ဥရုချောင်း စွန့်ပြစ်မြေစာ ပိတ်ဆို့မှု ဖားကန့်၌ဖြစ်ပွား

စာရေးသူတို့ နေတဲ့ဖားကန့်မှာ ခုတလော ထူးထူးခြားခြားတွေ မကြာခဏဖြစ်နေတာတွေ့ရပါတယ်။ ခုလည်း ဖားကန့်မြို့ရဲ့ အဓိကရေသောက်ချောင်းလေးတစ်ချောင်း ဒုက္ခတွေ ပင်လယ်ဝေနေပြန်ရဲ့။ တိတိကျကျပြောရရင်တော့ 17.12.2010နေ့ မနက်အစောပိုင်းလောက်ကဖြစ်ပျက်ခဲ့တာပါ။ ဒီသတင်းကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရပေမယ့်လည်း ကင်မရာပါမသွားလို့ မှတ်တမ်းမတင်ခဲ့ရပါဘူး။ ကိုယ့်ကိုကိုယ်လည်း ညံ့လှချည်ရဲ့လို့တွေးမိရတဲ့အထိပါ။ စာရေးသူကတော့ အမြင် အကြားကိုပဲ ပြန်လည်ပြောပြမှာပါ။

17.12.2010 နေ့မှာဖြစ်ပျက်ခဲ့တာပါ။ ဒီသတင်းကလည်း ကြီးကြီးမားမား မဖြစ်လောက်ဘူးလို့ထင်ရရတာပါပဲ။ ဖားကန့်မြို့နယ်၊ မမုံအုပ်စု ၊ ဖားပြင်ရွာ အနီးအနားမှာ ဖြစ်ခဲ့တာပါ။ ကုမ္ပဏီတွေရဲ့စွန့်ပြစ်မြေစာပုံကြီး အိဆင်းကျလာတာကတော့ ဥရုချောင်းထဲကိုပါ။ ကျဉ်းမြောင်းလှတဲ့ ချောင်းရေပြင်ထဲကို ထိုးကျလာတာဆိုတော့ ဥရုချောင်းကြီး ခေတ္တ ခဏပိတ်သွားခဲ့ရတာပေါ့။ ချောင်းအောက်ဘက်မှာဆိုရင် ရေကိုမရှိတော့တာပါ။ အနည်းငယ်နှိပ်တဲ့နေရာတွေမှအပ ကျန်နေရာတွေမှာ ရေမရှိတော့ပါဘူး။ အနည်းဆုံး အချိန်အတိုအတွင်း ၅ပေနီးပါးလောက်ရေကျနေတာပါ။ ချောင်းရဲ့အထက် ဖားကန့်၊ ဆိပ်မူ၊ တွေဘက်မှာတော့ ရေပြင်ဟာ မြင့်တတ်လာနေတာပါ။ ချောင်းပိတ်ဆို့မှုကြောင့် ရေပြင်ဟာ ပွင့်လင်းရာသီချိန် ဥရုချောင်းပေါ်က တံတားငယ်တစ်ခုကတော့ ရေလွမ်းမိုးသွားတာပါ။ ဆန်းကြွယ်ရွာကနေ ဆိပ်မူ၊ ယူမာဘက်ကိုကူးတဲ့တံတားငယ်တစ်ခုပါ။

ကုမ္ပဏီတွေကနေ မြေကော်စက်တွေနှင့် ရှင်းထုတ်နေပေမယ့်လို့ 18.12.2010နေ့မနက်အထိတော့ ပြီးစီးတာကိုမတွေ့ရသေးပါဘူး။ လူအသေအပျောက်ရှိမရှိကိုတော့ ကြားသိရခြင်းမရှိပါဘူး။ မြေစာပုံကတော့ ဥရုချောင်းတောင်ဘက်ခြမ်းက အိဆင်းလာတာပါ။

ဓါတ်ပုံမရိုက်ခဲ့ရလို့ အပြည့်အစုံမတင်ရတာကိုတော့ အားနာမိပါရဲ့။ ဥရုချောင်းဟာလည်း မြောင်းသာသာတာရှိတော့တာပါ. မြောင်းသာသာတာရှိတော့တဲ့ ဥရုချောင်းပုံကိုတော့တင်ပေးလိုက်ပါတယ်။ 18.12.2010နေ့မမနက်ပိုင်းကရိုက်ထားတဲ့ပုံတွေပါ။

မှတ်ချက်။ အများကိုသိစေချင်ရုံသက်သက်နှင့် ဒီ Postကိုတင်တာပါ။

4 comments

  • ဆူး

    December 18, 2010 at 6:39 am

    တင်ပါ.. တင်ပေးတော့လည်း ဖတ်တဲ့လူ သိရတာပေါ့.. အားပေးပါတယ်။

    Reply

  • kai

    December 18, 2010 at 8:50 am

    စက်တွေနဲ့လူအရွယ်တွေကြည့်ပြီး ..ဥရုချောင်းကတော်တော်ကြီးခဲ့မှာပဲလို့တော့ထင်တယ်..။
    သောက်ရေသုံးရေအတွက်အားကိုနေရတဲ့ ချောင်းဆိုရင်တော့ … အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပြီးသေသေချာချာ တခုခုလုပ်သင့်တယ်..ထင်ပါတယ်..။

    စကားမစပ်..ဓါတ်ပုံထဲ အပင်ကြီးတွေလုံးဝမတွေ့ရဘူးနော်..။
    မေးချင်တာတခုက… အဲဒီမှာ မွန်းစတားထရပ်ကားကြီးတွေရောရှိသလားလို့..။
    မွန်းစတားကားကြီး(Caterpillar 797B)က …အောက်ကပုံမှာကြည့်နော..။
    http://catsays.blogspot.com/2005/01/caterpillar-797b-mining-truck.html

    Reply

  • Thaw Zin Loikaw

    December 18, 2010 at 11:33 am

    ဟုတ်ပါတယ် အပင်ကြီးကတော့ရှားပါတယ် အပင်ကြီးတွေလည်း နောင်တစ်ချိန်ပေါက်ဖို့ဆိုတာ လွယ်ပါတော့မလားရယ်လို့တွေးမိတာပါ။ တောင်တိုင်းလိုလိုမှာ အပင်ကြီးကြီးမားမားတွေမရှိပါဘူး။

    Reply

  • winkyawaung

    December 18, 2010 at 3:47 pm

    ဖားကန့် သတင်းကို အချိန်မီ သိရလို့ အထူးကျေးဇူးတင်ပါတယ် သော်သော် ရေ..။

    Reply

Leave a Reply

Your email address will not be published.