ဂျပန်ပြည်သို့ အလည် တခေါက် အပိုင်း ၃

ဆူးDecember 22, 20101min06


ညနေ ၅နာရီခွဲ စုရပ်မှာ လူဆုံကြပြီး ညနေစာ စားဖို့ ထမင်းဆိုင်ကို သွားပါတယ်။ စားတဲ့ ဆိုင်ကတော့ ယူနီဗာဆယ် စတူဒီယို ထဲမှာ ဖွင့်ထားတဲ့ ဆိုင်တဆိုင်ပါဘဲ။ အမှုမဲ့ အမှတ်မဲ့ ဆိုတော့ ဆိုင်နာမည်လည်း မမှတ်မိတော့ပါဘူး။ ဆိုင်မှာ စားသောက်ပြီး ခရီးသွား ဧည့်လမ်းညွန်က လူတွေကို လိုက်ပြောတယ် အိမ်သာဝင်ကြအုန်းနော်တဲ့ မျက်နှာ အတည်ပေါက်နဲ့.. ဘာမှတော့ မထင်မိပါဘူး သာမန်ပြောတယ်ဘဲ ထင်မိပါတယ်။ စိတ်ထဲမှာတော့ တော်တော် ဂရုစိုက်တာဘဲလို့ တွေးပြီး သဘောကျနေကြပါတယ်။ သူဘာလို့ လူတိုင်း အိမ်သာဝင်ဖို့ ပြောသလဲ ဆိုတာ အိမ်သာက ထွက်မှ သိကြပါတယ်။ ဟာသလေး တခုပေါ့။ အပျော်နောက်ထားတာလေး တခုပါ။

ဂျပန် လူနေမှု စနစ်ကတော့ ခေါက်ရိုးကျိုးနေတဲ့ စည်းကမ်း နဲ့ နေကြပါတယ်။ ဥပမာ အားဖြင့် အိမ်သာ ဝင်မယ်ဆိုရင် မြန်မာပြည်မှာ ဆို လူများနေမယ် ဆိုလည်း တိုးကြိတ်အနံ ရှု နှာခေါင်းပိတ်ပြီး တံခါးပေါက် တခုကို တယောက်ရပ်နေကြပါတယ်။ ရပ်နေတဲ့ တံခါးပေါက်က လူထွက်ရင် ဝင်ပေါ့။ ဘေးက လူက နောက်မှ ရောက်လို့ အရင်ထွက်သွားရင် အရင်ဝင်ပေါ့ မတတ်နိုင်ဘူး ကိုယ်ရပ်စောင့်မိတဲ့ လူက ကြာတာတော့လည်း ဘယ်တတ်နိုင်မလဲပေါ့။ ဂျပန်ပြည် ထုံးစံကတော့ အိမ်သာ အထဲမှာ အခန်းတွေ ရှိပေမဲ့ လူတွေ အခန်းတွေထဲမှာ ရှိမယ်ဆိုရင် အခန်းထဲတောင် မဝင်ဘူး အပေါက်ဝကနေ တန်းစီ စောင့်ပါတယ်။ တယောက် ထွက်လာရင် တယောက် ဘယ်အခန်းက ဖြစ်ဖြစ် ဝင်သွားလို့ရပါတယ် အရှေ့ဆုံးက တန်းစီသူက အခွင့်အရေးရပါတယ်။ မြန်မာ အုပ်စု ဝင်သွားတော့ သူတို့ စည်းကမ်း အတိုင်း မဟုတ်ဘူး အုပ်စုလိုက်ဆိုတော့ ထုံစံ အတိုင်း တိုးဝှေ့ပြီး ဝင်သွားတယ် အခန်းတိုင်းမှာ လူတွေ တယောက်စီ ပြုံစောင့်နေကြတယ်။ အိမ်သာ အခန်းတွေ တန်းစီ ရှိတဲ့ အထဲမှာ ထောင့်ဆုံး အခန်းထဲကို ဝင်သွားတဲ့ အဘွားကြီး ဝင်သွားပြီး ချက်ချင်းအော်ပြိး ပြန်ပြေးထွက်လာပါတယ်။

ဟယ်.. လူရှိတယ်တော့.. အသက်ကြီးကြီး အဘွားကြီး ဆိုတော့ ပြောတဲ့ ပုံစံက ဝက်ဝက်ကွဲ အောင် ရီရတယ် အခန်းက ထောင့်ဆုံး အခန်းဖြစ်ပြီး တခြား အခန်းတွေထက် ပိုကျယ်ပါတယ်။ အထဲမှာ ရှိတာ တခြားလူတွေက ဝင်ကြည့်ကြတယ်။ အရုပ်တရုတ်ထားတာပါ။ အဘိုးကြီး တယောက် မုတ်ဆိတ်မွေးဖြူဖြူနဲ့ အီးအီးထိုင်ပါတာလား ရှူးရှူးထိုင်ပေါက်တာလားတော့ မသိဘူး ဘေးမှာ ဘောင်းဘီ အပုံလိုက်ချွှတ်ပြီး ထိုင်နေတာ လက်ထဲမှာလည်း သတင်းစာက ပါသေးတယ်။ ထို အခန်းထဲမှာ မီးက နဲနဲ မှောင်ထားတယ် တခြား အခန်းတွေလောက် မလင်းဘူး။ မျက်လုံးက သတင်းစာကို ကြည့်နေတဲ့ ပုံစံမျိုး ရုတ်တရက် ကြည့်လိုက်ရင် လူရှိတယ် ဆိုပြီး လန့်သွားပေမဲ့ အရုပ်မှန်းတော့ သိသာပါတယ်။ လူရုပ်လုပ်ထားတာ ပုံစံက တူလွန်းလို့ မှားသွားတာပါ။

