ခင်ဗျားကြီးသို့ ပေးစာ

အာဂDecember 17, 20101min014

သို့

ခင်ဗျားကြီး

ခင်ဗျားကြောင့်

ကျူပ်တို့အားလုံး ပြာကျနေပါပြီ။

ကျူပ်တို့က မြေပြင်အနှံ့အပြား ခင်ဗျားလက်ဝါးနဲ့အုပ်ခံထားရချိန်မှာ မွေးတယ်။

ဒီတော့…..ကျူပ်တို့က အပြင်ကအလင်းကို မတွေ့ရဘူး။ ကျူပ်တို့က ကျူပ်တို့

မိသားစု အတွက်ပဲ သိအောင် ခင်ဗျား က ကျူပ်တို့စိတ်ကို ချုပ်ကိုင်ထားပုံက ပိပိ

ရိရိ…ဟုတ်တယ်… ခင်ဗျားကိုထိရင် ပြာကျမယ်ဆိုတာကို အဖေကလည်း ပြောဖူးတယ်။

အမေကလည်း ဆုံးမ ဖူးတယ်။ ဒါကလည်း တစ်နည်းတစ်ဖုံနဲ့ ကျူပ်တို့ ပြာကျနေတာ

ပဲမဟုတ်လား။ ကျူပ်တို့ရဲ့ သွေးတွေနဲ့ ခင်ဗျားကတော့ ရွှေဝါရောင် သင်းသင်းနဲ့ လင်းချင်

တိုင်းတိုင်းလင်းလို့နေတာပဲမဟုတ်လား။ ကျူပ်တို့ကတော့ ……“တောက်” ဆိုတဲ့ အသံကို

တောင် ကျယ်ကျယ်မခေါက် ရဲတဲ့ ဘဝ လေ…။

ကျူပ်တို့ က အမှန်ဆိုရင် ခင်ဗျားကို မကြောက်ပါဘူး။ ခင်ဗျားရဲ့ အောက်လမ်းပညာ

တွေ၊ လက်နက်တွေ၊ ပါဝါတွေကိုပဲ ကြောက်ကြောက်နေရတာ…။

တယောထိုးနေတဲ့ နီရိုးဘုရင်ကြီး က ခင်းဗျာ ဆီကပဲပညာတွေသင်ခဲ့ သလားလို့

ကျူပ်တို့ တစ်ခါတစ်ခါ စဉ်စားမိတိုင်း မထိပြုံးလေးပြုံးပြီး ရယ်ချင်တယ်။

ခင်ဗျား က မှော်ဆရာတစ်ယောက်လိုပဲ လို့တော့ ကျူပ်တို့မိသားစု

တွေက မကြာမကြာပြောဖူးတယ်။ ခင်ဗျား ဟတ်ချလောင်း လို့တစ်ခါလုပ်တိုင်း

ကျူပ်တို့တွေ တအံ့တဩ ဖြစ်ပြီး ကျုပ်တို့ ဘဝတွေ ပြောင်းပြောင်းသွားစေတာပဲ မဟုတ်

လား ။ နောက် ခင်ဗျားက အုပ်စုဖွဲ့ အမဲလိုက်တဲ့ ခွေးအတွေလိုပဲ ။ ကျူပ်တို့ ဘဝတွေကို

အရိုးပါမကျန် စားသောက်ပစ်တက်သေးတယ်။ ခင်ဗျားရဲ့ မနက်အိပ်ယာ ထရင် မျက်နှာသစ်

ဖို့ထက် ဓားသွေးနေတက်တဲ့ အကျင့်ကရော ဘယ်တော့ မှပျောက်မှာ လည်း ။ ကျူပ်တို့

ဘဝ တွေကတော့ ဒီခင်ဗျား ရဲ့ ပါးပါးလှီး ခံခြင်းမှာ နေသားကျလို့ နေပါပြီ။ နောက်ခင်ဗျား

က ကမ္ဘာမှာ အတော်ဆုံးသော ဒါရိုက်တာ တစ်ယောက်ဆိုတာ လူတိုင်းသိတယ်။ ခင်ဗျား

ရဲ့ဇာတ်လမ်းတွေမှာ ကျူပ်တို့က လူကြမ်းတွေ အဖြစ်ပဲ သရုပ်ဆောင်ရမှာ မဟုတ်လား ။

မင်းသား ကဘယ်သူလဲ လို့ကျူပ်တို့မှာ မေးခွင့်မရှိဘူးဆိုတာ ကျူပ်တို့သိတယ်။ ခင်ဗျားနဲ့

