PASSPORT ထုတ်ဖို့ ပုံစံ ၁၉ …..

fattyDecember 10, 20101min08

ကျနော် ပုံစံ ၁၉ ထုတ်ဖို့ ခါတိုင်းလိုဘဲ ထင်ပြီး ၉ နာရီလောက် ပြည်ပထွက်သူများအတွက် အခွန်ရုံး ကိုရောက်တယ် ..။ အားပါးပါး …လူက ၃၀ဝကျော်လောက်ရှိပြီ တန်းစီပြီး
ကြိတ်ကြိတ်တိူးနေတာ ..။ ကျနော်ဘယ်ဝင်ပြီးတိုးနိုင်မှာလဲ … အပြင်ကဘဲကြည့်နေရတယ် ..။

ကျနော့အခြေအနေ အကဲခတ်နေဟန်ရှိတဲ့ သူငယ်လေးတယောက်က ဦးလေး ၁၉ လုပ်ဖို့လားတဲ့ ကျနော်တို့service ခ ၅၀ဝ ဘဲယူတယ်တဲ့ ။ ဟန်ကျပြီပေါ့ ..။
အေးကွာ .. ငါလဲဒီလူအုပ်ကို ဘယ်လိုမှ တိုးနိုင်မှာမှုတ်ဘူကွ ..ဆိုပြီး သူ့ကိုလိုအပ်တဲ့ စာရွက်စာတန်းတွေ ပေးလိုက်တယ် ..။ original တွေပျောက်ကုန်မှာစိုးလို့
သူပုံတောင်ဓါတ်ပုံရိုက်ယူထားလိုက်ရသေးသဗျ။

ဘေးနားက လဘက်ရည်ထိုင်ခိုင်းပြီး ဦးလေးဒီကစောင့်နေနော်တဲ့ ကျနော်လာခေါ်မယ်တဲ့ ..။ ကျနော်လဲ အေးအေးဆေးဆေး ထိုင်ပြီး ကြိတ်ကြိတ် တိုးနေတဲ့ လူအုပ်
ကြီးကို ကြည့်နေမိတယ် ..။ ဟိုးတုန်းက နိုင်ငံရပ်ခြား သွာဖို့ လာကြရင် သားသားနားနားတွေ။ ကျနော်တို့ငေးယူကြရတယ် ..။ အခုက မြင်ကွင်းက ကွာနေပြီ။
ချွေးတွေသံတွေနဲ့ ဟိုတုန်းက ရုပ်ရှင်ရုံ လက်မှတ်တိုးနေကြသလိုပါဘဲ ..။ အကျီ င်္ကြယ်သီးတွေတောင်ပြုတ်ထွက်လို့ ..။ ရဲကလည်း အော်လားငေါက်လားနဲ့
ထိမ်းပေးနေရတယ် ..။ မိန်းကလေးတန်းဘက်ကြည့်လိုက်ပြန်တော့လဲ … ကြည့်လိုက်တာနဲ့ သိသာပါတယ် .. ကောက်စိုက်သူတွေပုံစံပါဘဲ ..။

ရွာသူရွာသား တောသူတောင်သားတွေ ဖြစ်ကြပုံရတယ် ..။ အနီးနားက လူငယ်လေးမေးကြည့်တော့ ကျနော်တို့ရွာက ကိုဒီထဲမှာ ၄ဝ ကျော်ပါတယ်တဲ့ ..။
အရင်ကတော့လယ်လုပ်ကြတာပေါ့ ဦးကြီးရာ ..တဲ့။ အခုလယ်တွေကလည်းရေမြုတ်တာကမြုတ် ကုမ္ပဏီက သိမ်းလိုသိမ်းနဲ့ဆိုတော့ ပထမတော့ နေပြီတော် တက်ပြီး
အလုပ်ကြမ်းလုပ်ကြသေးတယ်တဲ့။ အခုနေပြီတော်မှာလဲ လုပ်ငန်းတွေက အရင်လိုမရတော့ agent တွေနဲ့ဆက်ပြီး မလေးသွားကြမှာတဲ့လေ ..။

