မန္တလေးတွင်လည်း Barcamp ပွဲကျင်းပမည်

BayoteApril 8, 20101min02

ရန်ကုန်မြို့တွင် အောင်မြင်မှုရရှိခဲ့သည့် Barcamp ပွဲအား မန္တလေးမြို့တွင်လည်း ကျင်းပ ပြုလုပ်ရန်အတွက် ရန်ကုန်နှင့် မန္တလေးမြို့ရှိ နည်းပညာ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများ အတတ်ပညာရှင်များအား ဖိတ်ခေါ်စည်းရုံးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ တက်ရောက် သည့်လူဦးရေစံချိန်တင်ခဲ့သည့် ရန်ကုန် Barcamp ကဲ့သို့မန္တလေး Barcamp ဖြစ်ပေါ်ရန်အတွက် မန္တလေး မြို့ရှိ ANS Computer Center မှအဓိ က ဦးစီး၍ ပြုလုပ်မည်ဖြစ်သည်။ မန္တလေး Barcampအတွက် တိုးချဲ့ စပွန်ဆာများလိုအပ်လျက်ရှိပြီး၊ ယင်းမြို့မှ အတတ်ပညာရှင်များ၊ နည်းပညာ လေ့လာလိုက်စားသည့် လူငယ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် နည်းပညာကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုများ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ နည်းပညာနှင့် စီးပွားရေးပေါင်းစပ်နေသည့် နယ်ပယ်ပေါင်းစုံမှ အတတ်ပညာရှင်များ၊ လေ့လာဆည်းပူးသူများ၏ တွေ့ဆုံ ဆွေးနွေး ဖလှယ်သည့် Barcamp အား ရန်ကုန်တွင် ပထမဦးဆုံး အကြိမ်ပြုလုပ်ခဲ့ရာ လူဦးရေ ၂၀၀ဝ ကျော်တက်ရောက်ခဲ့ပြီး နိုင်ငံတကာတွင် ပြုလုပ်သည့် Barcamp များ၏ လူဦးရေစံချိန်ကို ကျော်လွန်ခဲ့ကြောင်း ၂၀၁ဝ ခုနှစ်ဧပြီလ ၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • susunosuki

    April 17, 2010 at 8:28 am

    ကျွန်တော်တို့ ရန်ကုန်က ပွဲတုန်းက တတ်ရောက်သူ စံချိန်ချိုးသွားတယ်လို့ကြားလိုက်တယ်
    ဝမ်းသာ စရာပဲ။ လူငယ်တွေ ရော လူကြီးတွေရော အာရုံ စိုက်လာကြတဲ့ အိုင်တီပညာ
    တိုးတတ်မှု့ နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းနိုင်ပါတော့မယ်ထင်တယ်

    Reply

  • laypyay

    May 5, 2010 at 6:56 am

    Barcamp က နာမည်ပဲကျော်သွားတာ ပါ ဘာတွေ များနည်းပညာ ပြန်ပွားသလဲ မသိဘူး.. လိုအပ်တာကို ဦးစားပေးစေချင်ပါတယ်..သူများတွေဆီမှာလုပ်လို့ ကိုယ့်ဆီမှာလဲ လုပ်မယ်ဆိုရင် သူများတွေ ဆီမှာ လို တကယ်ကို အစစ်မှန်လုပ်စေချင်ပါတယ်..ရန်ကုန်က ပွဲမှာ ဘာနည်းပညာမှ ပြန်ပွားသွားတာ မတွေရပဲ .. Barcamp Yangon ဆိုတဲ့ နာမည်ကြီးပဲ ပြန်ပွားသွားပါတယ်..။

    Reply

Leave a Reply

Your email address will not be published.