မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခု

ပြောချင်ပါသေးတယ်။ ဒါက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ အရမ်းလည်း စိတ်တိုဖို့ ကောင်းပါတယ်။ အဲဒီရက်တုန်းက ကျွန်တော်တို့ ကျောင်းက ဘွဲ့ယူဖို့ဖောင်တင်ဖို့ ငါးရက်၊ ခြောက်ရက် လိုခါနီးပါ။ ဘွဲ့ယူဖို့ အတွက် ဖောင်နဲ့အတူ နှစ် (၃၀) လဲပြီးသား မှတ်ပုံတင် copy ရယ်၊ လိုင်စင်ပုံ (၅) ပုံရယ်၊ မိဘမှတ်ပုံတင် copy ရယ် လိုပါတယ်။ ပြောချင်တာက နှစ်သုံးဆယ် မှတ်ပုံတင် လဲတဲ့ အခါပါ။ မှတ်ပုံတင်လဲဖို့ဆိုပြီး  မှတ်ပုံတင်ရုံးကို သွားပါတယ်။ ရောက်ရောက်ချင်း အရာရှိကို သွားတွေ့ပါတယ်။ မှတ်မှတ်ရရ ပြောရပါဦးမယ်။ ကျွန်တော်က ကျွန်တော့်မိဘက ပဇင်းခံပေးတဲ့ ဦးဇင်းတစ်ပါး  (မှတ်ချက်။ Ctrl Alt သုံးလို့ မရလို့ ဒီလိုေ ရးလိုက်တာပါ ) ကို ခေါ်သွားပါတယ်။ ဘာပြုလို့လဲဆိုတော့ အဲဒီ ဦးပဇင်းက အဲဒီက အရာရှိနဲ့ နည်းနည်းပါးပါး ခင်လို့ပါ။ ဆက်ပါဦးမယ်။  အဲဒီက အရာရှိနဲ့ စကားပြောတော့ မြန်မြန်လိုချင်တယ် ဆိုရင်တော့ ပိုက်ဆံပေးရမယ်လို့ပြောပါတယ်။ ပေါ်တင်ပြောတာပါ။ အဲဒါနဲ့ ကျွန်တော်လည်း ဘယ်လောက်ပေးရမလဲလို့ မေးမိပါတယ်။ ဒါနဲ့ သူက မင်းက ဒီဦးဇင်းနဲ့ လာတာဆိုတော့ ခင်လို့ တစ်သောင်းခွဲပဲ ပေးပါတဲ့။ ခင်လို့တဲ့ ဗျာ။ မခင်လို့ ကတော့ အင်း..။ အဲဒါနဲ့ ဦးဇင်းက အဲလောက်တော့ မလုပ်ပါနဲ့ ဆိုပြီး တစ်သောင်းပဲ လုပ်ပါလို့ ပြောပါတယ်။ ပြောရရင်တော့ ဈေးဆစ်တာပေါ့။ အဲဒီလိုနဲ့ တစ်သောင်းပဲ ပေးလိုက်ရပါတယ်။ ဒါက မှတ်ပုံတင် လုပ်တာနဲ့ ဘာမှ မဆိုင်ဘူးနော်။ နောက်တော့ စာရေးတစ်ယောက်စီ ဖောင်ဖြည့်ရမယ်ဆိုပြီး ဖောင်သွားတောင်းပါတယ်။ အဲဒီစာရေးက ဖောင်အတွက်ဆိုပြီး ပိုက်ဆံ နှစ်ထောင် တောင်းပါတယ်။ ပေးလိုက်ရပါတယ်။ သူပေးတဲ့ ဖောင်မှာ ဖြည့်ဖို့ဆိုပြီး စာရေးမတစ်ယောက်ဆီ သွားရပြန်ပါတယ်။ အဲဒီ စာရေးမက ဖောင်ဖြည့်ခဆိုပြီး ပိုက်ဆံ တစ်ထောင် ပေးရပြန်ပါတယ်။ ဒီလိုနဲ့ အဲဒီမှာ လေးနာရီ၊ ငါးနာရီလောက်ကြာသွားပါတယ်။ မှတ်ပုံတင်က အဲဒီနေ့မှာမရပါဘူး။ နောက်တစ်နေ့မှ လာယူလို့ ပြောပါတယ်။ အရာရှိက ပြောတာတော့ သူက လက်မှတ်ထိုးလို့ မရဘူး။ ခရိုင်က လက်မှတ် ထိုးရမှာတဲ့။ အဲဒါနဲ့ နောက်တစ်နေ့ကျ မှတ်ပုံတင်ရုံးကို သွားပါတယ်။ သူတို့က ညနေကျမှ လာခဲ့လို့ ပြောပါတယ်။ ညနေကျတော့ ရုံးကို ကို ပြန်သွားပါတယ်။ ရုံးကို မသွားခင်က နိုင်ငံခြားသွားဖို့ လူတစ်ယောက် မှတ်ပုံတင် လုပ်ဖို့ဆိုပြီး လာပါတယ်။ အဲဒါနဲ့ ကျွန်တော်က သူ့ကို မေးကြည့်ပါတယ်။ အရာရှိကို ဘယ်လောက်ပေးရလဲလို့ မေးတော့ သူက လေးသောင်းခွဲ ပေးရတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့က တစ်သောင်းပဲ ပေးရတာလို့ သူ့ကို ပြောတော့ သူက မင်းတို့က ကျောင်းသားမို့လို့ အဲလောက်ပဲပေးရတာတဲ့။ အင်း.. ကျောင်းသားဖြစ်တာက ကံကောင်းတယ်လို့ ပြောရမလာပဲ။ ရုံးကို ရောက်တော့ ကျွန်တော်တို့ကျောင်းက သူငယ်ချင်းနှစ်ယောက်နဲ့ တွေ့ပါတယ်။ သူတို့ကလည်း မှတ်ပုံတင် လာလဲတာပါ။ ဒါနဲ့ သူတို့ကို ဘယ်လောက်ပေးရသလဲလို့ မေးကြည့်တော့  သူတို့က ပထမဆုံး တစ်သောင်းခွဲ ပေးရတယ်။ မှတ်ပုံတင် ရမှ ထပ်ပြီး တစ်သောင်းခွဲ ပေးရမယ်လို့ ပြောပါတယ်။ အားလုံးပေါင်း သုံးသောင်းပေါ့။ ကျွန်တော်က များလို့ သူတို့ကို ပြောတော့ သူတို့က မင်းခေါ်လာတဲ ဦးဇင်းက အရာရှိနဲ့ ခင်လို့ လျော့ပေးတာ နေမှာပေါ့လို့ ပြောပါတယ်။ အဲဒီလို နဲ့ မှတ်ပုံတင်ထုတ်ဖို့ အရာရှိဆီကို သွားပါတယ်။ အရာရှိက မှတ်ပုံတင်ပေးလိုက်တဲ့ အခါ လက်ဗွေနှိပ်ဖို့ စာရေးမတစ်ယောက်ဆီ ပြန်သွားရပါတယ်။ သူက နာမည်တွေ ဘာတွေ စာရင်းထဲမှတ်ပေးပြီး လက်ဗွေနှိပ်ဖို့ ပြောပါတယ်။ ကျွန်တော်က ရပါတယ်၊ ကျွန်တော်က ကိုယ်တိုင်ပဲ လုပ်လိုက်ပါမယ် လို့ ပြောပါတယ်။ ကျွန်တော် စိတ်ထဲတော့ တော်တော် သဘောကောင်းတဲ့ စာရေးမပဲပေါ့လို့ ထင်မိပါတယ်။ အမလေးဗျာ..။ လက်ဗွေလဲ နှိပ်ပြီးတော့ အမတို့ တိုက်နယ်ကြေးအတွက် ဆိုပြီး သုံးထောင် တောင်းပါတယ်။ အမရယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး တစ်ထောင်ပဲ ပေးပါတယ်။ မနည်းပြောရပါတယ်။ ကျောင်းကို ရောက်တော့ သူငယ်ချင်းတစ်ချိုု့ကို ဘယ်လောက်ပေးရသလဲလို့ မေးပါတယ်။ သူတို့ က သူတို့ မြို့နယ်မှာတော့ ခြောက်ထောက်လောက်ပဲ ကျတယ်လို့ ပြောပါတယ်။ အင်း…သိပ်တော့ မကွာသလိုပါပဲဗျာ။ ဒါကလည်း သူတို့က အရာရှိကို ငါးထောင်ပဲ ပေးရပါတယ်တဲ့….။

