ူဖိုးလပြည့်ကတော့ လုပ်ချလိုက်ပြန်ပြီ

အာဂDecember 24, 20101min06

နအဖစစ်ခေါင်းဆောင်၏ မြေးဖြစ်သူက ကျောင်းနေဖက်သူငယ်ချင်းနှင့် အချင်းများရာ
မကျေနပ်သဖြင့် နေအိမ်ကို ခဲများဖြင့် ပစ်ပေါက်ခဲ့ပြီး ၎င်း၏မိဘများကို
ကျေနပ်သည်အထိ ကန်တော့တောင်းပန်ခိုင်းမှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်သည်
စင်္ကာပူတွင် ကျောင်းနေဖက်သူငယ်ချင်း ဖြစ်သူနှင့် အင်တာနက်ကိစ္စ စကားများခဲ့သည်ကို
မကျေနပ်သဖြင့် ယခုလ (၁၉) ရက်နေ့ညတွင် ကမာရွတ်မြို့နယ် (၂) ရပ်ကွက်တွင်
နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ မိဘများကို ခေါ်ဆောင်သွားကာ ယခုကဲ့သို့
တောင်းပန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

“ဖြစ်တာက စင်္ကာပူမှာ ကျောင်းတက်နေရင်း ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဖိုးလပြည့်တို့
သတင်းကို အင်တာနက်ပေါ်ကို တင်တယ်ဆိုပြီး စွပ်စွဲတာက စဖြစ်တာ၊ အဲဒါကို
ဖိုးလပြည့်နဲ့ သူငယ်ချင်းတွေက (၁၉) ရက်နေ့ညမှာ အဲဒီကောင်လေး အိမ်ကို သွားပြီး
ခဲနဲ့ပေါက်တာ၊ အဲဒါကို ကောင်လေးရဲ့မိဘတွေက ည (၁) နာရီလောက်မှာ ကမာရွတ်စခန်းကို
သွားအမှုဖွင့်တယ်”ဟု အမည်မဖော်လိုသူတဦးက ပြောသည်။ထိုည (၁) နာရီ မိနစ် (၂၀)
ခန့်တွင် ဗိုလ်ချုပ်မှူးကြီး၏ မြေးဖြစ်သူက ကမာရွတ်ရဲစခန်းသို့ ရောက်ရှိလာပြီး
တံခါးဖွင့်ရန် ပြောဆိုသည့်အတွက် တာဝန်ကျ စခန်းစောင့် အရန်ရဲမေများက
တံခါးဖွင့်ပေးလိုက်ရသည်။

“ဖိုးလပြည့် စခန်းကိုရောက်တော့ တံခါးမဖွင့်ရင် ကားနဲ့ဝင်တိုက်မယ်လို့ပြောတော့
ဖွင့်ပေးလိုက်ရတာ၊ အခြေအနေမကောင်းတော့ တိုင်ချက်ဖွင့်တဲ့သူတွေကို
အမျိုးသမီးအချုပ်ခန်းထဲမှာ ခဏဝှက်ထားသေးတယ်၊ ဒါပေမယ့် အဲဒီလူတွေကို မထုတ်ပေးရင်
ပြဿနာအရှည် ရှည်ဖြစ်သွားမယ်ဆိုပြီး စခန်းက အရာရှိတွေကို ခြိမ်းခြောက်တော့
ဖိုးလပြည့်လက်ထဲကို လွှဲအပ်လိုက်ရတယ်”ဟု ဆက်ပြောသည်။ဖိုးလပြည့်နှင့်အတူ
လုံခြုံရေးအတွက် အနောက်ပိုင်းခရိုင်မှူး၊ ကမာရွက်မြို့နယ်မှူးနှင့်
အခြားလုံခြုံရေးကား (၇) စီး လိုက်ပါခဲ့ပြီး ဗဟန်းမြို့နယ်ရှိ အိမ်တအိမ်သို့
တိုင်ချက်ဖွင့်သူများကို ခေါ်ဆောင်သွားကာ တာဝန်ရှိသူများကို အိမ်အပြင်တွင်
စောင့်ခိုင်းထားခဲ့ကြောင်း အဆိုပါ အိမ်နီးချင်းက ဆက်ပြောသည်။

