ရန်ကုန်မှာ တပ်မတော်သားတွေကို ပြည်သူဘက်ရပ်ပေးဖို့စာတွေကြဲချ

နွယ်ပင်December 20, 20101min02

ရန်ကုန်မြို့ မြောက်ဥက္ကလာပ ၆ ကွေ မှတ်တိုင်မှာ လိုင်းကားတ စီးပေါ်က တပ်မတော်ကို စည်းရုံးတဲ့စာတွေ ကြဲချသွားတယ်လို့ သိရှိရပါတယ်။ စာထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့ “စစ်သည်တော်အပေါင်းတို့ တိုင်းရင်းသားပြည်သူများအပေါ် အနိုင်ကျင့်ကျူးကျော်သော ထိုးစစ်များကို စွန့်ခွာခဲ့ပါ။ စစ်အာ ဏာရှင် စစ်ကျွန်မှ ပြည်သူ့စစ်သည်တော်အဖြစ် ဘက်ပြောင်း ခိုလှုံကြပါ” စတဲ့ စာသားများပါဝင်ပါတယ်။

စာတွေကို တွေ့တဲ့ အနီးအနားက လူတွေက ကောက်ဖတ်ကြပါတယ်။ နောက်ပိုင်း ရဲ တပ်ဖွဲ့ဝင်တွေပါ ကောက်ဖတ်နေကြတယ်လို့ တွေ့ရှိသူတဦးက ပြောပြပါတယ်။

စာကိုဖတ်တဲ့ လူတချို့ကတော့ ဒီလိုစာတွေဖြန့်တာ ကောင်တယ်၊ ဒါမှ သူတို့တွေ အမြင် မှန်ရလာကြမယ် စတဲ့ မှတ်ချက်တွေကိုလည်း ပြောနေကြတယ်လို့ သိရှိရပါတယ်။

နအဖဟာ ၂၀၁ဝ ရွေကောက်ပွဲပြီးနောက်ပိုင်း နယ်ခြားစောင့်လုပ်ခိုင်းလို့မရတဲ့ အပစ် ရပ်အဖွဲ့တွေရဲ့ နယ်မြေတွေကို ထိုးစစ်တွေဆင်ဖို့ စစ်ပြင်ဆင်မှုတွေရှိနေပါတယ်။ လက်ရှိမှာလည်း ၂၀၁ဝ ရွေကောက်ပွဲနေကတည်းကစလိုက်တဲ့ ဒီအေဘီအေ အဖွဲ့နဲ့ နအဖ တိုက်ပွဲတွေဟာ ဒီနေ့အထိ တိုက်ပွဲတွေ တဖြည်းဖြည်းနဲ့ ပြန့်နှံ့ကျယ်ပြန့်လာ နေပါတယ်။

2 comments

  • mG

    December 20, 2010 at 1:41 pm

    အင်း . . .. ဒီအဘိုးကြီးကိုတော့ ဘယ်လိုမှ တရားပြလို့ရမှာမဟုတ်ဘူး။သူ့ကို တရားပြနိုင်တာ ငရဲမင်းပဲ
    ရှိတော့တယ်။စစ်တပ်မတော်မှ အမျိုးမျိုးတော့ တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများအားလုံး
    ပြည်သူ့တပ်မတော်အဖြစ်သို့ ပြောင်းလဲနိုင်ပါစေ။

    Reply

  • khunmyomyat

    December 22, 2010 at 2:18 am

    လူညီမှပါဗျာ….မဟုတ်ရင် ကိုယ့်သေနတ် ကိုယ်ပြန်ကြောက်နေရတာ

    ချွန်တွန်းလုပ်မယ့်လူက အများကြီး

    Reply

Leave a Reply

Your email address will not be published.