8 comments

  • bigcat

    December 31, 2010 at 6:57 am

    ဟားဟား ငါ့ဘော်ဘော်ကြီး အလှူဒါနတွေ အများကြီး ပြုခဲဲ့ပြီးပါရောလား။ ဒီလောက်ဆို နှစ်သစ်ကို ရင်ကော့ပြီး ဒါနပါရမီရှင်အဖြစ်နဲ့ ဝင်သွားလို့ရပြီ။ 😀

    Reply

  • yuyu

    December 31, 2010 at 8:08 am

    ဟုတ်တယ်မှတ်ပုံတင်တစ်ခါလဲဖို့ သုံးသောင်းလေးသောင်းမှ မကုန်ရင် မပြီးဘူး ဒါတောင်အခုလဲရတာတော်တော်လွယ်ကူတာလို့ပြောတယ် ရပ်ကွက်ဥက္ကဠဆီမှာ မှတ်ပုံတင်လဲချင်လို့ထောက်ခံစာယူတာတောင် ဘာမှမဟုတ်ပဲ 500ကျပ် အရင်စထွက်တာ ဘယ်နေရာရောက်ရောက်ပိုက်ဆံလမ်းပဲခင်းနေရတာ စိတ်ကုန်စရာနော်

    Reply

  • mindfulness

    December 31, 2010 at 9:13 am

    ha ha ha ! don’t say too much

    Government’s rule is good , we will go through the procedure with money step by step.

    Never pay Never get !

    Reply

  • naywoonni

    December 31, 2010 at 9:14 am

    ပေးကမ်းခြင်းသည် အောင်မြင်ရာ၏ တဲ့ မြန်မြန်အောင်မြင်ချင်ရင် များများသာပေးကမ်းလိုက်
    အဲဒိဟာက…………ဒါတိုတိုင်းတို့ပြည် ……. သီချင်းပဲ

    Reply

  • intro

    January 1, 2011 at 10:04 am

    အစ်ကိုတို့ရ ကျွန်တော်တို့ မြို့နယ်ကျတော့ သိတ်အဆင်ပြေနေပါလား…. အားလုံးပေါင်း ၁၀၀၀ဝ တောင် မကုန်ဘူး၊ ၃ ပါတ်လောက်တော့ ကြာတယ်…

