cosmeticပစ္စည်း တံဆိပ်အတုများထွက်ပေါ်နေကြောင်း သတိထားသင့်

  • Post author:
  • Post category:News
  • Post comments:5 Comments

ပစ္စည်းကောင်းတစ်ခုဖြစ်ပေါ်လာပြီဆိုလျှင် တံဆိပ် တုပထားသော ပစ္စည်းများလည်း ဈေးကွက်အတွက်ရောက်လျှက်ရှိကြောင်း ကိုယ်တွေ့မြင်ခဲ့ရသည် ။ အထူးသဖြင့် အမျိုးသမီးများအကြိုက်ဖြစ်သော အလှကုန်ပစ္စည်းများဖြစ်ပြီး တံဆိပ်ကိုမြင်လျှင်နာမည်ကြီးပြီး ဈေးကြီးသော တံဆိပ်များ အဝယ်များကြောင်းသိရသည် ။ အထူးသဖြင့် မြန်မာနိုင်ငံတွင် အသုံးပြုသော အလှကုန် brand များထဲမှ REVLON , L’OREAL , NIVEA , COVER GIRL,CAMRELLA တို့သည် အတုအပအများဆုံးထွက်ပေါ်ကြောင်းသိရသည် ။ အတုအပဟု ဆိုသော်ငြားလည်း အစစ်အမှန်အသုံးပြုနေသူများမှအပ ကျန်သောသူများ မျက်စိမှားဖွယ်ကောင်းလောက်အောင်ပင် တုပနိုင်လွန်းပြီး ဈေးနှုန်းကွာခြားချက်မြင့်မားကြောင်းသိရသည် ။ သောင်းကျော်ပေးရသော အလှကုန်များကို ထက်ဝက်ကျသော ဈေးဖြင့်ရလျှင်ပင် လူအများတန်သည်ဟုထင်ကာ ဝယ်ယူသုံးစွဲခြင်းဖြစ်သော်လည်း ၎င်း ပ စ္စည်းများမှာ မူရင်းကုမ္ပဏီထုတ်  အလှကုန်များမဟုတ်ပဲ တုပထုတ်လုပ်ထားသော အလှကုန်များဖြစ်ကြောင်းသိရသည် ။ အတုအပဖြစ်သောကြောင့် အရည်သွေးအာမခံချက်မရှိပဲ ဆန်းဆစ်တစ်ဖ်ဖြစ်သော အသားရေပိုင်ရှင်များတွင် အရေပြားယားယံခြင်းများ ဓါတ်မတည့်မှူများဖြစ်ပေါ်တတ်ကြောင်းလည်း သိရသည် ။

အချို့သော ရောင်းချသူတို့ကိုယ်တိုင် အတုအပများကို အစစ်ထင်ကာရောင်းချလျှက်ရှိကြောင်းတွေ့ရသည် ။ အတုများသည် နာမည်ကြီးအလှကုန်များဧ။် packing တန်ဖိုးသာသာမျှဖြင့် ဈေးကွက်အတွင်းဝင်ရောက်လျှက်ရှိသောကြောင့် ဆင်ခြေဖုံးရပ်ကွက်များတွင် အရောင်းသွက်ကြောင်းသိရသည် ။ ဈေးဝယ်အများဆုံးထွက်ကြသော ဘန်ကောက်၊ စင်္ကာပူအစရှိသော နိုင်ငံတို့တွင် ယခု အချိန်ကဲ့သို့ Christmas ပွဲနှင့် New Year နီးသော ကာလများတွင်လည်း discount များချ၍ ရောင်းချသော အလှကုန်များမှာ ဈေးနှုန်းအားဖြင့်သက်သာသော original company ထုတ်ပစ္စည်းများဖြစ်သော်လည်း expire အားဖြင့် နီးကပ်လျှက်ရှိကြောင်းသိရသည်

etone

Goooooooooooooooooood 4 nothing lady !!!

This Post Has 5 Comments

  1. ဆူး

    ဒီအချိန် လျော့တယ်လေ.. လျော့လို့ သဘောကျဝယ်တယ်.. ဘယ်သူမှ အရှုံးခံပြီး မလျော့ဘူး အားနည်းချက်ရှိလို့ လျော့.. ဒါကို နားမလည်တော့ ဝယ်ခဲ့ကြ.. အချိန်ခဏ အတွက် မသုံးဘဲ ကြာကြာ ထားတော့ ပြသနာတွေ ဖြစ်ကုန်ရော.. အလှကုန် ဆိုတာ ၃နှစ်ကနေ ၅နှစ်အထိ ခံတယ် တော့ ပြောတာဘဲ..
    ဆိုင်တွေက ပစ္စည်းတွေက အောက်လမ်းက ဝင်တယ် လို့ ပြောတာဘဲ.. မစမ်းရဲလို့ တခါမှ မသုံးကြည့်ဘူး။ ကုပ္မဏီ ပစ္စည်းတောင် ဒိတ်ချိန်းတာ ဖြစ်နိုင်တယ်။ ပြီးတော့ ဈေးက မတရားကြီးသေးတယ်။ ဘန်ကောက်လောက်မှာ ၁သောင်း မပြည့်တဲ့ ပစ္စည်း ဒီမှာ ၂သောင်းနီးပါး ရောင်းတာ ဈေးက တဝက်လောက် ကွာတယ်။ လူကြုံ ရှာပြီး မှာတာ အကောင်းဆုံးဘဲ ပစ္စည်း လက်ဆက်တယ်။

  2. winkyawaung

    ပစ္စည်းတုတွေ တော်တော်ဆိုးပါတယ်ကွယ်..။

  3. kopauk mandalay

    ပစ္စည်းတွေဈေးသက်သာလို့ ဝယ်တော့မယ်လို့ စိတ်များကူးမိရင်
    ကိုပေါက်(မန္တလေး)ရဲ့
    “လိုုက် လိုက် နောက်ကလိုက် ပြီးတော့ အောက်ကရိုက် ” ကိုအရင်ဖတ်ပြီးမှဝယ်ပါ။
    ဒါကတော့ တစ်ဆယ်တန်ကြော်ငြာလေးဖြစ်ပါတယ်။

  4. shweminthar

    အလှကုန်ပစ္စည်းတွေ သုံးမယ်ဆိုရင် သေသေချာချာ စစ်ဆေးပြီးမှသုံးသင့်တယ်။
    အခက်မသင့်ရင် အသားအရေ ပျက်ဆီးသွားနိုင်ပါတယ်။
    အခု အချိန်မှာ ဆိုရင် အလှကုန်ပစ္စည်းတွေ ကို တံဆိပ်မျိုးစုံရိုက်ပြီးတော့ ထုတ်လုပ်နေကြပါတယ်။

  5. etone

    ပစ္စည်းအတုတွေကို အစစ်တွေမှတ်ပြီး ဈေးတန်တယ်အထင်နဲ့ အလုအယှက ်ဝယ်နေတာတွေ့လို့ စိတ်ထဲ သိပ်ဘဝင်မကျတာနဲ့ ရေးလိုက်ရတာပါ ။

Leave a Reply