ဆုမွန်ကောင်း Wishes

smiling kitten

ကြောင်ပြုံးသခင်

မန်းလေးဂေဇက်
ညဉ့်နက်နက်မှာ
လထွက်လာသလို
စာအိုးများအတွက်
အားဆေးတခွက်။
ရပ်နီးရပ်ဝေး
ကြီးကြီးငယ်ငယ်
အရွယ်စုံဆိုက်စုံ
မြန်မာသစ်တို့ရဲ့
ဆုံရပ်မြေ။

ဖတ်ချင်စရာ
ကဏ္ဍစုံလင်
ပြည်ပပြည်တွင်း
ကလောင်ရှင်များရဲ့
ကစားကွင်း။

ရင်းနှီးဖော်ရွေ
တောင်းဆိုသမျှ
ဖြည့်ဆည်းပေးတဲ့
စာတည်းချုပ်သဂျီး
ကိုKAIနဲ့အဖွဲ့သားများ။

ခြွေလိုက်ပါရဲ့
ရင်ထဲကဆုတောင်း
နောင်နှစ်တွေလည်း
သရဖူဆောင်းလို့
ပြိုင်ဘက်ကင်းစေကြောင်း။

6 comments

  • kai

    January 2, 2011 at 10:21 am

    ပေးတဲ့ဆုနဲ့ပြည့်ပါစေ..။

    တလက်စထဲ.. ကွန်ပျူတာလက်ပ်တော့ ပေါချောင်ကောင်းလေးပါလင့်ခ်ပေးလိုက်မယ်..

    Dell Outlet: 15% off laptop and desktops AC
    Use coupon RR3K90$5MCPC2L

    Dell Outlet http://outlet.us.dell.com/ARBOnlineSales/Online/InventorySearch.aspx?brandId=2201&c=us&cs=22&fid=2050&l=en&s=dfh

    ၅၀ဝ အောက်နဲ့ Inspiron 17R, Intel Core i5-450M, 4GB, 500GB, 17.3 inch HD+ WLEDရလိုက်တယ်..။
    ရီဖားဘစ်ရှ် တွေပါ..။
    အေအမ်အိပ်စ်ပါသုံးရင် ၅ဝ ထပ်လျှော့ရလိုက်တာမို ့ပါ.
    အခုတော့ အေအမ်အိပ်စ် … အချိန်စေ့သွားပြီ။
    https://enroll.amexnetwork.com/US/dell50/Sorry.aspx?e=7

    Reply

  • char too lan

    January 2, 2011 at 12:42 pm

    ပေးတဲ့ဆုနဲ့ တလုံးတဝကြီးပြည့်ပါစေ
    ဦးကြောင်ကြီးလဲနှစ်သစ်မှာ ပျော်ရွှင်ပါစေ
    ကြောင်မချောချောလေးတစ်ယောက်နဲ့ အမြန်ဆုံးဆုံဆည်းပါစေ………………………….

    Reply

  • kopauk mandalay

    January 2, 2011 at 4:02 pm

    2010 ကနေ 2011
    နှစ်ဟောင်းကနေနှစ်သစ်
    ဘိုလိုပြောင်းတဲ့ရက်
    မန်းလေးဂေဇက်ရွာက
    မိ်တ်ဆွေများအတွက်
    ဆုတောင်းမေတ္တာတွေ
    ပို့လိုက်မဟဲ့လို့ စိတ်ကူးထားပေမယ့်
    လက်တွေ့ကျတော့
    ကော်နက်ရှင်ကပျက်။

    နေ့စဉ်ရက်ဆက်
    မန်းလေးးဂေဇက်
    ပို့စ်အသစ်တင်တော့ မတက်
    တက်ပြန်တော့ တစ်ဝက်တစ်ပျက်
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။
    မန်းလေးသား ကိုပေါက် စိတ်တွေပျက်။

    Reply

  • weiwei

    January 3, 2011 at 3:00 pm

    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ …

    Reply

  • Gipsy

    January 6, 2011 at 6:25 am

    စာသင်သားလေးလဲ…ပေးတဲ့ဆုနဲ့..ပြည့်ပါရစေ…..

    Reply

  • ဆူး

    January 8, 2011 at 4:28 pm

    နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.