    Reply

  • etone

    January 3, 2011 at 5:22 am

    etone လည်းဘာထူးလို့လဲ passport သွားလုပ်တုန်းက မှတ်ပုံတင်မှာ ဖျက်ရာပါလို့ ဆိုပြီး ရစ်တာနဲ့ လဝက ကိုတစ်ခေါက်သွားတော့ မှတ်ပုံတင်အသစ်လုပ်ရမယ်ပြောတာ လုပ်မယ်ဆိုတော့ အဲ့လိုပဲ ဖောင်ရှာခ ဆိုပြီး တစ်ထောင်အရင်စပေးရတာပဲ စားပွဲတစ်ခုစီကို ရွှေ့မယ်ဆိုလျှင် ခြင်္သေ့လေးတွေ ကြဲကြဲပေးရတယ် ။ စိတ်က အချင်ပေါက်လာတာနဲ့ အလှူငွေတောင်းတာ နှစ်ထောင်ပဲထည့်လို့ ဟိုနေ့ချိန်းဒီနေ့ချိန်းတွေလုပ်ပါရော .. ။ ဒါနဲ့ပဲ စိတ်ပေါက်ပေါက်နဲ့ အခုထိ အသစ်မလဲဘူး အဲ့ဒီလုပ်ထားတဲ့ မှတ်ပုံတင်လည်းသွားကို မယူတော့ဘူး ။ အဟောင်းနဲ့ပဲ သုံးနေတော့တယ် ။ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ အလုပ်လုပ်ရတာ လုံးဝမကောင်းဘူး ။ သူတို့က အေးဆေးပဲ ဘောပင်ကိုင်လိုက် ၊ ဟိုလှန်ဒီလောလုပ်လိုက် ဖင်ကုတ်လိုက် ၊ ခေါင်းကုတ်လိုက်နဲ့ ပြီးတော့ရေးတော့ စာလေး လေးငါးလုံး ဒီကြားထဲ တီးတိုင်းမ်ဆိုပြီး တစ်နာရီလောက်အပြင်ထွက်နေတာက ရှိသေးတယ် ။ etone တို့လုပ်နေရတဲ့ အလုပ်နဲ့တောင်ကွာပါ့ ။ တစ်ခါတစ်ခါ အစိုးရဝန်ထမ်းမလုပ်မိတာတောင် နောင်တရသလိုလိုဖြစ်လာတယ် ။ 😛 အဲ့ဒီမှာက အောက်ဆိုက်လေး၊ မသဒ္ဓါရေစာလေးနဲ့ ငြိမ့်နေတာလေ ။ ကိုယ်တွေလို နွားဖြစ်လုနီးပါး အချိန်ပြည့်အလုပ်လုပ်စရာမလိုဘူး ။

    Reply

  • Maung Dae`

    January 3, 2011 at 5:43 am

    ဟုတ်တယ်… အီးတုံးပြောသလိုပဲ တစ်ခါတစ်လေ အစိုးရဝန်ထမ်းသိပ်လုပ်ချင်တာ… ဒါပေမယ့် ပြန်တွေးကြည့်ရင်လည်း သူများ မသထာတဲ့ အစာစားနေရရတာဆိုတော့ စိတ်မသန့်ဘူး.. သူတို့ကတော့ မမှုပါဘူးလေ.. လုပ်နေကြကိုး.. ခံရတဲ့သူတွေကတော့ သူတို့ကိုကြည့်ပြီး စားရဲကြတယ်နော်.. ဆိုပြီး အံဩနေရတာ…

    အစိုးရဝန်ထမ်းတွေ သေရင် ပြိတ္တာဖြစ်မယ့်ဟာတွေ..

    Reply

  • zaw min

    January 3, 2011 at 9:35 am

    maung dae နဲ့ eton တို့ပြောတာမှန်ပါတယ်…အဲဒီကိစ္စတွေက ကျွန်တော်တိုရဲ့တိုင်းပြည်ကြီးမှာ အရိုးစွဲနေတဲ့ လုပ်ရပ်တွေပါ…နိုင်ငံခြားမှာရှိနေတဲ့ သံရု့းတွေမှာ အခွန်သွားဆောင်ရင် အဲဒီထက်တောင်ဆိုးနေပါသေးတယ်…ကိုယ်တွေကဒုက္ခမျိုးစုံခံပြီး ရှာထားတဲ့ချွေးနဲစာလေးကို ခခရယနဲ့မျက်နှာချိုသွေးပြီးသွားပေးရပါတယ်….စင်္ကာပူ နဲ့ မလေးရှားတို့တွင်အခွန်ဆောင်ဘူးသူများသိပါလိမ့်မည်။ဘာသာရေးရှုဒေါင့်မှ ပြောရရင်တော့ ပြုသူအဟောင်းလုပ်သူအသစ် ဖြစ်မှာပါပဲ…..သူတို့အကုသိုလ်နဲ့ သူတို့ရှိပါစေ….ေဩာ်….ဒုက္ခ…ဒုက္ခ….မြန်မာပြည်တွင် လူဖြစ်ရတဲ့ ဒုက္ခ….

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.