aungsansukyi.youth@gmail.com နဲ့ ပါတ်သတ်၍

အာဂDecember 13, 20101min03

aungsansukyi.youth@gmail.com က Invite လုပ်ရင် လက်မခံပါနဲ့ ဆိုပြီး လွန်ခဲ့တဲ့ အပါတ်က စတင်ပြီး အွန်လိုင်းမှာ ပြန့်ပွားနေတာကို တွေ့ရလို့ ကျနော် မယုံကြည်တာနဲ့ google mail ထဲကို ဝင်စစ်ကြည့်လိုက်တဲ့ အခါ ဘယ်သူမှာ အဲဒီ အကောင့်ကို သုံးထားတာ မရှိပါဘူး ။ အဲဒါနဲ့ဘဲ ကျနော်လည်း လက်တွေ့ သက်သေပြရအောင် ဆိုပြီး အဲဒီ နံမည်နဲ့ အကောင့်ဖွင့်ပြီး ယူထားလိုက်ပါတယ် ။

နည်းပညာ အကူအညီနဲ့ သတင်းတစ်ခု ကို လျှင်မြန်စွာ ဖြန့်ဖြူး နိူင်တဲ့ အချိန်မှာ တစ်စုံတယောက်ရဲ့ နောက်ပြောင်မှုကြောင့် စိုးရိမ်စိတ်နဲ့ လိုက်လံ ဖြန့်ဖြူးပေးကြတဲ့ တာဝန်သိတတ်သူတွေ အလုပ်ရှုပ်သွားပါတယ် ။ လက်တွေ့ကျကျ စဉ်းစားကြည့်လိုက်ရင် gmail အကောင့်တခုက invite လုပ်တာကို လက်ခံလိုက်တာနဲ့ မိမိတို့ အကောင့် ပျောက်ဆုံးသွားနိူင်တယ်ဆိုတာ လုံးဝကို မဖြစ်နိူင်ပါဘူး ။ virus ဖြန့်ဖြူးသူတွေဟာ စိတ်ဝင်စားစရာ Folder အမည်တွေ ပေး Download လင့်တွေပေးပြီး attach file တွေနဲ့ တွဲပြီး ပို့တတ်ကြပါတယ်။
နောက်တချက်ကတော့ website တစ်ခုကို ဝင်တဲ့အခါ ဝင်ရောက်လိုသူ တွေရဲ့ Email လိပ်စာနဲ့ Password တွေကို တောင်းတတ်ကြပါတယ် ။
အဲဒီလို တောင်ခံလိုက်လို့ တကယ်ယုံကြည်ပြီး ပေးအပ်လိုက်ရင် မိမိတို့ရဲ့ Personal မေးတွေကို ဝင်ရောက်ကြည့်ရှုခွင့် ပေးလိုက်သလို ဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် တကယ့်ကို တရားဝင် နံမည်ကြီး website တွေက လွဲရင် အခြားဆိုဒ်တွေမှာ ဘယ်တော့မှ မိမိတို့ရဲ့ Password ကို မပေးမိပါစေနဲ့လို့ အထူး သတိပေး
အကြောင်းကြားလို ပါတယ် ။

ယခုအခါ အွန်လိုင်းမှာ နံမည်ကြီးနေတဲ့ မြန်မာ Porn ဆိုဒ်တွေကို ဝင်ရောက် ကြည့်ရှုသူများ အထူး သတိထားပါ ။ သူတို့ရဲ့ ပင်ကိုယ်စိတ်ထားကိုက ယုတ်မာလွန်းပြီး အဲဒီလိုကိစ္စတွေမှာ အားသန်လွန်းလို့ ကိုယ်တိုင်ကလည်း ယုတ်မာတဲ့ စိတ်ဓါတ်တွေကို မွေးပြီး သူတပါးကိုလည်း သူတို့လို ယုတ်မာတဲ့ စိတ်ထားတွေ မွေးမြူတတ်အောင် ဖြန့်ဖြူးပေး နေကြတာပါ ။ ဒီနေ့မြန်မာလူငယ်တွေဟာ အစိုးရက အသိညဏ် အဆိပ်ခတ်တာကို အပြင်းအထန် ခံစားနေကြတဲ့ အချိန် ဒီလို မဟုတ်တာ တွေ ကို သင်ကြားပေးနေတဲ့ ဆိုဒ်တွေကို ဝင်ရောက် ကြည့်ရှုရင်းနဲ့ စိတ်ဓါတ်တွေ ပျက်ပြားကာ သူတို့လုပ်ရပ်ကို အဟုတ်မှတ်ပြီး သူ့ထက်ငါ အပြိုင်အဆိုင် ကိုယ်တိုင် ဓါတ်ပုံတွေ ရိုက်ပြီး ဖြန့်ဖြူးနေကြတာကို မြင်ရတာ တကယ့်ကို ဝမ်း နည်း စရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုပါ ။
မိမိတုို့ ပါတ်ဝင်းကျင်မှာ အဲဒီလို လုပ်ရပ်တွေကို အဟုတ်မှတ်ပြီးလက်ခံနေကြတဲ့လူတွေ ရှိရင် သေချာ နားလည်အောင် ဖျောင်းဖြပြောဆို ဆုံးမပေးကြပါလို့ လေးစားစွာ မေတ္တာ ရပ်ခံချင်ပါတယ် ။

ဗမာ့သွေး Face book မှ

3 comments

  • koyinmaung

    December 13, 2010 at 9:28 am

    သတိထားသင့်တဲ့အချက်ပါဘဲ….ကျေးဇူးတင်ပါတယ်

    Reply

  • လင်းဝေကျော်

    December 13, 2010 at 10:31 am

    စိတ်ပျက်စရာကောင်းတဲ့နောက်ပြောင်မှုတွေနဲ့
    လိုက်ပြီး ယောက်တတ်တဲ့ လူအများစုရဲ့အကျင့်ပေါ့လေ

    Reply

  • MTY

    December 13, 2010 at 5:27 pm

    knowledge နည်းတာဗျာ နေရာတကာသူဘဲ..ဖြစ်နေတာက.. မြန်မာတစ်ခှတည်းမဟုအ်.. the world တစ်လုံးပါ

    Reply

Leave a Reply

Your email address will not be published.