သင်္ကြန်ကာလ ကားခနှုန်းထား ပိုတောင်းသည့် အဝေးပြေးဂိတ်ရှိက တိကျစွာ တိုင်ကြားနိုင်ဟုဆို

BayoteApril 9, 20101min03

ရန်ကုန်မြို့တော်မှ တိုင်းနှင့်ပြည်နယ် အသီးသီးသို့ ပြေးဆွဲလျက်ရှိသော အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေး သယ်ယူ ပို့ဆောင်ရေး ဝင်းများ အတွင်းရှိ မော်တော်ယာဉ်ဂိတ်များအနေဖြင့် သင်္ကြန်ကာလတွင် သတ်မှတ် နှုန်းထားထက် ပိုမိုတောင်းခံပါက ဂိတ်၏ အမည်နှင့်တကွ တိတိကျ ကျ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ( မထသ) (အဝေးပြေး) မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ ဈေးပိုတောင်ခြင်း၊ ပြေးဆွဲရန် စီစဉ်ထားပြီး ပြေးဆွဲမှု ရပ်နားခြင်းတို့ကို နှစ်စဉ် ကြုံတွေ့နေရသော်လည်း အချို့မှာ တိုင်ကြား မှု မရှိကြောင်း၊ တိကျစွာတိုင်ကြားပါက ထိရောက်စွာအရေးယူကြောင်း၊ ယခုနှစ် တွင်လည်းအလားတူ အဖြစ်မျိုးရှိပါက တိုင်ကြားနိုင်ရန် သင်္ကြန် ကာလတွင် တယ်လီဖုန်း အချိန်ပြည့် ဖွင့်ထားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ အဝေးပြေးဂိတ်များမှ အခြားဒေသ အသီးသီးသို့ ပြေးဆွဲနေ သော မော်တော်ယာဉ်လိုင်းအများစုမှာ ဧပြီလ ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တို့ အထိပြေးဆွဲရန် သတ်မှတ်ပေးထားကြောင်း၊ သို့သော် အသွား အလာများသည့်ဒေသများအတွက် မူသင်္ကြန်ရက်များအတွင်း ပြေးဆွဲရန် သတ်မှတ်ပေးထားကြောင်း၊ သင်္ကြန်အကြို ရောင်းချမည့် လက်မှတ် များကိုလည်း ဈေးမတန်တဆ မတောင်းခံနိုင်အောင် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။ ရန်ကုန်မြို့တော်မှ မိမိ ၏ မွေးရပ်ဇာတိမြို့ရွာများကို သွားရောက် လည်ပတ်ကြမည့် လူငယ်အချို့က ပြောကြားရာတွင် လက်မှတ်ဝယ်ယူရာ၌ လက်မှတ်ရှိသော်လည်း မရှိဟု ပြောပြီးဈေးပိုပေးပါမှ ထုတ်ရောင်းခြင်း၊ ယခင် ၉၀၀၀၊ ၁၀,၀၀ဝ ကျပ်ပေးရသော လက်မှတ်ကို ယခုအခါ ၁၅,၀၀ဝ ကျပ် ၁၈,၀၀ဝကျပ် အထိ ပေးဝယ်နေရခြင်းတို့ ကြုံတွေ့ရကြောင်း တောင်ကြီးသို့ ပြန်မည့် လူငယ်တစ်ဦးကဆိုသည်။ မထသ(အဝေးပြေး) က တရားဝင် သတ်မှတ် ထားသော နှုန်းထားများမှာရန်ကုန်မှ မန္တလေး ၁၀,၃၀ဝ ကျပ်၊ မုံရွာ ၁၂၄၀ဝ ကျပ်၊ တောင်ကြီး ၁၀၈၀ဝ ကျပ်၊ လားရှိုး ၁၄,၄၀ဝ ကျပ်၊ မော်လမြိုင် ၄၈၀ဝ ကျပ်၊ မြိတ် ၁၃,၃၀ဝ ကျပ်၊ စစ်တွေ ၁၅,၂၀ဝ ကျပ်၊ တောင်ကုတ် ၆,၇၀ဝ ကျပ်၊ သံတွဲ ၇,၇၀ဝ ကျပ်၊ ကျောက်ဖြူ ၉,၆၀ဝ ကျပ်၊ ထားဝယ် ၉,၂၀ဝ ကျပ်စသည်ဖြင့် သတ်မှတ်ထားပြီး ထိုထက်ပိုတောင်းခဲ့ပါက အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း ဖုန်း – ၆၃၆၄၈၂၊ ၆၃၉၄၅၅၊ လိုင်းခွဲ- ၂၃၂ နှင့် ဒဂုံဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်း ၆၈၅၃၀ဝ ၊လိုင်းခွဲ ၃၄၅ သို့ တိုင်ကြားနိုင်ကြောင်း မ.ထ.သ ( အဝေးပြေး) ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားကြောင်း ၂၀၁ဝ ခုနှစ် ဧပြ ီ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

3 comments

  • Rain girl

    April 9, 2010 at 8:04 am

    အိမ်ပြန်ချင်တော့လည်း ဘယ်လောက်ဖြစ်ဖြစ် ဝယ်ရတာပဲ။ ခုလို တိတိကျကျ တာဝန်ယူပြီး ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ဒီလို သင်္ကြန်ရက်တွေ အားလပ်ရက်တွေကို ခုတုန်းလုပ်ပြီး ဈေးတတ်တာတော့မကောင်းဘူးပေါ့။ ဒါပေမယ့်လည်း ဘယ်သူမှတော့ အလုပ်ရှုပ်ခံပြီးတိုင်ကျမှာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်ဆိုလဲ မတိုင်ဘူး။ အလုပ်လည်းရှုပ်တော့ သိပ်တိုင်ကျမှာ မဟုတ်ပါဘူးဗျာ။

    Reply

  • allinic

    April 9, 2010 at 8:27 am

    ကားခ ပိုတောင်းလို့တိုင်ကြားနိုင်တာကောင်းပါတယ။် ကုန်ဈေးနူှန်းပိုတောင်းတာကောတိုင်လို့ရရင်ပိုကောင်းမယ်ထင်ပါတယ်။

    Reply

  • susunosuki

    April 15, 2010 at 4:07 pm

    ဟုတ်တယ်
    ကားခ ပိုတောင်းတာက အခိုက်အတန့် ပဲ
    ကုန်ဈေးနှုန်းပိုတောင်း ရင် တိုင်ကြားလို့ရရင် ပိုကောင်းမယ်
    ပိုအရေးကြီးတာကို ပြောတာပါ
    ဖြစ်နိုင် မဖြစ်နိုင်ကတော့ ……..
    စောင့်ကြည့်ရမှာပေါ့

    Reply

Leave a Reply

Your email address will not be published.