နယ်မြေသစ်ကို ခြေချမိခြင်း

manawphyulayDecember 9, 20101min08

ကားခတွေ ဈေးတက်လာတဲ့အချိန်ကျမှ လူတိုင်းလူတိုင်း မမကို သတိရလာကြတယ်နော်။
အင်းတစ်မျိုးတော့ မထင်လိုက်နဲ့ဦး။ မမဆိုတာ ဘယ်သူကိုပြောပါလိမ့်ဆိုပြီးတော့ မမလို့ အများခေါ်နေကြတဲ့
မြန်မာ့မီးရထားကို ခေါ်ခြင်း ဖြစ်ပါတယ်။ လူတိုင်း ပါးစပ်ဖျားမှာ မမ မှီအောင် သွားရမယ်။ မမတော့ လွတ်ပါပြီတို့ ပြောဆိုနေကြတာကို ဒီ့နောက်ပိုင်း နေရာတော်တော်များများမှာ ကြားလာရပါတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကားခက ၂၀ဝ

ကျပ် ဖြစ်လာတော့ လူအများစုက လက်လုပ်လက်စားတွေဆိုတော့လည်း ကြာတော့လည်း ဒဏ်ဘယ်ခံနိုင်ကြပါ့မလဲ။ အရင်တုန်းက ကားခက ဘယ်စီးစီး ၂ဝ ကျပ်ကိုး။ မိတ်ဆွေကော မယုံဘူးလား။ ခုထိ ကားတော်တော်များများမှာ

အမှတ်တရအနေနဲ့ဘဲ ထားတာလား။ ဒါမှမဟုတ် မဖျက်ချင်လို့လားတော့ မသိဘူး။ ၂ဝ ကျပ်ဆိုတဲ့ ဈေးနှုန်းစာတန်းက ခုထက်ထိ တွေ့ရှိနေတုန်းလေ။ နောင်အနာဂတ်ကလေးတွေ ဆိုရင် ပုံပြင်တစ်ပုဒ်လို့များ ထင်နေကြမလား ပြောရင်တောင်

ယုံမှာ မဟုတ်ဘူး။ ခုတော့ ကားခက ၂၀ဝ ကျပ် ဖြစ်နေပြီလေ တိုးတက်လာတာကိုး။
ရထားစီးရင်တော့ ၁ဝ ကျပ်ပဲ ခုလက်ရှိတော့ ပေးရတယ်လေ။ ဒါကြောင့် လူတန်းစားမရွေး မမကိုပဲ အားကိုးစွာနဲ့ လိုရာခရီးကို သွားကြတာပေါ့။ မနောလည်း အပါအဝင်ပါပဲ။ အရင်တုန်းကတော့ မစီးဖူးဘူး။ ခုမှ စစီးကြည့်တာ။ ခုတော့ မမကိုဘဲ

စီးနေပြီလေ။ တစ်ခါတလေတော့လည်း စိတ်ညစ်တာပေါ့။ လူများတဲ့အချိန်ဆို ထိုင်ခုံမရဘူး။ လူတွေကလည်း အရမ်းများရတဲ့ ကြားထဲ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ခြေချင်းလိမ်နေကြတာကို တွေ့ရတယ်။ ဒီကြားထဲ မနေ့က စီးတဲ့ရထားက

ချောင်တော့ နေရာရခဲ့တယ်။ ရထားလည်း ထွက်လာရော ကိုယ်စီးတဲ့တွဲပေါ်မှာ ရန်ဖြစ်သံကို ကြားရပါတော့တယ်။ ဒါနဲ့ မနောလည်း ဘာဖြစ်တာလဲဆိုပြီး လှမ်းပြီး စပ်စု… အဲလေ…. မှားလို့ ဗဟုသုတရအောင်ပါ။ လှမ်းကြည့်လိုက်တော့ မနောနဲ့
အဖော်ပါလာတဲ့ ဦးလေးက အဲဒါ ဘာမှမဟုတ်ပါဘူးတဲ့ ဈေးသည်ချင်း နယ်မြေလုတာပါတဲ့။ ရှင်းပြတယ်လေ။ ဒီဦးလေးက ရုံးသွားရုံးပြန် ရထားစီးလာတာ ကြာပြီဆိုတော့ သိပ်ပြီး ထူးဆန်းမနေဘူးပေါ့။ မနောလည်း ပတ်ဝန်းကျင်အသစ်မှာ

ဗဟုသုတအသစ်တိုးတာပေါ့။ ဒါနဲ့ အဲဒီဦးလေးကို လှမ်းပြောလိုက်တယ်။ ဦးလေးရေ… မနောတို့လည်း အမြဲတမ်း ရထားစီးမယ့်အတူတူ ဝင်ငွေလေးလည်း ရအောင် စီးပွားရေးတစ်ခုခုလုပ်ရင် ကောင်းမလားလို့ တိုင်ပင်လိုက်တယ်။ အေးဟ…

မဆိုးဘူးလို့ လှမ်းပြောပြီး သူသိတဲ့ လူတစ်ဦးဆို ရထားစီးရင်း
ရထားစီးရင်း ရထားပေါ်မှာ ဈေးရောင်းတာတဲ့ ရောင်းလို့ရတဲ့ ပို်က်ဆံကို စုပြီး မိဘမဲ့ကလေးတွေကို ကျောင်းထားပေးတယ်တဲ့။ ဘယ်လောက် မွန်မြတ်တဲ့ အလှူလည်းနော်။ မနောတို့လည်း အဲဒီလို လှူချင်လိုက်တာ။ ပြောမဲ့သာ ပြောရတာ စိတ်ဘဲ

