မျက်မှောက်ခေတ်ကဗျာ

စေနDecember 10, 20101min01

(၁) ဆိုင်ကယ်တစ်စီး၊ထိုင်တွယ်စီးလျက်

အနီးနားက၊မကျော်ရအောင်

ဖိကာပိတ်ထား၊အရှေ့များ၌

တစ်အားတိုးသော၊လူ့ငပေါသည်

ဧကန်စင်စစ်၊ပွဲစားဖြစ်၏။

ဟွန်းမှလွဲ၍၊အကုန်မြည်ငြား

ဒစ်(စ်)ဝိုင်းပါလျက်၊ဆိုင်ကယ်မှတ်၍

အတင်းခွတိုး၊ထိုလူမျိုးသည်

ဟိုသည်ချောင်ခို၊မှောင်ခိုဖြစ်၏။

ဆီထုတ်ပြည်သား၊ငါတို့များမူ

တက်အနင်းခံ၊အတိုက်ခံဖြင့်

နောက်ဆုံးမှသာ၊ရောက်ရရှာသည်

နိစ္စမြဲနေ၊တိုးနိုင်စေ……………။

(၂) ပုဂ္ဂလိက၊ပေးပြီးမှမူ

ဝစ်သောက်နံပတ်ချိတ်၊တိုးကြလိပ်သည်

တစ်စီးဆယ်ခေါက်၊ပွဲစားရောက်လာ

အသာတကြည်၊ဓါတ်ဆီဝယ်သည်

မှောင်ခိုစီးပွား၊ထောင်သူများ၏။

တို့များအစိုးရ၊ပေးစဉ်ကမူ

ထုတ်ရလွယ်ကူ၊ငွေလျှော့ယူသည်

သို့သော်ဓါတ်ဆီခိုးသတည်း။

လျော့ပါသော်လည်း၊သည်းညည်းခံလိမ့်

စိတ်၏ချမ်းသာ၊မတိုးရရှာ

မှန်းဆထွေထွေ၊လွမ်းနိုင်စေ…………။

(၃) နှစ်ထောင့်ငါးရာ၊အရင်းရှာ၍

အပြေးလာထုတ်၊ဝန်ထမ်းစုတ်မှာ

VIP List၊ ပါသည်ဖြစ်၍

စီးပွားဖြစ်သည်၊မောင့်စစ်သည်။

ကျောင်းသားဖြစ်သူ၊ကျွန်တော့်မှာမူ

VIP များ၊ပါမလားလို့

တန်းကာစီတော့၊သူတို့ပြောသည်

နောက်ဆုံးမှာနေ၊ကျောင်းသားရေ။

ကျောင်းသားကဒ်တွင်၊ဆံပင်တိုနှင့်

အပြစ်ကင်းစင်၊ဆံပင်ရှည်သွား

ကျွန်တော်များကို၊ပုံမတူ၍

အသေချာထိုင်၊ရစ်ကြလေသည်

မျက်စောင်းမယွင်း၊ခဲစေမင်း……………..။

(၄) VIP List၊ပြောင်းသစ်လေပြီ

သတင်းကြားသော်၊အဖော်ခေါ်၍

အတည်သွားထုတ်၊ဆိုင်းဘုတ်ကြီးက

ငြီးတွားလှောင်ပြောင်၊အူကြောင်ကြောင်နှင့်

တိုးကြလေစမ်း၊အစိုးရဝန်ထမ်း Only တဲ့။

VIP List ၊ပါရန်မဖြစ်တော့

ဒီအတိုင်းတိုးထုတ်၊ညမိုးချုပ်သည်

ကျွန်တော်မျိုးကြီး၊သေသင့်ပြီ။

မှတ်သွားပါပြီ၊ဒီတစ်ခါတော့

မှောင်ခိုပဲလုပ်၊စီးပွားရှုပ်မည်

ဓါတ်ဆီမပျင်း၊ထုတ်စေမင်း…………။

ပျို့ ရှင်မဟာ$@turn (Moderator)

ဝန်ခံငိုချင်း။ ။အမယ်မင်း၊ကိုယ်ချင်းရယ်တဲ့မှမစာမနာ၊ပြောရတော့မယ်၊ပြောရတော့မယ်ဟဲ့။

အမြတ်မကြည်ဓါတ်ဆီထုတ်ပါလို့၊ခက်တာကမနက်စာမစားခဲ့ရသေးတာမို့၊

ဆီထုတ်ပြီးခဏအကြာမှာညစာသာဖြစ်သွား။အမယ်မင်း…ဆိုးရွားသည့်ဖြစ်ပုံ၊

ငါနေ့တိုင်းကြုံနေရပါလား….လား…..လား…..လား………………..။

ဖော်ဝပ်မေးလ်က ရတာလေးပါ……

One comment

  • Maung Dae`

    December 10, 2010 at 8:40 am

    အင်း… မန္တလေးဆိုင်ကယ် အရေအတွက်နဲ့ ဓါတ်ဆီဆိုင်တွေနဲ့ကတော့ ဒီလိုပြဿနာတွေဖြစ်နေဦးမှာပဲ…

    Reply

Leave a Reply to Maung Dae` Cancel Reply

Your email address will not be published.