တချိန်က ဆောင်းရာသီ အပိုင်း ၃

ဆူးDecember 8, 20101min01

နောက်ပိုင်း သင်တန်းမှာ ကြေညာစာ တခုကပ်ထားတယ်။ အလုပ်ခေါ်တာ ဝန်ထမ်းအလိုရှိသည်။ အလုပ် လျောက်ထားလိုက်ပါတယ်။ လူပေါင်း ၃၀ဝ ကျော် လျောက်တဲ့ အထဲမှာ ဇကာတင် အယောက် ၄ဝ အင်ဒါဗျူးတဲ့ အထဲမှာ လူ ၂ဝ ခန့်လိုက်ပါတယ်။ အမှန်တော့ ထို အလုပ်နဲ့ လူ ၂ဝ ခန့်စရာ မလိုပါဘူး သင်ကြားဖို့ ဆရာ ၅ယောက် လောက် ရှိရင်ကို ဖြစ်ပါတယ်။ ဆရာ ၅ယောက် က နဂို ကတည်းက ရှိပြီးသားပါ။ အလုပ်ခေါ်တယ် ဆိုတော ဟန်ပြပေါ့.. သတင်းစာထဲမှာ ကြေညာထားတဲ့ ကတိအတိုင်းခေါ်တာပါ။ အစမ်းခန့် ၃လ ဆိုတော့ လစာကလည်း ၁သောင်းခွဲ ပေးမယ်လို့ ပြောထားပါတယ်။ အလုပ်လုပ်တဲ့ သက်တမ်းတလျောက်မှာတော့ တခါမှ ၁သောင်းခွဲ အပြည့်မရပါဘူး။ တခါမှလည်း လူသိရှင်ကြား ထုတ်ပြန် ကြေညာမထားတဲ့ တိတ်တိတ်ပုန်း စည်းမျဉ်း ဥပဒေ အချက် ၂ဝ နဲ့ အညီ နေနိုင်မှ လစာ အပြည့်ရမှာ ဖြစ်ပါတယ်။ အလုပ်ချိန်ကတော့ သင်တန်းချိန် ကို ၂ပိုင်းခွဲပြီး တာဝန်ယူရတယ် မနက်ပိုင်း ဂျူတီ ဆိုရင် မနက် ၆း၄၅ အရောက်သွားရတယ် သင်တန်းချိန်တွေက ရနာရီ စတာဆိုတော့ သင်တန်း အချိန် မတိုင်ခင် ၁၅မိနစ် စောရောက်ရပါတယ်။ နေ့လည်း ၁နာရီ အထိ တာဝန်ယူရပါတယ်။ ညနေပိုင်း ဂျူတီ ဆိုရင်တော့ နေ့လည်း ၁၂း၄၅ ကနေ ည ရနာရီ အထိ တာဝန်ယူရပါတယ်။ မနက်ပိုင်း ဂျူတီဘဲ ယူရတာများတယ် ညနေပိုင်း ၃နာရီမှာ ဆရာတွေက ပြန်ပြီး စာသင်နိုင်အောင် သင်တန်းပို့ချပါတယ်။ မနက်ပိုင်း တာဝန်က ၁နာရီ ပြီးပေမဲ့ ၃နာရီ အထိ ဆိုရင် ၂နာရီ လစ်ဟာနေတယ်.. ဒီလိုဘဲ ရွယ်တူ သူငယ်ချင်းတွေနဲ့ ဝေလား ဝါးလား အချိန်ဖြုန်း ခဲ့ရတယ်။ ၃နာရီ စာတဲ့ အတန်းက ညနေ ၆နာရီမှ ပြီးပါတယ်။ ညနေပိုင်း တာဝန်ယူတဲ့ လူတွေကတော့ မပြန်ရပါဘူး အတန်းချိန် မရှိလည်း အလုပ်ချိန်ပြီးမှ ပြန်ကြရတယ်။ ပြောလို့သာ ပြောတာ.. ဆူး က အလုပ်ဝင်လုပ်တာ ၁လတောင် မပြည့်သေးဘူး သင်တဲ့ စာတွေကို ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်သလို သင်တန်းသားတွေ ကိုးလိုးကန့်လန့် မေးလာတဲ့ အမေးတွေကိုလည်း ပေါက်ပေါက် ရှာရှာ ဖြေနိုင်လို့ လူတော်တော် သိလာပါတယ်။ ဇတ်လမ်းကတော့ အဲဒီမှာ စလာပါပြီ။ အမေးတိုင်း အတွက် အဖြေ ရှိနေတာ ကောင်းခြင်းထက် ဆိုးခြင်းကို ဖိတ်ခေါ်လေ မိလေသလား။ ဘာတွေ ဖြစ်မလဲ ထိုအချိန်က ကြိုမသိခဲ့တော့ ကြုံရဆုံရတဲ့ လူ့ဘဝ တော်တော် စိတ်ဖိစီးမှု များခဲ့တာ အမှန်ပါဘဲ

One comment

  • weiwei

    December 8, 2010 at 6:17 pm

    ကိုရီးယားဇာတ်လမ်းတွဲ စောင့်ကြည့်ရသလိုဖြစ်လာပြီ ….

    Reply

Leave a Reply to weiwei Cancel Reply

Your email address will not be published.