အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးမည့် ပဋိစ္စသမုပ္ပါဒ် အခြေခံသင်တန်း ဖွင့်လှစ်မည်

toyoDecember 7, 20101min02

အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးမည့် ပဋိစ္စသမုပ္ပါဒ် အခြေခံသင်တန်း (The Basic Course of Paticcasamuppada) ကိုဖွင့်လှစ် သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အင်္ဂလိပ်ဘာသာဖြင့် နားလည်စေရန် ဗုဒ္ဓဘာသာ ဝေါဟာရများကို အင်္ဂလိပ်ဘာသာဖြင့် သိရှိစေရန်၊ ပဋိစ္စသမုပ္ပါဒ် တရားတော်နှင့် မိုးကုတ်ဝိပဿနာ တရားအားထုတ်နည်းကို အင်္ဂလိပ်ဘာသာဖြင့် ဟောပြောနိုင်သည့် ပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ စကားစိမ်းလမ်းနှင့် ကမ်းနားလမ်းထောင့် ရှိ သာသနာ့အလင်းရောင် ဓမ္မာရုံ၌ ဒီဇင်ဘာလ ရ ရက်နေ့မှ ၁၆ ရက် နေ့အထိ နေ့စဉ် မွန်းလွဲ ၂ နာရီမှ ၄နာရီခွဲအထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းနှင့် သင်တန်း တက်ရောက်လိုပါက သာသနာ့အလင်းရောင် ဓမ္မာရုံ၊ အကျိုးဆောင် အဖွဲ့နှင့် ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းတို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။

အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပေးမည့် ပဋိစ္စသမုပ္ပါဒ် အခြေခံသင်တန်း (The Basic Course of Paticcasamuppada) ကိုဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အင်္ဂလိပ်ဘာသာဖြင့် နားလည်စေရန် ဗုဒ္ဓဘာသာ ဝေါဟာရများကို အင်္ဂလိပ်ဘာသာဖြင့် သိရှိစေရန်၊ ပဋိစ္စသမုပ္ပါဒ် တရားတော်နှင့် မိုးကုတ်ဝိပဿနာ တရားအားထုတ်နည်းကို အင်္ဂလိပ်ဘာသာဖြင့် ဟောပြောနိုင်သည့် ပုဂ္ဂိုလ်များ ပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ စကားစိမ်းလမ်းနှင့် ကမ်းနားလမ်းထောင့် ရှိ သာသနာ့အလင်းရောင် ဓမ္မာရုံ၌ ဒီဇင်ဘာလ ရ ရက်နေ့မှ ၁၆ ရက် နေ့အထိ နေ့စဉ် မွန်းလွဲ ၂ နာရီမှ ၄နာရီခွဲအထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းနှင့် သင်တန်း တက်ရောက်လိုပါက သာသနာ့အလင်းရောင် ဓမ္မာရုံ၊ အကျိုးဆောင် အဖွဲ့နှင့် ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းတို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။

2 comments

  • manawphyulay

    December 8, 2010 at 3:07 am

    မြန်မာလိုတောင် မနည်းမှတ်ရတာ အင်္ဂလိပ်လိုဆိုတော့ မနောတို့တော့ နည်းနည်းဝေးမယ်ထင်တယ် တက်တော့တက်ချင်သား့။

    Reply

  • bigcat

    December 8, 2010 at 6:01 am

    တရားတော်နဲ့ ပတ်သက်လို့ လေ့လာတာ ဘယ်လိုမဆို ကောင်းပါရဲ့ ဒါပေမဲ့ မီးပုံးပျံတောင် ကောင်းကောင်းမဖြစ်သေးဘူး အင်္ဂါဂြိုလ်ကိုသွားဖို့ ဒုံပျံတီထွင်ဖို့ လုပ်နေတာမျိုးတော့ မဖြစ်ပါစေနဲ့။ ေဩာ်..အနိစ္စ ဒုက္ခ အနတ္တ။

    Reply

Leave a Reply

Your email address will not be published.