တအောင့်ကြာတော့ ကျနော့လူငယ်လေးပြန်ရောက်လာတယ် ..။ ဦးလေး ဒီဇယားလေးကိုကြည့်တဲ့ကျနော်တို့က ၅၀ဝ ဘဲယူတာနော် အထဲပေးဖို့က
အားလုံး ၈၅၀ဝ ကျတယ်တဲ့ဗျား ..။ ဇယားထဲမှာ ဘယ်စားပဲဘယ်လောက်ပေးရမယ် ..။ ကွန်ပြူတာခန်း ဘယ်လောက်ပေးရတယ်နဲ့ အသေးစိတ်ပါသဗျ။
ဦးလေးကိုလဲ ဒီလူအုပ်မတိုးရအောင် ဝန်ထမ်းကိုအပ်ပေးမှာနော်တဲ့ ..။ အော် ကိုယ်ကလည်း တိုးမှမတိုးနိုင်တာ ပေးလိုက်ပေါ့ အားလုံး ၉၀၀ဝ ..။

လူအုပ်ကနဲနဲ ကျဲသွားမှ ကျနော့ကိုဝင်ခိုင်းတယ်လေ ..။ လူကုန်မှတော့ကျနော်လဲ ကိုယ့်ဖာသာဝင်နိုင်တာပေါ့ ..။ အထဲကြတော့ ဘာမျထွေထွေထူးထူး
လုပ်စရာမလိုပါဘူး … ပုံစံမဖြည့်တ်တဲ့သူကို ဝန်ထမ်းတွေကဖြည့်ပေးတယ် ..။ ပြီးရင် ကောင်တာမှာမေးသမျှနဲနဲပါးပါးဖြေ ..ပြီးရင် ထိုင်စောင့်နေရုံပါဘဲ။
၁ နာရီလောက်တော့ စောင့်ရတယ် ပြီးရင်ရရော .. ဒါပါဘဲ ..။

အရင်ကတော့ ပညာတတ်တွေသူတပါးနိုင်ငံထွက်ကြတယ် .. အခုတော့ တောင်သူတွေပါထွက်ကုန်ပြီ တချို့ဆို ရွာလုံးကျွတ် သွာကြတယ် .. ရွာတွေမှာ

8 comments

  • etone

    December 10, 2010 at 6:46 am

    ကိုဖက်တီးရေ ပေးပြီး အဆင်ပြေတော့တန်တာပေါ့ .. မဟုတ်ရင် လူတွေအများကြီးနဲ့ ချွေးစော်နံလို့ စိတ်ကိုပျက်ရော … ။ အီးတုံးတောင် passport သွားလုပ်တာအခုထိမပြီးသေးဘူး ။ မပြီးဆို အီးတုံးက သေချာမှလိုက်မလုပ်ပဲ ပထမတစ်ခါ ဖောင်ယူပြီး ဓါတ်ပုံရိုက်ဘာညာလုပ်တာက ဇန်နဝါရီလက … ဖောင်တင်ဖြစ်တာက သင်္ကြန်ပြီးမှ အဟဲ .. အခု ၁၉လုပ်မှာက ဒီလထဲမှာ … နောက်နှစ်ကူးသွားရင်မကောင်းလို့ ဒီလထဲတော့သွားလုပ်လိုက်မယ်စိတ်ကူးတယ် .. ။ အမေကတော့ ဆဲနေတယ် အခုထိ အချိန်ဆွဲထားလို့တဲ့ …။ အစိုးရရုံးတွေနဲ့ပတ်သတ်တဲ့ အလုပ်တွေရောက်သွားရင် သိပ်စိတ်မရှည်တာနဲ့ မလုပ်မဖြစ်တဲ့ဟာမျိုးလောက်ပဲ လုပ်ထားတာ အခုတော့ လိုတာနဲ့သွားလုပ်ရမှာ ။

    Reply

  • kai

    December 10, 2010 at 10:02 am

    သဘောက ..
    သူများတွေတော့ ..လယ်တောထဲကနေထွက်ကြတယ်ပြောပြီး … ကိုယ်တိုင်တွေကျ ..နိုင်ဂျံဂါးထွက်ကြတော့မယ်ပေါ့..။

    အင်း..
    မြန်မာ့သမိုင်းရာဇဝင်မှာ ..ဒီအစိုးရလက်ထက်… မြန်မာတွေ တိုင်းပြည်အပြင်ထွက်ကြတာ အရေအတွက်အများဆုံးပဲ..။
    ထွက်ပြေးကြတယ်ဆို ပိုမှန်မယ်ထင်တယ်..။
    ကျုပ်ကတော့ ..“မဟာမြန်မာရွှေ ့ပြောင်းမှုကြီး”လို့ အမည်ပေးထားတယ်..။

