January 6, 2011 at 2:53 pm

    မြန်မာထီထက် တယ်မိုက်ပါ့လားဆရာရယ်..။

    Reply

  • The Reds

    January 6, 2011 at 3:26 pm

    အဲ လို နိုင် ငံ ခြား ကို လှမ်း ထိုး လို. ရ ရင် သိပ် ကောင်း မှာ ပဲ ..

    Reply

  • weiwei

    January 6, 2011 at 5:18 pm

    ထီဆိုတာကလဲ ကံပါမှပေါက်တာ … ကျွန်မဆို ထီမပြောနဲ့ ရိုးရိုးမဲနှိုက်ရင်တောင် မပေါက်ဘူး … မှတ်မှတ်ရရ တက္ကသိုလ်တက်တုန်းက drawing set ကို ကျောင်းသားစေ့အောင်မပေးနိုင်ပဲ ၁ဝ ယောက်စာ လိုနေတယ် .. အတန်းထဲမှာ လူ ၂၀ဝ ကျော်ရှိတယ် .. ကံဆိုးသူ (၁၀) ဦးမဲနှိုက်တာ ကျွန်မ မဲပေါက်တယ် … အဲဒီလောက်ကို ကံကောင်းတဲ့သူ … 😛

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 6, 2011 at 6:38 pm

    အင်း အင်း အင်း
    ဒီအခြေနေနဲ ့ဆိုရင်တော့
    အိုက်ဒီ ပေါက်ဂဏန်းတွေကို ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ
    ရွာသူ/သား တွေရဲ ့အနာဂတ်ရေး မျှော်တွေးလို ့ သနားငဲ့ညှာသဖြင့်
    တွက်နည်း နိသယတွေကို စီမန်တွက်ချက် ပေးရင် ကောင်းလေမလားလို ့တော့
    ဆင်းစားရပေတော့မပေါ့
    အထမြောက်ခဲ့ရင် ကိုကိုကြောင်ကို အလျှင်ဦးဆုံး မ မယ်ဗျာ
    ( သူ ့ကို မ မယ်သာပြောရတယ် ခပ်လန် ့လန် ့ဘဲ တဂယ်လုပ်မဲ့ ပုံးကြီး )

    Reply

  • kai

    January 7, 2011 at 10:25 am

    ယူအက်စ်မှာ .. ဒေါ်လာ ၅သိန်းရင်းနှီးမြုတ်နှံရင် .. အစိမ်းကဒ်..ပြိးတော့ စစ်ဒဇင်သွားနိုင်တဲ့ ဗီဇာစံနစ်ရှိတယ်..။
    အဲဒီစံနစ်အရ …ထီပေါက်သူကို..အစိုးရကိုယ်တိုင်က ပြန်ပေးဆွဲသလိုလုပ်မှာပါပဲ..။
    အဲဒါအခြေခံ .. ပြန်စဉ်းစားရင်..မြန်မာပြည်နိုင်ငံသားပေးတဲ့စံနစ်က.. ပြင်ဖို့ကောင်းနေတာတွေ့ရမယ်..။
    ရှေးက ..စူဇကာစစ်ဆင်ရေးဆိုပြီး .. သူဌေးတွေမြန်မာပြည်ကနှင်ထုတ်ခဲ့တာ… သတိရမိတယ်..။
    အင်မတန်မှားတဲ့လုပ်ရပ်ပဲ..။
    ====
    သာမန်အားဖြင့်..ထီပေါက်ငွေကို .. ၃ပုံ ၁ပုံပဲရတယ်တွက်ကြတယ်..။
    အခွန်က..ရှယ် ချတာပါ..။

    Reply

  • ဆူး

    January 8, 2011 at 6:30 am

    ထီပေါက်ရင် အခွန် ဆောင်ရတယ်လား.. ဒီမှာ ထီပေါက်တဲ့ ပိုက်ဆံနဲ့ ပစ္စည်း ဝယ်ရင်တော့ အခွန် လွတ်တယ်။ ငွေဖြူဖြစ်သွားလို့.. သိပ်တောင် နားမလည်ဘူး.. ငွေဖြူဖြစ်တာ.. အခွန်ဆောင်ပြီးသား မိုလို့ ဖြစ်တာလား

    Reply

  • bigcat

    January 8, 2011 at 6:41 am

    အလိုလေး တရဲတရဲ…. အန်တီဆူးအစစ်မှ ဟုတ်ပါလေစ။ ဟုတ်ရင် ကိုကြောင်ကြီး နယူးရီးယားတုန်းက ပို့လိုက်တဲ့ စိန်တုံးကြီး ဘယ်နှစ်ရတီရှိလည်းပြောစမ်း။
    မြန်မာပြည်မှာ ထီရောင်းရငွေရဲ့၄၀%ကို အစိုးရကအခွန်အဖြစ်ယူတယ်၊ ကျန်၆၀%ကို ဆုကြေးအဖြစ်ခွဲပေးတယ်လေ။ ထီရဲ့နောက်ဖက်မှာ ရေးထားတယ်ထင်တယ်။ အဲဒီအခွန်ငွေတွေနဲ့ လမ်းတံတားဆောက်တယ် ဆိုပဲစိုဘဲ………… ဒါကြောင့်ပေါက်ရင်ယူမယ် မပေါက်ရင်လှူတယ်လို့ ကြော်ငြာတာပေါ့။ စစ်အစိုးရ မြိုးမြိုးမျက်မျက် အသားတင်ရနေတဲ့ ပြည်တွင်းက ရှားရှားပါးပါး ငွေဝင်ပေါက်တခုပေါ့။

    Reply

  • ဆူး

    January 8, 2011 at 2:23 pm

    တရဲ ဆိုတော့.. ဆူး သေသွားလို့နဲ့ တူတယ်။ နယူရီးယားတုန်းက ပို့လိုက်တဲ့ စိန်ကြီးက ဘယ်နှစ်ရတီ ရှိလဲ ဆိုတော့ အမှတ်တမဲ့ဘဲ..

    Reply

Leave a Reply to eros Cancel Reply

Your email address will not be published.