မြန်မာ့လေကြောင်းလိုင်းပိုင် MA 60 လေယာဉ်သစ် ပြေးလမ်းဘေးသို့ချော်ကျ

cobraDecember 9, 20101min02

မြန်မာ့လေကြောင်းလိုင်းပိုင် MA 60 လေယာဉ်သစ် ဒီဇင်ဘာလ ရ ရက်နေ့က
ရန်ကုန်လေဆိပ်သို့ ဆင်းသက်စဉ် ပြေးလမ်းဘေးသို့
ချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံမှ အသစ်ဝယ်ယူခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင်
ပြည်တွင်းခရီးစဉ်များစတင်ပြေးဆွဲခဲ့သော MA 60 လေယာဉ်သည် ထားဝယ်လေဆိပ်မှ
ထွက်ခွာလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်စဉ်
ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လေယာဉ်က လေဆိပ်ကို ဆင်းတုန်း ပြေးလမ်းပေါ်မှာ
ဘရိတ်ဖမ်းလို့မမိတော့တဲ့အတွက် ပြေးလမ်းပေါ်ကနေ
ညာဖက်ကိုကွေ့ပြီးပြေးလမ်းဘေးမှာရပ်လိုက်ရတာတဲ့။ ထိခိုက်ဒဏ်ရာရမှုတွေ
မရှိဘူးလို့တော့ ကြားတယ်။ နံနက် ၁ဝ နာရီလောက်ကဖြစ်တာပါ” ဟု
လေဆိပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
MA 60 လေယာဉ်များသည် တရုတ်နိုင်ငံမှ စက်တင်ဘာလတွင်
မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင်
ပြည်တွင်းခရီးစဉ်များကိုစတင်ပြေးဆွဲခဲ့သည်။ တရုတ်နိုင်ငံမှ MA 60
လေယာဉ်သုံးစင်းဝယ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါလေယာဉ်များတွင် ခရီးသည် ၅၂ ဦးလိုက်ပါစီးနင်းနိုင်ကြောင်း
သိရသည်။

2 comments

  • winkyawaung

    December 9, 2010 at 7:07 am

    အင်းတော်သေးတာပေါ့ကွယ် တရုက်လေယာဉ်တွေ ကိုး။

    Reply

  • etone

    December 9, 2010 at 7:38 am

    ဘယ်လိုဖြစ်ရတာလဲ တရုတ်က အင်ထုရောင်းလိုက်တာလား ။ သေချာ မစစ်ဆေးဘူးလား… လေယာဉ်ဘရိတ်မမိတာ ကားဘရိတ်မမိတာထက်ဆိုတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့များ တာဝန်ရှိသူတွေမစစ်ဆေးကြတာလဲ ။

    Reply

Leave a Reply to winkyawaung Cancel Reply

Your email address will not be published.