မိန်းမ အိမ်သာ ထဲမှာဘဲ ဒီလို ဝက်ဝက်ကွဲ ရီသံများ ဖုံးလွမ်းသွားသလား အောက်မေ့နေတာ ကျားအိမ်သာမှာလည်း ထိုနည်းလည်းကောင်းပါဘဲ။ လူကြီး တယောက် ပြောသကားဆိုတော်တော် ရီရတယ်။ မတ်တပ်ပေါက်တဲ့ ခွက်ကလေးတွေ တန်းစီထားတဲ့ နေရာမှာ သူက အရုပ်ကလေးတွေ တန်းစီ ပါးစပ် ဟ ထားတယ် လို့ ပြောတယ်။ လူတိုင်း ဒီလိုဘဲ ပေါက်နေတာ အဲဒီ ကိုယ်တွေ့ကြုံတဲ့ လူကြီးက သူတို့လည်း ဒီလိုဘဲ ပေါက်တာ ငါလည်း သူများလိုပေါက်တာ ပေါက်ယုံဘဲ ရှိသေးတယ် အရုပ်က လက်တွေ ခြေတွေ ရုတ်တရက် ထလှုပ်ပြီး တီးလုံးသံတွေ ပါးစပ်ဟတဲ့ အရုပ်က ပါးစပ်ကြီး လှုပ်လာတော့ ငါများ ဖမ်းကိုက်မလားလို့ လန့်သွားတာဘဲကွာ ဆိုပြီး ကားပေါ်မှာ သူတို့ ခံလာရတဲ့ အကြောင်း ပြန်ပြောရင်း ဟိုတယ်ကို ပြန်လာခဲ့ကြတယ်။ ဒီလိုနဲ့ ခရီးစဉ် ပထမနေ့ လည်ပတ်မှု အစီ အစဉ်ပြီးဆုံးလို့ နောက်တရက်လည်ပတ်ဖို့ အားယူရင်း အနားယူကာ တနေ့တာ အချိန်ကုန်လွန်သွားပါတယ်။


ထိုဆိုင်နာမည် ရေးထားတဲ့ အပေါက်ကနေ ဝင်သွားတဲ့ အတွင်းဘက်က ဆိုင်ခန်း

6 comments

  • bigcat

    December 23, 2010 at 1:32 am

    ဖတ်လို့ကောင်းပါ၏။ ဂျပန်ဆူမိုနပန်းပွဲရော မကြည့်ခဲ့ဘူးလား။

    Reply

    • ဆူး

      December 23, 2010 at 12:52 pm

      အစီအစဉ်မှာ ဆူမို နပန်းပွဲ မပါဘူး။ အဲဒါကြောင့် မမြင်ဘူးဘူး။ အပေါစား အစီအစဉ်တွေ များ ဖြစ်နေလို့လားတော့ မသိဘူး။ ဒါပေမဲ့ ဟိုတယ်ကတော့ 5စတား 4စတားလောက်မှာ တည်းရတယ်။ တိုကျိုက ဟိုတယ်က လွဲရင် တခြားမြို့တိုင်းမှာ ဟိုတယ်ကျယ်တယ်။

      Reply

  • manawphyulay

    December 23, 2010 at 3:53 am

    ဖတ်သွားပါတယ်။

    Reply

  • nyimalay

    December 23, 2010 at 4:30 am

    ဖတ်သွားပါတယ်။

    ဖတ်လို့ကောင်းပါတယ်။

    Reply

  • နွယ်ပင်

    December 23, 2010 at 5:51 am

    ဆူးရေ အားပေးသွားပါတယ် .ထပ်ရေးပါဦး .

    Reply

  • လင်းဝေကျော်

    December 23, 2010 at 10:23 am

    ရွှေသေးပေါက်ခွက်လုပ်ထားတဲ့ ( ရွှေရောင်နဲ့ ) အဝေးပြေးလမ်းက အိမ်သာတောင်ရှိသေးတယ်။
    အိမ်သာကို အလှဆင်ထွင်တာ ဝါသနာပါပုံရတယ် နိဟွန်းတွေက

    Reply

Leave a Reply

Your email address will not be published.