ကျနော် ဘာလို့ နိုင်ငံ အလံကို အလေးပြုသလဲ။ နိုင်ငံသား ဖြစ်ရတာ ဘာလို့ ဂုဏ်ယူမိသလဲ။ (အပိုင်း ၂)

BayoteApril 9, 20101min03

ဒီလိုနဲ့ ကျနော် အများပြောကြတဲ့ စင်္ကာပူ ဆိုတာကို ရောက်ခဲ့တော့တယ်။ သူငယ်ချင်းက လာကြိုပါတယ်။ ပြီးတော့ Passport တောင်းပြီး ကဒ်လေးတစ်ခုလုပ်လာတယ်။ပြီးတော့ သူတို့ခေါ် MRTပေါ် တက်ခဲ့တော့တယ်။ ကျနော်တွေ့ခဲ့တာ တစ်ခု က စည်းကမ်းကြီးတာတစ်ခု ပါ။ ဘယ်အရာမဆို စည်းနဲ့ ဘောင်နဲ့မှ တိုးတက်တယ်ဆိုတာသိခဲ့ရတယ်။ ကျနော် တခြားနိုင်ငံရောက်နေပါပြီ။ ကျနော့်ရင်ထဲမှာ ငါဒီနိုင်ငံသားလေးဖြစ်ယင်ကောင်းမှာပေါ့။ ကဒ်တွေလည်း အမျိုးမျိုးပေါ့။ Spass, EP, PR, Citizen ပေါ့။ ကျနော်က တော့ တစ်လနေခွင့်ကဒ်ပေါ့။ တိုက်တာတွေကလည်း အမြင့်ကြီးပေါ့။ မီးတွေကလည်း ညဆို ထိန်ထိန်လင်းလို့။ နိုင်ငံချမ်းသာတာကိုတွေ့လိုက်ရတယ်။

အဲကျနော် ပြောချင်တာ က နိုင်ငံသားအခွင့်အရေး။ သူတို့နိုင်ငံသားဆို အကြွေးဝယ်လို့ရတယ်။ ဆေးရုံ အလကားတက်လို့ရတယ်။ လစဉ်လေးနဲ့ ဝယ်လို့ရတယ်။ ဪ နိုင်ငံသား အခွင့်အရေးတွေ များပါလားပေါ့။ လူချင်း အတူတူတောင် ခွဲကျသေးပါလား။ ခေါင်းတစ်လုံး၊ လက်နှစ်ဘက်၊ခြေနှစ်ဘက် ပါတာတူတာတောင် အခွင့်အရေးတွေကမတူပါလား။

သူက ဟိုနိုင်ငံသားမို့လို့ နှိမ်တာ၊ ဥရောပနိုင်ငံသား အမေရိကန်နိုင်ငံသား မို့လို့ အခွင့်အရေးတွေပိုပေးတာ “နိုင်ငံသား” ဆိုတာကြောင့်လား။ တိုးတက်တဲ့ နိုင်ငံကမို့လို့လား။ သူတို့မှာ Green card ဆိုတဲ့ အစိမ်းရောင် ကဒ် ရှိလို့လားပေါ့။ ကျနော့ရဲ့ ပန်းရောင် ကဒ်လေးတောင် သတိရလိုက်သေးတယ်။ J

ကျနော် ဝမ်းနည်းတာတစ်ခုဖြစ်ခဲ့တယ်။ ကျနော်တို့ဆီမှာ အရင်းအမြစ်တွေ အများကြီးရှိပါတယ်။ လူတော်တွေအများကြီးရှိပါတယ်။ ကျနော်တို့ တွေသာ စည်းစည်းလုံးလုံး တိုင်းပြည် ရဲ့ အရင်းအမြစ်တွေကို လူသား အရင်းမြစ်တွေနဲ့ ပေါင်းခဲ့မယ်ဆိုယင် ကျနော်တို့ နိုင်ငံဟာ နှစ်တိုအတွင်းမှာ အရမ်းတိုးတက်လာမှာပါ။

(ဆက်လက်ဖော်ပြပါမည်။)

3 comments

  • susunosuki

    April 15, 2010 at 1:54 pm

    ကျွန်တော် Green Card ဆိုတာမသိဘူးဗျာ
    သိတဲ့သူတစ်ယောက်လောက်ရှင်းပြပေးစေချင်ပါတယ်
    ကျေးဇူးတင်ပါတယ်

    Reply

  • peace

    April 25, 2010 at 6:12 am

    long stay နေတဲ့သူတွေ က green ကဒ်ကိုင်ရပါတယ်သူငယ်ချင်း
    အလုပ်လုပ်လို့တော့မရဘူးပေ့ါ.. 1 year to 5 year