    Reply

  • intro

    December 10, 2010 at 10:05 am

    ကြည့်လုပ်ဦးနော်… ရွာလုံးကျွတ် အပြင်ထွက်သွားလို့ လယ်စိုက်မယ့်လူမရင်… အမငီး…. 😛

    Reply

  • char too lan

    December 10, 2010 at 10:51 am

    ကျနော်လဲအဲလိုပဲလုပ်ခဲ့တာဗျ လူတော်တော်သက်သာတယ် ဒါပေမယ့်သူများတွေထက်တော့၃၀၀ဝ လောက်ပိုကုန်သွားတယ်ဦးဖက်ရေ………:(

    Reply

  • ဆူး

    December 10, 2010 at 11:53 am

    ပုံစံ ၁၉ လုပ်ရင် ကိုယ်တိုင် လုပ်တာ အကောင်းဆုံးဘဲ.. အရှေ့လူတွေ ပွဲစားတွေက ညာတာများတယ်.. ညာတယ်လို့တော့ ပြောရမလားဘဲ.. ၅၀ဝဘဲပေးပါ လုပ်ပေးမယ် ဆိုတာကြီးဘဲ.. အမှန်တော့ ကျသင့်သလောက် ရုံထဲမှာ လုပ်ရင် ဘယ်လောက်မှ မကျဘူး ၁သောင်း မကျော်ဘူး။ အရှေ့က လူနဲ့ သွားလုပ်ရင် ဘာမှန်း မသိ.. ပိုကုန်သွားကော.. တကယ်သွင်းခါနီးမှ… ပိုက်ဆံ ထပ်ထုတ်နေရမယ် သတိတော့ ထားပေါ့

    Reply

  • annonymous

    August 18, 2011 at 2:35 pm

    အမှန်တော့ ပုံစံ ၁၉ လုပ်ရင်တစ်ပြားမှပေးစရာမလိုပါဘူး form ဝယ်ခ 1500 လောက်ပဲကျတာပါ ။ကျွန်မလဲကြုံဘူးပါတယ်။ ရုံးအတွင်းမှာတစ်ပြားမှကိုပေးစရာမလိုတာ တစ်ခါမှ နိုင်ငံခြားမထွက်ဘူးသေးတဲ့သူ မှသာ ဘဏ်ကိုအခွန်ဆောင်ဖို့လိုအပ်တာပါ အဲဒါ ကိုပွဲစားတွေအပြင်မှာလိမ်ညာစားတောကတော့ အုပ်စုလိုက်ပါပဲ ။ ရုံးထဲရောက်မှ တစ်ပြားမှဘယ်သူ့ကိုမှမပေးရမှန်း သိလိုက်ရတာပါ ။ ကိုယ်ညံ့တယ်ပဲပြောရတော့မှာပေါ့နော် ။ လူတိုးသက်သာတာလေး တစ်ခုပါပဲ။ ကျန်တာအားလုံး ရုံးတွင်းမှာ ကိုယ့်ဘာသာ လုပ်ရတာပါပဲ။

    Reply

  • aungnng87

    August 18, 2011 at 2:45 pm

    နိုင်ငံခြားထွက်တာ၂နှစ်ကြာရင်လားမသိဘူး။ ဘဏ်ခွန်ပြန်ဆောင်ရတယ်။ ရုံးထဲမှာတော့သိပ်မကုန်ဘူး။ ကိုယ်လည်းမသိတော့ခံလိုက်ရသေးတယ်။

    Reply

  • manawphyulay

    August 18, 2011 at 3:10 pm

    မနောတို့ဆို အဲနားဖြတ်တိုင်း ၁၉ လား အမြဲမေးလို့ မဟုတ်ဘူး ၂ဝ ကျော်ပြီး ပြောရတယ်… ပွဲစားတွေကတော့အများကြီးပဲခြေချင်းလိမ်နေတာ တချို့ဆို ၁၉ ရုံးရှေ့ပဲ ညထဲက လာအိပ်သလားမှတ်ရတယ် တန်းစီချက်ကတော့ ကန်းကုန်ပါပဲ။ သူများတွေ ပြန်လာခိုင်းနေတာ လေးဖက်က ဘယ်သွားဦးမလို့လဲ…. 😛

    Reply

Leave a Reply to char too lan Cancel Reply

Your email address will not be published.