


မီးဖိုမလို ဒယ်အိုးမလိုတဲ့ အလွယ်နည်းတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးပွကို ရေစေးပြီး အစေ့ထုတ်ထားလိုက်ပါတယ်။ ဝက်သားကြိတ်ပြီးသားကို ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ဆား၊ ကော်မှုန့်၊ သကြားအနဲတို့နဲ့ သမအောင် နယ်ရပါတယ်။ ထို့နောက် ငရုတ်သီးပွထဲကို သွတ်ထည့်လိုက်တယ်။ ကြွေပုဂံကို ဆီအနဲငယ်သုတ်ပြီး ငရုတ်သီးအစာသွတ်ထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ ၁၅ မိနစ် အပူပေးလိုက်ပါတယ်။ ၅ မိနစ်စီရပ်ပြီး ငရုတ်သီးပွကိုလှည့်ပေးပါတယ်။ ပြီးရင် စားလို့ရပါပြီ …
ဒီအတိုင်း ဝက်သားပေါင်းစားသလို စားလို့ရပါတယ် … အလွန်လွယ်ကူပါတယ် …

wow~!thanks making info.^.^
ငရုပ်သီးပွတင်မက တခြားအခွံပွအသီးတွေပါ ရမယ်ထင်တယ်နော်။ ဗုံလုံသီးပုဇွန်သွတ်ကတော့ အမေလုပ်ကျွေးလို့ စားဖူးတယ်။ စကားမစပ် ဝက်သား၊ သုံးထပ်သားနဲ့ ခရမ်းသီးကို ရောနှပ်ရင်လည်း အရမ်းကောင်းတယ်။
ဒီနည်းလေးလဲ မဆိုးပါဘူး မြန်မြန်နဲ့ လွယ်လွယ်ကျက်တာပေါ့ ကျေးဇူးပါမဝေရေ ချက်စားကြည့်လိုက်ဦးမယ် …
မိုက်ခရိုဝေ့မရှိရင် ဘယ်လိုလုပ်လို့ရပါသလဲ။
ရိုးရိုး မီးဖို့နဲ့ တည်မယ် ဆိုရင် အိုးထဲမှာ ဆီ ကလေးနဲ့ တည်လိုက်ပေါ့.. သူလို့တော့ ပုံမပျက် လှလှပပ ဖြစ်မနေဘူးပေါ့.. အလုံးကတော့ ပုံမပျက် ရှုံသွားမယ်။ အိမ်မှာတော့ ငရုတ်သီးဟင်းကို အရေလေးနဲ့ ချက်တယ်။ ငရုတ်သီးဟင်းကလည်း ဆီနဲနဲ များမှ အိ သွားတာ ဆီ နည်းလို့ကတော့ စပ်တောက်တောက်နဲ့ စားလို့ မကောင်းဘူး။ ဆီများများ ထည့်ချက်.. ပြီးတော့ ဆီ ပြန်ခပ်ထုတ်လိုက်.. ဒါဆိုရင်တော့ ကျန်းမရေးနဲ့ ညီညွတ်တယ်။
ဝေဝေရေ .. နေရောင်ခြည်သုံးမီးဖို ဈေးပေါပေါ ရအောင် လုပ်ပေးရင် ကောင်းမယ် .. ထွင်ပေးပါဦး
ရှယ် အစားအစာအတွက် ကျေးဇူးတင်ပါတယ် .. (ဒါပေမယ့် မိုက်ကရိုဝေ့ မရှိပါ .. မီးခဏခဏ ပျက်နေပါပြီ)
နေရောင်ခြည်သုံးမီးဖိုထွင်ရင် ဈေးတော်တော်ကြီးလိမ့်မယ် …
ရန်ကုန်မှာတော့ ဂက်စ်နဲ့ပဲချက်ကြမယ်ထင်ပါတယ် … ငရုတ်သီးပွအစာသွတ်ကို ပုံမှန်ဟင်းချက်သလိုပဲ ချက်လိုက်ရင် ပိုပြီးစားကောင်းပါတယ် … ကျွန်မက မီးဖိုအဆင်မပြေလို့သာ အခုလို အလွယ်လုပ်လိုက်တာပါ …
xie xie ni, jie jie. zhe shi hen rong yi. wo hen xi huan. 🙂
wow ~~~ ni xue guo Hanyu ma? zhende bu cuo!
dui jie jie, wo xue guo Hanyu! 🙂
Ah..ya.. awmethawphaw wan swe wun swe wun wun swe. kone se pa chai. taipei hongkong macao shanghai.
ကိုကြောင်ကြီးရေးထားတာ မှတ်သားလောက်ပါပေတယ် … very funny 😛
တရုတ်စကားကို တော်တော်ကျွမ်းကျင်မယ်ထင်တယ် …
ကွီးပြောတာက အလွန်လွယ်ကူသောနည်းဖြစ်ပါတယ် … ကျေးဇူးတင်ပါတယ် မမ ..
ကျွန်မကအံ့ဩပြီး … တရုတ်စာသင်ဖူးသလား .. မဆိုးဘူးလို့ ပြန်ပြောလိုက်တာပါ …
ကိုကြောင်ကြီးရေးတာတော့ သူ့ကိုပဲ ဘာသာပြန်ခိုင်းမှရမယ် …. ဟာသရေးထားတာမို့လို့ပါ …. 🙂
ဦးကြောင်ကြီး ရေးတဲ့ စာကတော့
Ah..ya.. အာ.. ရ……..
awmethawphaw အော်မိတော်ဖော်.. ရှမ်းကြိုက် နွားချော..
wan swe wun swe wun wun swe. ကြွက်မခုပ်… ခို ကပ်… ကြောင်ငပျင်း..
kone se pa chai. taipei hongkong macao shanghai.
ကုန်းရှု မူးလဲ… ထိုင်ပါ ဟောင်ကောင် မကာသာ စမ်းကိုက်…
ဟောင်ကောင် (ဟောင်တဲ့ အကောင်)
ဘာသာပြန်ပြပါလား .. နားမလည်လို့ ..
ကိုကြောင်ကြီး @ ကိုကြီးကြောင်ရေးထားတာ over international Chinese Language ဖြစ်ပါတရ်။ တနည်းအားဖြင့် သူ.ပြောကိုယ်မသိ ကိုယ်ပြောသူမသိ နည်းလမ်းဖြစ်ပါတရ်။ 😀 😀 😀
မမ မိုးရဲ့ မိုးသီတာစိုးးးးးးးးးးးးးးရေ…. ဘာသာပြန်လို့တော့ ပြီးပြီ.. ဘာသာပြန်ခလေး မစ ပါအုန်းးးးးးးး ကွဲ့……
ဆူးဘာသာပြန်တာက ကြောင်ဘာသာစကားကို ပြန်လိုက်တာပဲ …
တော်ပါပေတယ် … မဂဓ ဘာသာလဲ တတ်ပုံရတယ် 🙂
ဆြာဆူးအဲ့လောက်တော်မယ်လို့ကို မထင်ဘူးဗျ 😛
ဆူးရေ အကြွေးမှတ်ထား .. ပြီးမှ .. ပေါင်းပေးမယ် .. ပေါင်းဖိုနဲ့လား .. မျက်နှာပေါင်းတင်ပေးရမှာလား တစ်ခုခုပေါ့
၄ နှစ်တောင်ရှိတော့မယ် ..
ဘယ်လောက်တောင် အလွယ်ကြိုက်သလဲဆိုတာ အဲဒါသာကြည့်ပေတော့ …