ခင်ဗျား ပတ်ဝန်းကျင်မှန်သမျှ ခင်ဗျားတင်တဲ့ မင်းသားတွေပဲမဟုတ်လား။

ကျူပ်တို့ ခင်ဗျားကြောင့် ညတိုင်းလိုလို အိပ်မက်ဆိုးတွေမက်တယ်။

အဲဒါ…ဘာအိပ်မက်လဲလို့ ခင်ဗျားမမေးနဲ့ ခင်ဗျားရဲ့ ကောက်ကျစ်စဉ်းလဲ့ မှုမီးထဲ ကျူပ်တို့

အရိုးတွေ တကြွတ်ကြွတ်နဲ့ မီးတောက်လောင်နေတဲ့ မြင်ကွင်း ရင်ထဲကထုတ်မရဘူး။

ဘာပဲပြောပြော ခင်ဗျားကြောင့် ပြာကျခဲ့တဲ့ ကျူပ်တို့ ဘဝများဆိုပြီး သမိုင်းမှတ်တမ်းကတော့

တစ်ချိန်ချိန် မှာပေါ်လာမှာပဲ။ အဲဒီအချိန်ကျရင် အဲဒီ သမိုင်းမှာ ခင်ဗျား မင်းသားမဖြစ်စေရဘူး။

အခု ကျူပ်တို့မိသားစု တွေပြာကျ ခံနေရတာ ကျူပ်တို့ သွေးနဲ့ ရေးတဲ့ ကျူပ်တို့ သမိုင်းပဲ။

ခင်ဗျားလည်း ငရဲဘုံ မှာ သာယာပါစေ လို့ ကျူပ်ဆုတောင်း ပေးရင် ဒီစာကို နိဂုံးချူပ်လိုက်

တယ်။ ဘာပဲပြောပြော ခင်ဗျားဘဝ ပြာကျတဲ့အခါ ကျူပ်တို့ကို သတိရပါ….။

ခင်းဗျားကြီးရဲ့

ကျူပ်တို့

14 comments

  • နွယ်ပင်

    December 20, 2010 at 8:13 am

    ကိုအာဂ အရေးအသားတွေက အရမ်းကိုပြောင်မြောက်ပါတယ် . တော်တော်လဲ စိတ်နာနေပုံပဲနော် …. ဒီလိုခံစားချက်မျိုးက မြန်မာပြည်က လူတွေတော်တော်များများ ဆီမှာရှိမယ်ထင်ပါတယ် …

    Reply

  • intro

    December 20, 2010 at 11:03 am

    လေးစားပါတယ် ကိုအာဂ၊ ကျွန်တော်တို့ရင်ထဲမှာလဲ ခင်ဗျားနဲ့ ထပ်တူထပ်မျှပါပဲ…

    Reply

  • tigerlion

    December 20, 2010 at 2:10 pm

    ခင်ဗျားတော်တော်ရိုင်းတာပဲ။ကိုယ့်အဖေကိုအဲ့ဒီလိုမပြောရဘူးလေ။နားမလည်ဘူးလား

    Reply

    • R Ga

      December 21, 2010 at 8:00 am

      ကျွန်တော်ကို က ခွေးကို ပီကေ ကျွေးမိတာပါဗျာ..။ ခင်းဗျာရဲ့ ခံစားမှု ကဗျာဖတ်နိုင်တဲ့ စွမ်းရည်ကတော့ လေးစားမိပါတယ်။ ……….အံ့ရော အံ့ရော ဗျာ..။ ……

      Reply

  • ခင်ဗျားကြီးဘာဖြစ်လို့ ခုထိ ပလ္လင်ပေါ်ကမဆင်းသေးလဲဆိုတော့ သောက်ရှက်မရှိ လို့။ ဗမာတစ်ပြည်လုံး ပေါင်းရုံးစုပြီး ခင်ဗျားကြီးကို ဆန့်ကျင်ရင် တောင် ခင်ဗျားကြီး သောက်ရှက်မရှိစွာ မျက်နှာပြောင်ပြောင်နဲ့ သေနတ်ထမ်းပြီး ငုတ်တုတ်ထိုင်နေမှာ။ အလှည့်ကျရင် ဟစ်တလာလို သတိ္တပြောင်မြောက်စွာ ကိုယ့်ဇတ်ကိုယ်သိမ်းမလား။ ဆက်ဒမ်လို မြေကြီးစားမ လား။

