ရဲယို ငါးပေါင်းထုတ် ပြုလုပ်နည်း

ဆူးDecember 14, 20101min03

ရဲယို ငါးပေါင်းထုတ် လုပ်နည်း မသိသူများ လုပ်စားရန် အတွက်သာ ဖြစ်ပါသည်။
ပါဝင်ပစ္စည်းကတော့ သိပါသည်။ အချိုးအစားကတော့ အဆင်ပြေသလို ကြည့်သာထည့်ပါ။
ရဲယို အရွက် အနု ကလေးများ
ငါးရံ့ အသားလွာ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဆား၊ သကြား အုန်းသီး အသား (ကောက်ညှင်းပေါင်း အပေါ်မှာ ဖြူးစားတဲ့ အုန်းသီးခြစ် အဖတ်) လိုအပ်ပါတယ်။
ကြက်သွန်ဖြူ ဂျင်း စပါးလင် ငရုတ်သီး ဆား သကြား ငရုတ်ကောင်းတို့ကို ထောင်းပါ။ ညက်သွားလျှင် ငါးရံ့ အသားလွာ အတုံးကလေးများ ကို နယ်ပြီး ငါးအသားလွာ အဖတ်ကလေးများ ကြားမှာ အုန်းသီး ခြစ် ထားတာကို ငါးအသားလွာ အဖတ် ကလေးများ ကြားမှာ မြုပ်ပြီး ရဲယိုရွက်နုနဲ့ ထုတ်ပြီး ပေါင်းအိုးတွင် ပေါင်းပေးလိုက်ပါ။
ပုံတွင်မြင်ရသလို ဖြစ်သွားပါလိမ့်မယ်။ အရသာကတော့ ခါးသက်သက် နဲ့ ငါးအရသာ ချိုချို မွေးမွေး အုန်းသီး ကလေးကလည်း ပါတော့ စားကောင်းပြီး ဆေးဖက်ဝင် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
ကျန်းမာရေး အတွက် ချို ချဉ် ဖန် ငံ စပ် ခါး ဆိုတဲ့ အရသာ ၆မျိုး သမ မျှ တအောင် စားသင့်တဲ့ အထဲမှာတော့ အခါးကိုတော့ လူတွေ ရှောင်ကြပါတယ်။ ဒီအတွက် အခါး အရသာပါတဲ့ ရဲယိုအရွက်ကို ဆေးဖက်ဝင် အနေနဲ့ စားဖြစ်အောင် လုပ်စားတဲ့ နည်းပါ။

ရဲယိုကိုတော့ ကင်ဆာ အတွက် အလေးပေးပြီး စမ်းသပ်နေကြပါတယ်။ ကင်ဆာ ပျောက်တယ်လို့တော့ ပြောနေကြတာ အတည်ပြုနိုင်ဖို့ အတွက်ပါ။ ရဲယို အမျိုးသမီး များနှင့်လည်း အထူး သင့်လျှော်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

3 comments

  • weiwei

    December 14, 2010 at 2:25 pm

    ဆူးပြောတဲ့နည်းအတိုင်း တစ်ပုံစံထဲ တစ်သွေမတိမ်း အိမ်မှာ အမေက လုပ်ကျွေးလေ့ရှိပါတယ် ….
    အမေ့ကို သတိရသွားပြီ … 🙁

    Reply

  • ဆူး

    December 14, 2010 at 2:48 pm

    မဝေ မသိဘူးလား.. ဆူး က အမ အမေ အိမ်ကို သွားလည်တုန်းက ချက်ကျွှေးတာ စားခါနီး ပုံရိုက်ပြီး မေးမြန်းစူးစမ်းလာတာကို တင်ပေးတာ။ ဒါကြောင့် ပါဝင်ပစ္စည်း ပုံမပြနိုင်တာ.. ဟဲဟဲ 😛

    Reply

  • full of goods news

    December 28, 2010 at 9:25 am

    ဆူးကဘက်စုံတော်တယ်နော် ….
    ဟင်းလည်းချက်တတ်တယ်
    မုန်.လည်းလုပ်တတ်တယ်
    စာရေးလည်းကောင်းတယ်
    ရုပ်လည်းချောမယ်ထင်တယ်နော် …. 🙂

    Reply

Leave a Reply to full of goods news Cancel Reply

Your email address will not be published.