လွတ်လပ်မှုတဲ့လား

သင်ယူထားတဲ့အသိတရားက
လူကိုဘောင်ပြန်ခတ်တယ်…..
စုဆောင်းထားတဲ့ ချစ်ခြင်းတရားက
ရင်ဘတ်ကို ပြန်ဖောက်ခွဲတယ်…..
ကော်ပီကူးချထားသမျှ ဗိုင်းရပ်တွေဖြစ်နေတော့
ဟတ်ဒစ်ကိုပိုးထိတာ မဆန်းပါဘူး……
ကဗျာဆရာတွေပြောပြောနေတဲ့ လွတ်လပ်မှုမျိုးကိုရချင်တယ်ဆိုရင်
သိတတ်တဲ့ မင်းအသိတရားတွေကို
ူမြို့ပြစွန့်ပစ် ရေဆိုးမြောင်းထဲသွန်ပစ်လိုက်ပါ……
ငါ်ပြောသားပဲ
“သိတတ်လေလေ
လွတ်လပ်မှု ဆုံးရှုံးလေလေ”ဆိုတာကိုပေါ့။
ရှာရာဗိုဗာရေ…
အဲဒီ ရှေးဟောင်းတင်းနစ်ဘောလုံးကြီးကို
ခပ်ဝေးဝေးရောက်အောင် ရိုက်ထုတ်ပစ်လိုက်စမ်းပါ
ငါ အေးအေးဆေးဆေး အိပ်စက်ပါရစေ…။

manawphyulay

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။

This Post Has 11 Comments

  1. unclegyi1974

    ဆိုင်လားတော့မသိဘူး မနော ရေ
    ကျွန်တော်တို့အဖေပြောဖူးတယ်
    လိမ္မာတယ်ဆိုတာကိုယ့်ဆီကအများကြီးပေးပြီးမှရ
    တာတဲ့
    ဆိုးတယ်ဆိုတာနာမည်သာဆိုးတာကိုယ်ကအများ
    ကြီးရတယ်တဲ့

  2. char too lan

    သွေးထွက်အောင်မှန်တယ် အန်ကယ်ကြီးရေ~~~~

  3. အာဖျံ ကွီး

    ဟုတ်တရ် …
    အဲဒီတစ်ခုကို လုံးဝဘဝင်မကျဘူး။

    ပီးတော့ … ရှိသေးတရ် …
    လိမ္မာတဲ့သူတွေက အနစ်နာခံကြရတရ်။ နားလည်ပေးရတာများတရ်။ ပိုကြိုးစားကြရတရ်။ (ကိုယ်ကသူများထက်တော်နေရဲ.သားနဲ.၊ သူများဘဝထက်ကောင်းနေရဲ.သားနဲ.)

    လူဆိုးတွေများ .. ဇိမ်နဲ. .. ပြောချင်တာပြော၊ ဆိုချင်တာဆို၊ လုပ်ချင်တာလုပ်

    လိမ္မာတဲ့သူတွေ တစ်ခုလေးပဲ မှားလုပ်မိအုံး … ကဲ့ရဲ.ခံရတာက အခါတစ်ရာမှန်နေတုန်းက ရတဲ့ ချီးကျူးခံရတာထက် ပိုများတရ် ……..

    စိတ်လေတရ် ……………..

    ဘာကြောင့်လဲဆိုတာ ပဟေဠိဖြစ်နေတုန်းပဲ …… 🙁

  4. jarnuu

    ဟုတ်ပါတယ် အသိတရားရှိလေလေ ဘောင်ကကျဉ်းလာလေလေပါပဲ

  5. winkyawaung

    ဘောင်ကျဉ်းတယ်ထင်ပေမဲ့ ရှောင်ကွင်းလို့မရတဲ့ အသိတရားတွေ မဟုတ်ပါ့လား…။

  6. thethtet87

    သူများအတွက်အားလုံးစဉ်းစာလိုက်ရင်လိမ္မာလာတာပေါ့။ထင်တာဘဲ။
    ကိုယ့်အတွက်ဘဲစဉ်းစားရင်တော့မိုက်တာပေါ့။

  7. R Ga

    “သိတတ်လေလေ
    လွတ်လပ်မှု ဆုံးရှုံးလေလေ”

    ိုမိုက်တယ်…။ကဗျာကလည်း ကောင်းတယ်။

    စကားမစပ် poem corner က မနောဖြူလားမသိဘူး။

  8. kai

    ဒီကဗျာက ..တော်တော်ကောင်းတယ်..။
    တွေးစရာတွေပေးနိုင်တယ်..။

    နိုင်ငံခြားထွက်ပြီး … ဘဝရွက်လွှင့်မဲ့သူတွေ သေသေချာချာ ခွဲခြမ်းစိတ်ဖြာသင့်တယ်..။

  9. manawphyulay

    ဟုတ်ကဲ့ပါ R Ga ရေ poemcorner မှာလည်း မနော ကဗျာရေးဖြစ်ပါတယ်ရှင်။ ခုနောက်ပိုင်း အလုပ်နဲ့ အချိန်ပိုင်းတက်နေတဲ့ကျောင်းနဲ့ ဘတ်ဂျတ်အခြေအနေအရ နေရာ အတော်များများကို သိပ်မရောက်ဖြစ်ခဲ့ပါဘူးရှင်။

  10. naywoonni

    လိမ္မာတဲ့သူက မိုက်ပြီဆျုရင်လည်း တစ်သက်လုံးမိုက်လာတဲ့သူတောင် လိုက်မမီတော့ဘူး အဲဒိလိုတော့မဖြစ်ပါစေနဲ့

Leave a Reply