ပြင်းထန်သည့် အအေးလှိုင်း မြန်မာနိုင်ငံကို ဖြတ်သန်းဖွယ်ရှိ

နွယ်ပင်December 29, 20101min04

မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။

“တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ္ဘာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျ။”

အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ မသဲကွဲမှုကြောင့် ဖြစ်ပွားနိုင်တဲ့ မတော်တဆမှုနဲ့ အန္တရာယ်တွေကို သတိပြုဖို့ လိုအပ်ကြောင်း ဦးထွန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြား ကမ္ဘာ့ နိုင်ငံတွေမှာလို ရာသီဥတု ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရပြီး အအေးဓာတ် ပြင်းထန်တဲ့ ဆောင်းရာသီကို မနှစ်က စတင်ကြုံလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အခါလွန်မိုး ရွာသွန်းခဲ့တာကြောင့် မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ ရင့်မှည့်စပါးတွေ အတော်များများ ပျက်စီးမှု ရှိခဲ့ပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ အခုနှစ်အတွင်း နောက်ထပ် မိုးရွာသွန်းမှု မရှိနိုင်တော့ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းကာလ အအေးလှိုင်း ဖြတ်သန်းမှုနဲ့ မိုးလေဝသ ရှေ့အလားအလာ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် က ဆက်သွယ်မေးမြန်း တင်ပြထားခြင်းဖြစ်ပါတယ်။

http://www.ngunngemoe.net/feeds/posts/default

4 comments

  • cobra

    December 29, 2010 at 10:29 am

    ဟာ…အေးတာကိုကြောက်ပါတယ်ဆိုမှ…..
    ရာသီဥတုကလဲဖောက်..လူတွေကလည်းဂေါက်….ဘာတွေဖြစ်နေကြတာလဲ…။

    Reply

  • kai

    December 29, 2010 at 11:00 am

    သူတို့ပြောတာတော့ ..ဂလိုဘယ်ဝမ်းမင်း..ကမ္ဘာကြီးပူနွေးလာတယ်တဲ့..။
    ယူအက်စ်ရော။ ဥရောပရော..ဒီနှစ်ဆောင်း… ကျလိုက်တဲ့နှင်းတွေ..။
    နယူးယောက်ဆို .. ကားတွေတောင်နှင်းပုံထဲ ပိတ်မိနေပြီ..။

    ကြည့်ရတာ … ဂလိုဘယ်ကူးလင်းနဲ့ မှားပြောမိတယ်ထင်တယ်..။ 🙂

    Reply

  • yuyu

    December 30, 2010 at 5:32 am

    မြန်မာနိုင်ငံလည်းအပူလှိုင်းဖြတ်လိုက်၊ အအေးလှိုင်းဖြတ်လိုက်နဲ့ လူတွေကို ဒလပိုင်လိုက်နေတာပဲ စိတ်ရှုပ်တယ်

    Reply

  • နီလေး

    December 30, 2010 at 7:46 am

    ဖြတ်ချင်တာအကုန်ဖြတ်တော့ဘာတတ်နိုင်တော့မှာလဲ

    Reply

Leave a Reply

Your email address will not be published.