    Reply

  • နီလေး

    December 21, 2010 at 3:56 am

    စိတ်မပူကြပါနဲ့ တစ်ခုခုတော့လုပ်မှာပါ

    Reply

    • etone

      December 21, 2010 at 7:20 am

      အဲ့ဒီတစ်ခုခုကို ဘယ်သူက ဦးဆောင်ပြီးလုပ်မှာလဲ …။ ဘယ်သူကများစလုပ်မလဲ ပြောင်းလဲမလဲနဲ့ စောင့်နေရင်းနဲ့ အချိန်တွေကုန်လွန်လာခဲ့တာပဲကြည့် အခုဆို ဘယ် နှနှစ်ရောက်ပြီလဲ ။

      Reply

  • nyimalay

    December 21, 2010 at 4:32 am

    (ခင်ဗျားကိုထိရင် ပြာကျမယ်ဆိုတာကို အဖေကလည်း ပြောဖူးတယ်။
    အမေကလည်း ဆုံးမ ဖူးတယ်။ ခင်ဗျားကြောင့် ပြာကျခဲ့တဲ့ ကျူပ်တို့ ဘဝများဆိုပြီး သမိုင်းမှတ်တမ်းကတော့
    တစ်ချိန်ချိန် မှာပေါ်လာမှာပဲ။ အဲဒီအချိန်ကျရင် အဲဒီ သမိုင်းမှာ ခင်ဗျား မင်းသားမဖြစ်စေရဘူး။)

    အရေးအသားတွေ အရမ်းကိုပြောင်မြောက်ပါတယ် . တော်တော် စိတ်နာနေပုံပဲ….
    ဒီလိုခံစားချက်မျိုးက ကျွန်မတို့ရင်ထဲမှာလဲ ရှိ်ပါတယ် ။

    Reply

  • Maung Dae`

    December 21, 2010 at 7:45 am

    ကောင်းလိုက်တဲ့အရေးအသား ပြောင်မြောက်လိုက်တဲ့စကားလုံးတွေ…
    BRAVO!!!!!!!!!!!!!!!

    ခင်ဗျားကြီးတင်မကဘူး.. ခင်ဗျားကြီးရဲ့မြေးတွေကပါ.. ဟောင်ဖွာဟောင်ဖွာနဲ့ အမြီးအနင်းခံရတဲ့ ခွေးတွေလိုဖြစ်နေပီ…

    Reply

  • kai

    December 21, 2010 at 10:06 am

    ခင်ဗျားလေးသို့ပေးစာဆိုပြီး..
    ခင်ဗျားကြီးဖက်ကနေ … ခင်ဗျားလေးတွေကို ရေးတဲ့စာ ရေးပေးပါလား..။

    အာဏာရှင်စိတ်အပြည့် ဈာန်သွင်းရေးပေါ့နော..။
    အနုပညာမြောက်ပြိး.. ဖတ်လို့ကောင်းမှာ သေချာတယ်..။ 🙂

    Reply

    • R Ga

      December 22, 2010 at 8:56 am

      စိတ်ချဗျာ ကိုခိုင်ပြောသလိုရေးပေးပါ့မယ်..။ ရေးပြီးရင်တော့ ရတနာပုံနေပြည်တော် သတင်းစာမှာ ထည့်ပေးရမယ်လို့ အန်ကယ် ဇော်ထွန်းကို ပြောပေးရမယ်။

      Reply

  • ဆူး

    December 21, 2010 at 11:52 am

    အူးခိုင်တော့ ရန်တိုက် ခိုင်းနေပြန်ပြီ.. အနုပညာ အပြည့်ရေးပြီးတော့.. အားလုံး ဝိုင်းဆဲ ခံရရင် အူးခိုင် ကြားကနေ ရှင်းပေး ဒါဘဲ..

    Reply

  • kai

    December 21, 2010 at 6:52 pm

    ရှင်းပေးမှာပေါ့ဗျာ..။ ရှင်းပေးးးးရမှာပေါါ..။


    ရန်သူမရှိ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ။
    ဒဂုန်တာရာ

    Reply

  • MaMa

    December 24, 2010 at 12:59 am

    အင်းးးး အမှန်တကယ်မှာတော့ ဒဂုန်တာရာရဲ့အဆိုကို ပြောင်းပြန်မှတ်ရမယ်ထင်တယ်။

    Reply

Leave a Reply to နွယ်ပင် Cancel Reply

Your email address will not be published.