The Da Vinci Code

Zaw WonnaDecember 14, 20101min03

The Da Vinci Code  ဆိုတဲ့ ရုပ်ရှင်ကားကို ကြည့်ဖူးကြပါလိမ့်မယ်။ ၂၀၀၃ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်တဲ့ အမေရိကန် စာရေးဆရာ Dan Brown ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ရုပ်ရှင်ကတော့ ၂၀၀၆ ခုနှစ် မေလမှာ ဖြန့်ချိခဲ့ပြီး တွမ်ဟန့်က သရုပ်ဆောင်ထားပါတယ်။

တိုက်ဆိုင်တယ်လို့ပဲ ဆိုရမလား။ အခုတော့ လီယိုနာဒို ဒါဗင်ချီရဲ့ ကမ္ဘာကျော် မိုနာလီဆာ ပန်းချီကားမှာ အဲဒီ Da Vinci Code ကို တွေ့ရပါသတဲ့။ အနုပညာ ကျွမ်းကျင်သူတွေဟာ မိုနာလီဆာရဲ့ မျက်လုံးတွေထဲမှာ အလွန်သေးငယ်တဲ့ အက္ခရာစာလုံးတွေကို တွေ့ရှိခဲ့ကြပါတယ်။ ညာဘက်မျက်လုံးမှာ LV ဆိုတဲ့ အက္ခရာ ရေးထားပြီး ဒါဟာ Leonardo Da Vinci (လီယိုနာဒို ဒါဗင်ချီ) ကို ကိုယ်စားပြုတယ်လို့ ယူဆနိုင်ပါတယ်။ ဘယ်ဘက်မျက်လုံးမှာတော့ အနည်းငယ် ဖတ်ရခက်တဲ့ စာလုံးတွေ ဖြစ်ပြီး အက္ခရာ C နဲ့ E သို့မဟုတ် B ကို တွေ့ရတယ်ဆိုပဲ။ နောက်ခံပုံမှာ ရှိတဲ့ တံတားပေါ်မှာ 72 သို့မဟုတ် L2 ဆိုတဲ့ စာတွေကိုလည်း တွေ့ခဲ့တယ်လို့ သိရပါတယ်။

စာလုံးတွေဟာ သာမာန်မျက်လုံးနဲ့ မမြင်နိုင်ပဲ မှန်ဘီလူးနဲ့ ကြည့်မယ်ဆိုရင်တော့ ရှင်းရှင်းလင်းလင်း မြင်ရပါသတဲ့။ အနုပညာသမိုင်း ပညာရှင် Silvano Vinceti ပြောတာကတော့ ဒါဟာ လီယိုနာဒို အနေနဲ့ သူပေးချင်တဲ့ မက်ဆေ့ချ်ကို သင်္ကေတတွေ အသုံးပြုပြီးတော့ ပေးခဲ့တာ ဖြစ်နိုင်ပါတယ်တဲ့။ ဒီစာလုံးတွေကို ဘာအဓိပ္ပါယ်နဲ့များ ရေးခဲ့တာပါလိမ့်။

Ref: www.thesun.co.uk

3 comments

  • toketokelay

    December 14, 2010 at 1:05 pm

    wow amazing

    Reply

  • weiwei

    December 14, 2010 at 7:31 pm

    အဲဒီရုပ်ရှင်ကြည့်ဖူးတယ် … စိတ်ဝင်စားဖို့တော်တော်ကောင်းတယ် … ကြည့်လို့လဲကောင်းတယ် … ဒါပေမယ့် သိပ်တော့နားမလည်ဘူး … အဲဒီလိုဇာတ်လမ်းမျိုးရေးရဲတာကိုတော့ အံ့ဩတယ် …

    Reply

  • char too lan

    December 15, 2010 at 4:58 am

    စာအုပ်တော့ဖတ်ဖူးတယ် သိပ်မမှတ်မိတော့ဝူး @_@

    Reply

Leave a Reply

Your email address will not be published.