“သူတို့ ပြန်ထွက်လာလို့ မေးလိုက်တော့ သန်းရွှေရဲ့မြေး ဖိုးလပြည့်က
သူတို့လုပ်ရပ်တွေ မှားပါတယ်လို့ ဝန်ခံပြီး ထိုင်ကန်တော့ပြီး
တောင်းပန်ခိုင်းတယ်၊ (၂၁) ရက်နေ့ ညမှာလည်း လူငါးယောက်လောက်က အဲဒီအိမ်ကို ခဲနဲ့
ထပ်ပေါက်သေးတယ်၊ အဲဒါ ကမာရွတ်စခန်းကို သက်သေခံပစ္စည်းနဲ့တကွ တိုင်တာ၊ နယ်မြေခံ
ကမာရွတ်စခန်းက အခုချိန်ထိ အမှုမဖွင့်ပေးဘူး”ဟု
ဆက်လက်ပြောဆိုသည်။ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မကြာသေးမီကလည်း စစ်တက္ကသိုလ်
ဗိုလ်လောင်းကျောင်းဆင်းပွဲတခုသို့ ဇနီးသားသမီးများအား ခေါ်ဆောင်သွားခဲ့ပြီး
စစ်ဗိုလ်ချုပ်များနေရာနှင့် ထူးခြားစွာ နေရာချထားရာ မြေးဖြစ်သူ ဖိုးလပြည့်ပါ
ပါဝင်ခဲ့ခြင်းကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့သည်။

သတင်း ရာစုသစ်

6 comments

  • hsu hsu

    December 27, 2010 at 7:02 am

    ပြည်သူ့ ချဉ်ဖတ်ကလေးပါ…….

    Reply

  • Angelic Pricess

    December 28, 2010 at 6:18 am

    ပြည်သူ့ချဉ်ဖတ်က အရေးမကြီးဘူး။ လုပ်ချင်ရာ လုပ်နေကြတာကို ဘယ်လိုမှ တားဆီးနိုင်တဲ့ ဥပဒေ မရှိတာ အရေးကြီးတာ

    Reply

  • etone

    December 28, 2010 at 6:51 am

    RGa ရေ အဲ့ဒီသတင်းကြီးက ကြာပြီနော် ။
    ကားပြိုင်ပွဲတွေဘာတွေတောင် ဖြစ်သေးတယ်ဆို … ….။

    Reply

  • R Ga

    December 28, 2010 at 8:16 am

    ကြာပြီ ဟုတ်လား…ကျွန်တော် Google မှာရှာသေးတယ် မတွေ့လို့..။ နောက် ကျွန်တော် သိသလောက် ဗိုလ်လောင်း သင်တန်းဆင်းပွဲလုပ်တာ မကြာသေးဘူးပဲ။ ကြာပြီဆိုရင်တော့တောင်းပန်ပါတယ်။ အဲဒီဗိုလ်သင်တုုံး ဆင်းပွဲမှာ သူဝတ်ထားတဲ့ အဝတ်အစားကိုလည်း ဝေဖန်တာတွေတောင်ကြားရသေးတယ်။

    Reply

    • etone

      December 28, 2010 at 9:18 am

      ဟုတ်တယ် သတင်းကတော့ ကြာပါပြီ ။ ပုံတွေဘာတွေကတော့ အခုမှ ရှာထည့်ကြတာဖြစ်ပါလိမ့်မယ် ။ သင်တန်းဆင်းပွဲက သူ့အဝတ်စားက ဘာဖြစ်လို့လဲ သိရင်ပြောပါဦး ။

      Reply

Leave a Reply to R Ga Cancel Reply

Your email address will not be published.