Diamond Planet (စိန်စီသောဂြိုလ်)

Zaw WonnaDecember 13, 20101min03

ကာဗွန်ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့ စိန်ဟာ ကမ္ဘာပေါ်မှာ တန်ဘိုးအမြင့်ဆုံး၊ အမာကျောဆုံး ကျောက်မျက်တစ်မျိုး ဖြစ်ပါတယ်။ ပြီးတော့ စက်မှုလက်မှုလုပ်ငန်း တွေမှာလည်း အသုံးဝင်တဲ့ ကျောက်မျက်ဖြစ်တယ်။ ကမ္ဘာတလွှားမှာ ရှိကြတဲ့ လူတွေ (အထူးသဖြင့် အမျိုးသမီးတွေ) အတွက်လည်း သည်းခြေကြိုက် ပစ္စည်း တစ်မျိုးပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီစိန်ကို ရှာဖွေဖို့၊ ဒါမှမဟုတ် အတုပြုလုပ်နိုင်ဖို့အတွက် လူတွေဟာ အပတ်တကုတ် ကြိုးစားခဲ့ကြပါတယ်။ အခုတော့လည်း စိန်တွေ ပြည့်နေတဲ့ နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။
ရှာဖွေတွေ့ရှိသူတွေကတော့ နက္ခတ္တဗေဒပညာရှင် တစ်စုပါ။ သူတို့ဟာ ကြယ်တစ်လုံးကို လှည့်ပတ်နေတဲ့ ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ကြပြီး WASP-12b လို့ အမည်ပေးထား ကြပါတယ်။ အင်္ဂလန်နိုင်ငံက ဦးဆောင်တဲ့ ဂြိုလ်စူးစမ်းရှာဖွေရေး အဖွဲ့ရဲ့ Wide-Angle Search for Planets (WASP) စီမံကိန်းအရ မနှစ်တုန်းက တွေ့ရှိခဲ့တာပါ။ ဒီဂြိုလ်ရဲ့ အရွယ်အစားက ဂျူပီတာဂြိုလ်လောက် ရှိပြီး ၂၆ နာရီကို တစ်ပတ်နှုန်းနဲ့ ကြယ်ကို လှည့်ပတ်နေပါတယ်။ WASP-12b ဂြိုလ်ဟာ ကြယ်နဲ့ နီးကပ်စွာ လှည့်ပတ်နေတဲ့အတွက် အပူပြင်းဆုံး ဂြိုလ်တစ်ခု ဖြစ်ပါတယ်။
ကျနော် တစ်ခု စဉ်းစားမိတာက “ယောက်ျားတံခွန်၊ လူရည်ချွန်က၊ ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲတမ်းတည်း” ဆိုတဲ့ မြန်မာဆောင်ပုဒ်လေး တစ်ခု ရှိတယ်မဟုတ်လား။ နောက်ဆိုရင် “ကောင်းကင်တမွတ်၊ စိန်ကိုဆွတ်လည်း” ဆိုပြီးတော့များ ပြောကြမလားမသိဘူး။ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးလေ။ ဒီစိန်တွေကလည်း လက်တကမ်းအကွာမှာ ရှိတာမဟုတ်လား။ လက်တကမ်းဆိုတာက နက္ခတ္တဗေဒ အရ ပြောတာပါ။ ကျနော်တို့ရဲ့ ကမ္ဘာနဲ့ အလင်းနှစ် ၁၂၀ဝ လောက်ပဲ ဝေးတာဆိုတော့လေ။
Ref: ANI
Published Dec 10 2010

3 comments

  • bigcat

    December 13, 2010 at 2:39 am

    အောင်မလေးဗျာ၊ အဘတပ်ရှုပ်ကြီး လစဉ်ဝယ်စုထားတဲ့ စိန်တွေတော့ သွားပါပြီ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 13, 2010 at 3:37 am

    လက်တို ့ပြီး ပြောလိုက်ကြပါဗျို ့
    ဘာမှ အသုံးမကျတဲ့ ကျောက်ခဲတွေကို ဝယ်စုဆောင်းမယ့်အစား
    ရှိတာတွေ ထုတ်ရောင်းပြီး ပြည်သူ ့ဆေးရုံ ဘာညာကွိကွ တွေ ဝယ်ပြီး
    ပြည်သူတွေကို အလုပ်ကြွေးလုပ်ဘို ့အချိန်တွေ အများကြီးရှိပါသေးတယ်
    အဲ့သည်လိုများလုပ်လို ့ကတော့ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ကိုယ်တိုင်
    သဒ္ဓါနှင့်တည်သော ထိုသူ ့ကို ရည်မှန်းပြီး ရှိခိုးပါ့မယ်ခင်ဗျ

    Reply

  • ဆူး

    December 13, 2010 at 7:57 am

    အင်း.. စိန်ဂြိုလ်ကြီးကို စိတ်ဆွဲပြီး သေလို့ကတော့ အဲဒီဂြိုလ်ပေါ်မှာ လောက် ဖြစ်သွားနိုင်တယ်..

    Reply

Leave a Reply to မိုက်ကယ်ဂျော်နီအောင်ပု Cancel Reply

Your email address will not be published.