ရှိပါသေးတယ်။ အကောင်အထည်ဖော်ဖို့က လိုသေးတယ်လေ။ ခုလောလောဆယ်တော့ မိသားစုအတွက် ကြိုးစားရဦးမယ်။ နောင်တစ်ချိန်မှာ တတ်နိုင်လာရင်တော့ ဒီလို ပရဟိတလုပ်ငန်းတွေ လုပ်မယ်လို့ အဲဒီဦးလေးကို မနော

ပြောလိုက်မိပါတော့တယ်။
ဒီနေ့တော့ post တင်ချင်လို့ မမနဲ့ မလိုက်တော့ဘဲ ဈေးကြီးတဲ့ ကားစီးပြီးလာခဲ့တာလေ။ အဖော်သွားနေကျ ဦးလေးကြီးကတော့ ပြောပါတယ်။ မနောတဲ့ နင် ဒီနေ့ ၁ဝ ကျပ် ဆုံးသွားပြီတဲ့။
မိတ်ဆွေတို့ကော မမ(မြန်မာ့မီးရထား) ကို အားကိုးနေကြပြီလား……..

8 comments

  • unclegyi1974

    December 9, 2010 at 2:48 pm

    မနော် က ကားခ ၂ဝ ကိုတမ်းတနေတာကိုး
    အန်ကယ်ကြီးတို့က ၅ ပြား ၁ဝပြားခေတ်ကိုမှီ
    တယ်နော် ကားတွေကလဲခရီးသည်ကိုရပ်စောင့်
    လို့ တစီးနဲ့တစီးလဲခရီးသည်ကိုအပြိုင်လုခေါ်ကြ
    တာ မနော်တို့ဒီခေတ်လူငယ်တွေကိုပြောပြရင်
    ပုံပြင်ဖြစ်သွားမယ်

    Reply

  • weiwei

    December 9, 2010 at 3:29 pm

    ပြား ၃ဝ ခောတ်ကိုမှီလိုက်သေးတယ် … ၁၉၉ဝ လောက်အထိ ရန်ကုန် ဘက်စ်ကားခက ပြား ၃ဝ ပဲ ပေးရတယ် … ၁၉၉၃ ရောက်တော့ တစ်ကျပ်ဖြစ်သွားတယ် … နောက်တော့ .. နောက်တော့ …

    Reply

  • bigcat

    December 10, 2010 at 1:34 am

    ငယ်ငယ်တုန်းက ကြီးဒေါ်နဲ့ မင်္ဂလာဒုံဘက်ကို မြို့ဖက်ရထား ခဏခဏစီးသွားတာ မှတ်မိတယ်။ ရထားပေါ်မှာ ရောင်းတဲ့ဈေးသည်တွေ အများကြီးပဲ။ ခါးပိုက်နှိုက် ပေါတာလည်း မှတ်မိတယ်။ ကြီးလာတော့ စီးရကောင်းမှန်း မသိတော့ဘူး။ အမှန်မှာက စီးတတ်ရင် ဘတ်စ်ကားစောင့်စီးရတာထက် ပိုအဆင်ပြေနိုင်တယ်။ အထူးသဖြင့် ကြည့်မြင်တိုင်တို့ ပုဇွန်တောင် မီးရထားဘူတာရုံတွေနားမှာ နေတဲ့သူတွေပေါ့။

    Reply

  • char too lan

    December 10, 2010 at 6:53 am

    ကြိုက်တော့ကြိုက်တယ် မကိုက်ဘူး 🙁 ကျနော်တို့အိမ်ကရထားဥဩသံတောင်မကြားရတဲ့နေရာမှာလေ နီးနီးနားဘူတာမရှိဘူး ရောက်တဲ့ဘူတာကနေကား၂မှတ်တိုင်လောက်ပြန်စီးရမှာ ဘူတာကနေ ကားဂိတ်ကိုလဲလျှောက်ရအုံးမယ် မောပါတယ် ၂၀ဝ တန်ပဲအတိုးခံရတော့မယ် ၂၀ဝ ကားတော်တော်များများတော့ရောက်တယ်ဗျ 🙂

    Reply

  • ဆူး

    December 10, 2010 at 11:07 am

    မမ က တလစာ လက်မှတ်ဖြတ်ရင် ၃၅ဝ နော်.. မသိ မှာ စိုးလို့ ပြောပြတာ.. တနေ့ကို အသွား ၁ဝ အပြန် ၁၀.. ၂ဝ ဆိုရင် ၆၀ဝ ကျတယ်… ၃၅ဝ နဲ့ ကဒ် လုပ်ထားရင် ပို ကိုက်တယ် အမြဲ တမ်း စီးမယ် ဆို လုပ်သင့်တယ်။

    Reply

  • weiwei

    December 10, 2010 at 11:22 am

    မမ က ပေါလှချေလား … 😛

    Reply

  • ဆူး

    December 10, 2010 at 12:53 pm

    မမ ပေါသေးလို့ နေ့စား အလုပ်သမားတွေ အသက်ရှုနိုင်သေးတာ.. မမ သာ ဈေးတက်ရင် အကုန် ထမင်းငတ်ကုန်မယ်

    Reply

  • manawphyulay

    December 11, 2010 at 12:07 pm

    ဒီလိုပဲ ဆူးရေ သူများတွေတော့မသိဘူး မနောကတော့ ၃၅ဝ တစ်လလုံးကတ်လေးလုပ်ပြီး ကားခကုန်ကျစရိတ်လေးနဲ့ မန်းဂေဇက်မှာ စာပေရေးသားနေရပါကြောင်း……………

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.