အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က ပြောကြား

manawphyulayDecember 25, 20101min02

မြန်မာနိုင်ငံအတွင်း လာမဲ့သီတင်းပတ် ဇန်နဝါရီလဆန်းပိုင်းမှာ အင်အားအတန်အသင့် ပြင်းထန်တဲ့ အအေးလှိုင်းတခု ဖြတ်သန်း ဝင်ရောက်ဖို့ ရှိတယ်လို့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က RFA ကို ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။
“တွက်ကြည့်တော့ ခရစ်စမတ်အပြီး ဆိုတော့ ဒီဇင်ဘာအကုန် ဇန်နဝါရီ လဆန်းလောက်မှာတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ သိသိသာသာတော့ အေးလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဆောင်းတွေက လွန်ကဲနေတယ်ဗျ။ ကမ႓ာ့ မြောက်ဖက်ခြမ်းမှာလေ ဥရောပမှာလည်း တော်တော်ကြီးကို အခြေအနေ ဆိုးနေတယ်။ ဆိုတော့ ကျွန်တော်တို့ဖက်လည်း အထိုက်အလျောက်တော့ အေးလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

အခုလို အအေးလှိုင်းဝင်ရောက်မှုကြောင့် ဆောင်းသီးနှံအထွက်နှုန်း ထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတဝန်း မနက်ခင်းတွေမှာ မြူနှင်းတွေ အထူအထပ် ဖုံးအုပ်ကျဆင်းနိုင်တဲ့အတွက် အမြင်အာရုံ မသဲကွဲမှုကြောင့် ဖြစ်ပွားနိုင်တဲ့ မတော်တဆမှုနဲ့ အန္တရာယ်တွေကို သတိပြုဖို့ လိုအပ်ကြောင်း ဦးထွန်းလွင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြား ကမ႓ာ့နိုင်ငံတွေမှာလို ရာသီဥတု ပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရပြီး အအေးဓာတ် ပြင်းထန်တဲ့ ဆောင်းရာသီကို မနှစ်က စတင်ကြုံလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အခါလွန်မိုး ရွာသွန်းခဲ့တာကြောင့် မြန်မာပြည် အောက်ပိုင်းဒေသတွေမှာ ရင့်မှည့်စပါးတွေ အတော်များများ ပျက်စီးမှု ရှိခဲ့ပါတယ်။ မိုးလေဝသပညာရှင် ဦးထွန်းလွင်ကတော့ အခုနှစ်အတွင်း နောက်ထပ် မိုးရွာသွန်းမှု မရှိနိုင်တော့ဘူးလို့ ခန့်မှန်းပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းကာလ အအေးလှိုင်း ဖြတ်သန်းမှုနဲ့ မိုးလေဝသ ရှေ့အလားအလာ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဦးထွန်းလွင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

2 comments

  • nyimalay

    December 25, 2010 at 1:55 pm

    ဒါဆို ဒီဆောင်းက ဒီ့ထက်အေးအုံးမှာပေါ့နော်။စိတ်ညစ်ပါတယ် ချစ်သူကလည်းအဝေးမှာ မြန်မြန်ပြန်ခေါ်အုံးမှ။ 😛
    ပြောမယ့်သာပြောရတာပါ သူလည်းခုချိန်ဆိုတော်တော်အေးနေလောက်ပြီ။
    အားလုံးလည်းသိကြတဲ့အတိုင်း ကိုရီးယားကလည်းတော်တော်လေးတယ်လေ။
    ဂူဂျွန်ဖြိုးတစ်ယောက် တည်းရယ်။ သူ့မခေါ်တော့ပဲပိစိကွေးပဲလိုက်သွားလိုက်ပါတော့မယ်။ 😉

    Reply

  • Thaw Zin Loikaw

    December 26, 2010 at 11:27 am

    ကျေးဇူးတင်လိုက်တယ မနောဖြူလေးရေ ဖားကန့်မှာတော့ တော်တော်လေးကိုအေးနေပြီ ကြိုတင်သတိထားလို့တော့ရတာပေါ့ မြန်မာတစ်နိုင်ငံလုံး နောက်ဆို ရာသီဥတုဖောက်ပြန်မှုတွေကို ခံရတော့မယ်ထင်ပါရဲ့။ ငယ်ငယ်တုန်းက မိုးခေါင်ရေရှား၊ မုန်တိုင်းတိုက်တယ်ဆိုတာကို သတင်းတွေမှာ နိုင်ငံခြားတွေကသာများတာပါ။ ခုတော့ မြန်မာနိုင်ငံလည်းပါဝင်လာပြီဆိုတော့ အင်း ….ရင်လေးစရာ..။

    Reply

Leave a Reply

Your email address will not be published.