ယနေ ့-မန္တလေးတိုင်းမှူးအိမ် မီးလောင်

ဂ်စ္စူDecember 9, 20103min05

မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူးဗိုလ်မှူးချုပ်ရဲအောင် နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥဩမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ လောင်ကျွမ်းချိန်တွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင် မရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ခံက“တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီးကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာ သူမရောက်သေးခင် လောင်တာပေါ့”ဟု ဆက်လက် ပြောဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုပေ။







Source:Irrawaddy’s Blog
http://www.irrawaddyblog.com/2010/12/blog-post_6507.html

5 comments

  • htoopa

    December 9, 2010 at 10:53 am

    အမြန်ဆုံး သတင်းဖော်ပြပေးခဲ့တဲ့ ဧရာဝတီသတင်းနှင့် ပြန်လည်ဖော်ဝပ်ဒ်လုပ်ပေးသည့် ကို ပေါက်ဖော်ကို ကျေးဇူးပါ။

    မှန်ကန်ပြီး မြန်ဆန်မှုလည်းရှိ အကျိုးတစ်စုံတစ်ရာလည်း ပေးနိုင်တဲ့သတင်းဆိုရင် အကောင်းဆုံးပါပဲနော်…

    Reply

  • နီလေး

    December 10, 2010 at 4:20 am

    တစ်အိမ်လုံးလောင်သွားရမှာ

    Reply

  • Tettoe Aung

    December 14, 2010 at 8:03 am

    We pray each day to be free from ‘evil government (rajatawwa)’ thieves (sawratawwa), and among others fire as well. Since the government we have now is both the evil government and thieves so it is up to the fire to do justice for the people. The wealth they have accumulated is out of greed and by use of force it may be just the beginning of the end.

    Reply

  • winkyawaung

    December 14, 2010 at 3:37 pm

    အချိန်မှီ ဒီသတင်းကို ဖော်ပြပေးတာ အထူးကျေးဇူးတင်ပါတယ်။
    မကောင်းတဲ့ အတိတ်နိမိတ်ပါပဲ…။

    Reply

  • ဆူး

    December 14, 2010 at 4:01 pm

    ကိုဝင်းကျော်အောင် ပြောမှဘဲ.. တွေးမိတယ်။
    ရန်ကုန်မြို့တော်ဝန်ကတော့ အေးဆေးဘဲ..

    Reply

Leave a Reply

Your email address will not be published.