မဟေသီကိုလွမ်းမိပါသည် ….

fattyDecember 15, 20101min03

မဟေသီနဲ့ကွာခဲ့တာ နှစ် ၂ဝ ကျော်လောက်တောင်ရှိပါပြီ ..။
တနေ့ကမှ မဟေသီမဂ္ဂဇင်း ပြန်ဖတ်မိသည် ။ စာရေးဆရာ ရဲရင့်မှိုင်းရဲ့
စာပြတင်းသတင်းစကား ကဏ္ဍလေးကို နှစ်ခြိုက်မိတယ် …။ ထွက်သမျှ မဂ္ဂဇင်းတွေထဲက
ဝတ္ထု ကဗျာ .. သူကြိုက်တာလေးတွေကို ခံစားပေးထားတယ်။

အောက်တိုဘာလထုတ် ရွှေအမြုတေ ထဲက ကလောင်သစ် နေမင်းဟိန်းရဲ့ လက်ရာလေးကို
ခံစားပြထားတာကဒီလိုပါ …။
ဆူးမဲ့နှင်းဆီရဲ့လွမ်းတေးတပုဒ် …တဲ့ ..။
စာရေးဆရာက ဆူးမဲ့နှင်းဆီလို့ဆိုထားပေမဲ့ သူသတိထားမိသလောက် အဓိကဇာတ်ကောင်အေးသီဟာ ဆူးဖွဲ့နှင်းဆီလို့တောင်ဆိုနိုင်လောက်ပါရဲ့ …တဲ့။

လူတကာစုံတဲ့ ဘူတာရုံမှာ ခရီးသည်တွေ ညအိပ်ဖို့ဖျာရောင်းတဲ့ အလုပ်ကိုလုပ်ရပါတယ်
တော်ရုံတန်ရုံမိန်းမနဲ့ဒီအလုပ်မလွယ်ပေဘူး … ဆူးတောင်မဲ့စွာနဲ့သိပ်ပျော့ပျောင်းနေရင်
ခပ်ရမ်းရမ်းလူတွေရဲ့ဗိုလ်ကျတာခံရမှာသေချာပါတယ်။ တခါတလေကိုယ့်မှာရှိတဲ့အဆိပ်
ဆူးကိုထောင်ပြထားမှ တန်ကာကျမှာဖြစ်ပါတယ် ..။
လုပ်ရတဲ့အလုပ်ကလည်း အကာလညဉ့်အခါမှာ။ယောကျာင်္းလုပ်သူကလဲ ဆိုက်ကား
မနင်းဘဲ အရက်ပဲ ဖိသောက်နေလို့ အားကိုးဖေးမရရှာဘူး။အပေါစားမိတ်ကပ် နှုတ်ခမ်းနီတွေ
ထူလပျစ်ဆိုးထားတဲ့ ညိုမရဲ့ ဆူလွယ်နပ်လွယ်လမ်းကိုလိုက်ဖို့လဲစည်းရုံးခံရ။
အသက်ငါးဆယ်ကျော်လူကြီးတယောက်ရဲ့ ဖျာတော့မငှားချင်ဘူး လူတော့ငှားချင်တယ်ဆိုတာမျိုး ပြည်တည်တည်မြူဆွယ်စကားနဲ့လဲအစော်ကားခံရ။
အိပ်ပျော်သွားခိုက် ရမ္မက်ခိုးတွေနဲ့ဝေ့သီနေတဲ့လူငယ်တယောက်ရဲ့ ကြမ်းရှရှ
ပွတ်သပ်မှုကိုလဲခံရနဲ့ အတွေ့အကြုံတွေလဲစုံလို့ပါဘဲတဲ့။
တညတော့ ရထားပေးကမိန်းမတယောက်ရဲ့ပိုက်ဆံအိပ်က လျှောကျပြီးစင်္ကြ
ပေါ်တင်နေတာကို ပြန်ပေးရကောင်းနိုးနိုး ယူလိုက်ရကောင်းနိုးနိုး ဖြစ်ပြီ်း နောက်ဆုံး
တော့ ပိုင်ရှင်လက်ထဲပြန်ထည့်ဖို့ အပြေးကလေးလိုက်ပေးချိန်မှာ .. ခလုတ်တိုက်
လဲပြီးရထားကြိတ်ခံလိုက်ရတဲ့ ဇာတ်လမ်းလေးပါ ….။
ဇာတ်ပိုနာအောင် ဇာတ်ကောင်ကိုသတ်ပြစ်လိုက်တဲ့ ဇာတ်သိမ်းကလွဲရင် တင်ပြပုံ
သရုပ်ဖေးပုံလေးတွေက သေသပ်လှလို့ ဖတ်ကြည့်ကြစေချင်တယ် .. လို့တိုက်
တွန်းထားတာပါ …။ ရဲရင့်မှိုင်းရဲ့ ခံစားပြပုံလေးတွေကိုနှစ်သက်မိပါတယ်လို့ ……။

3 comments

  • MaMa

    December 15, 2010 at 10:23 am

    ဇာတ်သိမ်းလေးကြောင့် ဇာတ်လမ်းက စွဲဆောင်အားပိုကောင်းသွားတယ် ထင်ပါတယ်။

    Reply

  • char too lan

    December 15, 2010 at 10:47 am

    ခုအတိုချုံးပီးဖတ်ရတာတောင် တော်တော်ရင်နာစရာကောင်းနေပီ။
    အရင်ဆုံးကြော်ငြာတွေစောင့်ရတာပဲ စိတ်မရှည်တာ 🙂

    Reply

  • manawphyulay

    December 16, 2010 at 8:07 am

    မဟေသီကို လွမ်းသလို ငွေတာရီကိုလည်း လွမ်းမိပါသည်။

    Reply

Leave a Reply

Your email address will not be published.