ရန်ကုန် ပုဂ္ဂလိက ကျောင်းများ နှစ်ဆန်း နှစ်ရက်နေ့မှစ၍ ကျောင်းအပ် လက်ခံမည်

BayoteApril 10, 20101min03

ရန်ကုန်တိုင်းအတွင်းရှိ အခြေခံပညာအဆင့် ပုဂ္ဂလိကကျောင်းများကို ၂၀၁၀-၁၁ပညာသင်နှစ်မှစ၍ စတင်ဖွင့်လှစ်ခွင့်ပြုထားပြီဖြစ်ရာ အဆိုပါ ပုဂ္ဂလိက ကျောင်းတွင် အပ်နှံလိုသူများသည် ဧပြီလ ၁၈ ရက် (နှစ်ဆန်းနှစ်ရက်နေ့) မှစ၍ ကျောင်းအပ် လက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် ရှိ ပုဂ္ဂလိကပညာရေး ကျောင်းများထံမှ စုံစမ်းသိရှိရသည်။ “မူလတန်းကနေစပြီး တက္ကသိုလ်ဝင်တန်းအထိ ကျောင်းအိပ် ကျောင်းစား ဘော်ဒါကို နှစ်ဆန်း နှစ်ရက်နေ့ကစပြီး သတ်မှတ်လူဦးရေ မပြည့်မချင်း လက်ခံသွားပါမယ်။ သက်ဆိုင်ရာကျောင်းက ကျောင်းထွက် လက်မှတ်ယူလာရမယ်” ဟု မဟာမြကျွန်းသာမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ မဟာမြကျွန်းသာတွင် တက္ကသိုလ်ဝင်တန်း စာသင်နှစ် တစ်နှစ်အတွက် ကျောင်း လခနှင့် နေထိုင် စားသောက်စရိတ် ကျပ်နှစ်ဆယ့်ခုနစ်သိန် းငါးထောင် သတ်မှတ်ထားပြီး Grade I  မှ Grade X ကို တစ်နှစ်အတွက် ကျပ် ၂၆သိန်း သတ်မှတ်ထားကြောင်း၊ နှစ်ကြိမ်ခွဲ သွင်းနိုင်ကြောင်း၊ Grade တစ်ခုချင်းစီအတွက် ကျောင်းသားဦးရေ ၅ဝ ဝန်းကျင်သာ လက်ခံမည် ဖြစ် ကြောင်း ၎င်းကဆိုသည်။ ရန်ကုန်မြို့တော်ရှိ အခြားပုဂ္ဂလိက ကျောင်းတစ်ခုဖြစ်သော ပညာနန်းတော်မှ တာဝန်ရှိသူတစ်ဦးက“ နှစ်ဆန်း နှစ်ရက် နေ့ကစပြီး ကျောင်းအပ်လက်ခံမှာပါ။ ပညာသင်စရိတ်ဘယ်လောက်လဲဆိုတာတော့ မသတ်မှတ်ရသေးဘူး။ ပုဂ္ဂလိက စာသင်ကျောင်း ဥပဒေက မကြာခင် ထွက်တော့မှာဆိုတော့ အဲဒီကျမှ ပညာသင်စရိတ်ကို သတ်မှတ်သွားမယ်” ဟုရှင်းပြသည်။ ပညာနန်းတော်သည် ဘော်ဒါနှင့် ပုဂ္ဂလိက ကျောင်း နှစ်ခုစလုံး လက်ခံသွားမည် ဖြစ်ကြောင်း၊ ကျောင်းစိမ်းဝတ်စုံဖြင့်သာ ကျောင်းတက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ Success ကျောင်း မှာ နှစ်ဆန်းနှစ်ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံမည် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ကျောင်းသားများကို တစ်လကျပ်ငါးသောင်းနှုန်း သတ်မှတ် ထားကြောင်း ယင်းကျောင်းထံမှ စုံစမ်းသိရှိရကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

3 comments

  • susunosuki

    April 17, 2010 at 8:06 am

    ပုဂ္ဂလိက ကျောင်းတွေပေါ်လာတော့ ပါတိတ်ကန်တော့တဲ့ခေတ်ကုန်တော့မယ်ဆိုတာပြတာနဲ့တူတယ်
    ကျူရှင်သင်တဲ့ အတန်းပိုင်ဆရာမတွေလည်း ဘာလုပ်စားကြလေမလဲ

    Reply

  • susunosuki

    April 17, 2010 at 8:09 am

    တကယ်စေတနာ အရင်းခံနဲ့သင်ပေးတဲ့ဆရာ ဆရာမများ ကိုတော့ တောင်းပန်ပါတယ်ခင်ဗျာ
    ကျွန်တော်နဲ့တွေ့ခဲ့ရတဲ့ ငွေမျက်နှာ တစ်ခုကိုပဲကြည့်တဲ့ သူမျိုးကိုတော့ ခုထိနားမလည်နိုင်သေးဘူး
    လောဘ နဲ့စီးပွားရှာတော့ ခက်ကုန်တာပေါ့

    Reply

  • cum min

    June 20, 2012 at 4:06 pm

    good new

    Reply

Leave a Reply

Your email address will not be published.