မြန်အောင်မြို့က ရဲဆိုးတယောက်အကြောင်း

နွယ်ပင်December 24, 20101min05

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတ ဦးက စားသောက်ဆိုင်တခုမှာ အလုပ်လုပ်တဲ့ မိန်းမပျိုတဦးကို အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်တခုပါ။

၁၂.၈.၂ဝ၁ဝ နေ့ ညပိုင်း ရ နာရီလောက်မှာ မြန်အောင်မြို့နယ် ရဲစခန်းမှ နယ်ထိန်းအင် ချပ် ဒုရဲအုပ် မင်းမင်းစိုး ဟာ အမှတ် (၁) အတွင်းမှာ ဖွင့်ထားတဲ့ ဘမ်းဘူးဟောက် စား သောက်ဆိုင်သီးသန့်ခန်းထဲတွင် အရက်သေစာ သောက်စားခဲ့ပါတယ်။

အဲဒီအခန်းထဲမှာ မသီတာဆိုသူ မိန်းခလေးတဦးနှင့် စက်ဖွင့်သူ လူငယ်တဦးဟာ သူနဲ့ အတူရှိနေပါတယ်။ သူတို့နှစ်ဦးဟာ ဒုရဲအုပ် မင်းမင်းစိုးကို ဧည့်ခံနေတာပါ။ ဒုရဲအုပ် မင်းမင်းစိုး မူးလာချိန်မှာ စက်ကိုင်တဲ့လူငယ်ကို အခန်းပြင်ထွက်ခိုင်းလိုက်ပြီး သီးသန့်ခန်း ထဲမှာ မသီတာ တယောက်ပဲ နေခိုင်းပါတယ်။

ထို့နောက် ဒုရဲအုပ်မင်းမင်းစိုး ဟာ အခန်းတံခါးကို သေချာပိတ်ပြီး ကောင်မလေးကို အ တင်းတွန်းလှဲ သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ပါတော့တယ်။ မသီတာ က အတင်း ရုန်းကန်ပေမယ့် နောက်ဆုံးတွင် သားမယား ပြုကျင့်တာကို ခံလိုက်ရပါသည်။ မသီတာ က သက်သေအဖြစ် အောက်ခံဘောင်းဘီကို သိမ်းဆည်းထားပြီး မန်နေဂျာ ဦးခင်မောင် ဦး ကို တိုင်ခံပါတယ်။

မန်နေဂျာက ငါရှင်းပေးမယ် စိတ်အေးအေးထားပါလို့ ပြောပြီး ဆိုင်ရှင် ဦးမြကြီး၊ ဦးသိန်း ဌေး၊ ဦးဌေးလွင် တို့ကို ပြောပြရာ ဆိုင်ရှင်မှ စခန်းမှူး ဦးမောင်မောင်တာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ စခန်းမှူး ဦးမောင်မောင်တာ က ဒုရဲအုပ်မင်းမင်းစိုး ကို ဥပဒေအညီ အရေးယူဆောင်ရွက်ပေးပါမယ်လို့ ပြောခဲ့ပေမယ့် ယခုအချိန်အထိ အရေးယူခြင်း မရှိ သေးပါ။

ပေးပို့ … လွင်မြင့်

naytthit.net မှဖော်ပြပါသည် ။

5 comments

  • cobra

    December 24, 2010 at 6:47 am

    ဆိုင်ကမန်နေချာကလဲဘာမှမလုပ်ပေးတော့ဘူးလား..မတရားတာပါ…ကူညီနိုင်မယ့်သူများကူညီပေးဖို့
    တောင်းပန်လိုက်ပါတယ်..ခင်ဗျာ့..။

    Reply

  • intro

    December 24, 2010 at 6:56 am

    ကိုယ်က ကောင်းရောင်းကောင်းဝယ် လုပ်စားတာ မှန်ရင်တော့ ရဲဆိုတာကို ကြောက်စရာ မလိုပါဘူးဗျာ… အခုဟာက KTV ဖြစ်မယ်နဲ့ တူပါတယ်… မန်နေဂျာကလဲ တစ်ခြား ပြသနာ အရှုပ်အရှင်းတွေ မဖြစ် ချင်လို့ ကြိတ်ပြီး ဖာထေးနေတယ်နဲ့ တူပါတယ်… နစ်နာရတဲ့ မိန်းကလေးကလဲ တကယ် သေချာရင် အမျိုးသမီးရေးရာ ကော်မတီဆိုတာ ရှိပါတယ်… အဲ့သည့်မှာ တိုင်လို့ရပါတယ်… ရဲ ဖြစ်နေလို့ ဥပဒေက သက်ညှာတာ၊ လျစ်လျူရှုတာ မရှိပါဘူး။

    Reply

  • bigcat

    December 24, 2010 at 7:04 am

    အဲလိုတော့ မပြောပါနဲ့ ကိုအင်ထရိုရယ်။ မကောင်းတဲ့မိန်းခလေး ဖြစ်နေရင်တောင်မှ သူ့မှာငြင်းဆန်ပိုင်ခွင့် ရှိပါတယ်။ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက် ရမဲ့လူကိုယ်တိုင်က မင်းမဲ့ဆန်ဆန်ပြုမူတာဖြစ်နေတော့ ပိုဆိုးတာပေါ့။ တကယ်ဖြစ်ခဲ့ရင်ပေါ့လေ။

    Reply

  • u u

    December 24, 2010 at 8:05 am

    ဥပဒေကိုစောင့်ရှောက်ရမယ့်သူက တဏှာရူးနေတယ် အလိုမတူရင် ၃၇၆ ပဲ ထောင် ရ နှစ်

    Reply

  • R Ga

    December 24, 2010 at 8:44 am

    ရဲ တွေ ktv မှာ ဒါမျိုးသောင်းကျန်းတာက ဘာမှမဟုတ်ပါဘူး ဒီထက်ဆိုးတဲ့ အဖြစ်တွေ ကို(မိကောင်းဖခင်သားသမီး) အကျူးလွန်တဲ့ အမှုတွေ ဒုနဲ့ ဒေးပဲ..။

    Reply

Leave a Reply to bigcat Cancel Reply

Your email address will not be published.