“ဒို့လုံချည်” (ဒုတိယတန်း မြန်မာဖတ်စာတွင် ပြဌာန်းမည့် သင်ခန်းစာအသစ်)

Good IdeaDecember 10, 20101min04

ကျွန်တော်တို့ ကျွန်မတို့ကျောင်းရှေ ့ရှိ ဝါးလုံးတိုင်ထိပ်တွင် လုံချည် တစ်ထည် လွှင့်တင်ထားပါသည်။ လုံချည်တွင် အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်ဟူသော အရောင် ၃ မျိုးကို ပေါင်းစပ် တွဲချုပ်ထားပါသည်။ လုံချည်ကို ချုပ်နေ စဉ် ကြွက်ကိုက်သွားသဖြင့် အဖြူရောင်ရှိသော ကြယ်တလုံးဖြင့် အစားထိုး ဖာထေးလိုက်ရပါသည်။ အနီရောင်က တရုတ်၊ အဝါရောင်က အိန္ဒိယကို ကိုယ်စားပြုသည်ဟု သိရှိရပြီး အစိမ်းရောင်သည် ကျွန်တော်တို့ ကျွန်မတို့ အိမ်နားမှ ဘာမယ်မယ်ရရ အလုပ်မှ မရှိကြသော၊ လမ်းခင်းပေးမယ်အမှန်ခြစ်ပါ ဟု လိမ်ပြောသူများ ဝတ်ဆင်သည့် လုံချည်ကို ကိုယ်စားပြုပါသည်။ အဝါနှင့် အနီရောင်ကြားတွင် အစိမ်းရောင်ကို ထားရှိခြင်းမှာမူ တရုတ်နှင့် အိန္ဒိယတို့၏ ဂုတ်သွေးစုတ်ခြင်းကို ကိုယ်စားပြုပါသည်။ ဖာထေးလိုက်ရသော ကြယ်ကြီးမှာမူ ကိုယ်စားပြုစရာ မရှိသေးပါ။ ၎င်းကို ကို်ယ် စားပြုရန်အတွက် လေလံပစ်ရာ ထူးကုမ္ပဏီ က အောင်နိုင်သွားသဖြင့် မာဆတ်နှင့် ကေတီဗွီကို ကိုယ်စားပြုခိုင်းမည်ဟု သိရပါသည်။ ထိုလုံချည်ကို ကျွန်တော်တို့ ကျွန်မတို့ နေ့တိုင်းအလေးပြုကြရပါသည်။ ကျွန်တော်တို့ကျွန်မတို့ အလွန် ဝမ်းနည်း ကြပါသည်။

Good Idea

4 comments

  • ချမ်းချမ်း

    December 10, 2010 at 6:28 pm

    ဟဟ
    ကောင်းတယ်ဗျ
    တို ့လုံ ့ချည်နဲ ့ တို ့ထဘီ အတူတူပဲလားဟင်

    Reply

  • char too lan

    December 11, 2010 at 6:40 am

    (ထိုလုံချည်ကို ကျွန်တော်တို့ ကျွန်မတို့ နေ့တိုင်းအလေးပြုကြရပါသည်။ ကျွန်တော်တို့ကျွန်မတို့ အလွန် ဝမ်းနည်း ကြပါသည်။)
    ကျနော်ကတော့ ဒါကြီးကိုခုထိအလေးမပြုဘူး 🙂

    Reply

  • doekalay

    December 11, 2010 at 8:11 am

    အလေးမပြုချင်ပါဘူးထမီကြီးကို………………………………………

    Reply

  • ဆူး

    December 11, 2010 at 8:18 am

    ရီရတယ်.. စိတ်ကူးကောင်းကောင်းနဲ့ ရေးထားတာဘဲ

    Reply

Leave a Reply to doekalay Cancel Reply

Your email address will not be published.