ခရစ်စမတ် ပျော်ပွဲရွှင်ပွဲ @ သုခကာမီ သီလရှင်သင် ပညာရေးကျောင်း

manawphyulayDecember 24, 20101min00

Myanmar Orphans Support Network မှ လာမည့် ခရစ်စမတ်နေ့တွင်
သုခကာမီ သီလရှင်သင် ပညာရေးကျောင်းရှိ ကလေးများအား ပျော်ပွဲရွှင်ပွဲတစ်ခု
ပြုလုပ်ပေးရန် ရည်ရွယ်ထားပါသည်။
ထိုနေ့တွင် ကလေးများနှင့်အတူ ခရစ်စမတ် သီချင်းများ သီဆိုခြင်း၊
ကစားပွဲများ ပြုလုပ်ခြင်း၊ မျက်နှာတွင် အရုပ်ရေးခြယ်ခြင်း အစရှိသည့်
Activity များ ပြုလုပ်မည့်အပြင် ကလေးများအား မုန့်ကျွေးခြင်း၊
အအေးတိုက်ခြင်း အလှူတို့ကိုပါ ပူးတွဲ ပြုလုပ်မည် ဖြစ်ပါသဖြင့်
စိတ်ဝင်စားသော Member များနှင့် Member မဟုတ်သော သူငယ်ချင်းများ အားလုံး
ပါဝင်နိုင်ကြောင်း အကြောင်းကြားလိုပါသည်။

လိုက်ပါလိုသူများအနေဖြင့် အောက်ပါစုရပ်သို့ လာရောက် ပေးပါရန်
အကြောင်းကြားအပ်ပါသည်။

နေ့ရက် – ၂၅.၁၂.၂၀၁၀
အချိန် – မနက် (၈) နာရီခွဲ အရောက်
နေရာ – လပြည့်ဝန်းပလာဇာ (၁၀) လွှာ
ဆက်သွယ်ရန် – မခင်မြတ်မြတ်နိုင်၊ ဖုန်း -၃၉၃၄၅၈၊ ၂၄၃၅၄၂

မှတ်ချက် ။ ။ Member အဟောင်းများကိုလဲ ပြန်လည်တွေ့ဆုံနိုင်မည်ဟု
မျှော်လင့်ပါသည်ရှင်။ ထိုပျော်ပွဲ ရွှင်ပွဲအတွက် ပါဝင်လှူဒါန်းချင်သော
အလှူရှင်များကိုလဲ ဖိတ်ခေါ်အပ်ပါသည်။ သူငယ်ချင်းတို့ဆီမှ
အရုပ်အဟောင်းလေးများ ကိုလည်း ကုသိုလ်အဖြစ် ယူဆောင်လာနို်င်ပါသည်။

Leave a Reply

Your email address will not be published.