    Reply

  • kai

    April 25, 2010 at 9:58 am

    Green Card က အမေရိကန်ပြည်ထောင်စုမှာပဲ သုံးတဲ့စကားမို ့ အမေရိကကို ဆိုလိုတယ်ထင်ပါတယ်။
    နည်းနည်းရှင်းပြကြည့်ပါမယ်။
    သူက အစိမ်းရောင်ကဒ်လို့ ဘာကြောင့်ခေါ်သလဲ သေချာမသိပါဘူး။ တကယ်က အစိမ်းရောင်မဟုတ်ပါ။ ပန်းရောင်သန်းပါတယ်။ အစိမ်းရောင်ဆိုလို့ အပေါ်မှာ ဘားတန်းအစိမ်းရောင်လေးပါတာပဲရှိပါတယ်။
    ရှေးအရင်က အစိမ်းရောင်ဖြစ်ခဲ့တာမို ့ခေါ်သလားမသိပါ။
    အမေရိကကို ဒီဗီမဲပေါက်ရင်ဖြစ်ဖြစ်။ ဆွေမျိုးတွေခေါ်ရင်ဖြစ်ဖြစ် အစိမ်းကဒ်လေဆိပ်အဝင်မှာကတည်းက ရတယ်ဆိုပါစို့။ လေဆိပ်အဝင်မှာဓါတ်ပုံရိုက်၊ မှတ်တန်းယူထားလိုက်ပြီး တလလောက်အကြာမှာ ပေးထားတဲ့လိပ်စာဆီ အဲဒီကဒ်ကလေး စာတိုက်ကပို ့လိုက်တာပါ။
    အဲဒါလေးရှိရင် အမေရိကန်နို်င်ငံသားနဲ့ အဆင့်တော်တော်နီးစပ်နေပါပြီ၊ အလုပ်လုပ်ခွင့်ရှိပါတယ်။ ကျမ်းမာရေးအာမခံတွေ လျှောက်ယူလို့ရပါတယ်။ မဲပေးခွင့်မရှိတာလောက်ပဲ ကွာပါတော့တယ်။
    သာမန်အားဖြင့် ၅နှစ်ဆက်တိုက်ပြည်တွင်းမှာ ဆက်နေနေရင် နိုင်ငံသားလျှောက်လို့ရပါတယ်။ လက်ထပ်ဝင်လာတဲ့လူတွေကတော့ သုံးနှစ်ဆို နိုင်ငံသားလျှောက်ခွင့်ရပြီး ဖြစ်ပါတယ်။
    သူနဲ့တွဲလျှက် သိထားသင့်တာတခုက ဆိုရှယ်စကျူရတီကဒ်social security card ပါ။ အဲဒါက လူမှုဖူလုံရေးနဲ့ပါတ်သက်တာတွေ ရစေတဲ့ ကဒ်ပါ။ ကဒ်ဆိုတာထက် နံပါတ်ရိုက်ထားတဲ့ စက်ကူစလေးလို့ပြောရင် ပိုမှန်ပါမယ်။ အဲဒီနံပါတ်ကြောင့် သာ အမေရိကန်နိုင်ငံသားကို တခြားနိုင်ငံကလူတွေ တလေးတစားဆက်ဆံကြတယ် ပြောလို့ရပါမယ်။ အဲဒီမှာ စုဆောင်းငွေတွေ။ အကြွေးစံနစ်တွေ ချိပ်ဆက်ရှိနေတာကိုး။
    အစိ်မ်းကဒ်က သက်တန်းရှိပါတယ်။ အရင်က သက်တန်းမရှိပဲ နောက်ပိုင်းနှစ်တွေမှာ ၁ဝနှစ်သက်တန်းရှိပါတယ်။
    နိုင်ငံသားမလျှောက်ပဲ ကိုင်ထားရင် ၁ဝနှစ်၁ခါတော့ သက်တန်းတိုးရပါလိမ့်မယ်။
    နိုင်ငံသားလျှောက်တဲ့အခါမယ် ၅နှစ်ဆက်တိုက်ပြည်တွင်းမှာ ရှိမှရတာပါ။ ဥပမာ။ ။ စင်္ကာပူ တနှစ် သွားနေနေပြီး ၅နှစ်ပြည့်ပါပြီးဆိုပြီး နိုင်ငံသားလျှောက်လို့မရပါဘူး။
    ၄နှစ်ပဲတွက်ပါတယ်။ သာမန်အားဖြင့် ၆လထက်ကျော်ပြီး အမေရိကပြင်ပနေရင် ၅နှစ်သက်တန်းထဲက အချိန်နှုတ်ပစ်ပါတယ်။ အဲဒါကြောင့် မင်းသမီးစိုးမြတ်သူဇာ ၆ လတခါ အမေရိက ပြန်ပြန်လာနေရတယ် ဆိုပါစို့။
    ရေးရရင် အရမ်းရှည်ပါမယ်။ အကြမ်းအားဖြင့်တော့ ဒါပါပဲ..။

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.