ကိုထိန်လင်း နှင့် အတူ ဒေါ်စု အဖြစ် သရုပ်ဆောင်မည့် ဂျိမ်း(စ)ဘွန်း မင်းသမီး မစ်ရှယ်ယိုး မြန်မာ နိုင်ငံ မှ ထွက်ခွာ

toyoDecember 7, 20101min00

အောင်မြင်၊ ၊ဆယ်စုနှစ် တစ်ခု အတွင်း မိခင် ဖြစ်သူ နှင့် ပထမ ဦးဆုံးအကြိမ် တွေ ့ဆုံ မှု တွင် သီတင်း နှစ်ပတ်ခန် ့သာကြာမြင့် ခဲ့သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ကိုထိန်လင်း မှာ ယနေ ့ ရန်ကုန် မြို ့မှ ထွက်ခွာ
ကာ ထိုင်း နိုင်ငံ ဘန်ကောက် မြို ့မှ တစ်ဆင့် အင်္ဂလန် နိုင်ငံ သို ့ပြန်မည် ဟု သတင်းရရှိသည်။

အသက် ၃၃ နှစ် အရွယ်ရှိ ကိုထိန်လင်း သည် ရန်ကုန်မြို ့မှ နံနက် ၈နာရီ ၄၅ မိနစ်အချိန်တွင်
့ထွက်ခွာသွားပြီဖြစ်သည်။သူ နှင့် အတူ Tomorrow Never Dies ဇာတ်ကား နှင့် အော်စကာ
ဆုရ Crouching Tiger, Hidden Dragon ဇာတ်ကားများ တွင် သရုပ်ဆောင် ခဲ့သည့်
မစ်ရှယ် ယိုးလဲ လေယာဉ် တစ်စီး တည်း အတူ ပြန်လည် ထွက် ခွာမည် ဟု သိရသည်။

ကိုထိန်လင်းနှင် လေယာဉ်ခရီးစဉ်တစီးထဲတွင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေရာတွင်ပါဝင် သရုပ်ဆောင်မည့် ဟောင်ကောင် အခြေစိုက် မလေးရှားရုပ်ရှင်သရုပ်ဆောင် Michelle Yeoh လည်း လိုက်ပါသွားကြောင်း၊ ပြီးခဲ့သည့်တနင်္လာနေ့Michelle Yeoh မှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လေ့လာကြောင်း NLD ပြောရေးဆိုခွင့်ရှိသူဦးဉာဏ်ဝင်း သတင်းထုတ်ဖေါ်ပြောဆိုခဲ့သည်။

မစ်ချယ်ယိုး သည် ရုပ်ရှင် သည် ၁၉၉ရ ခုနှစ် က ဂျိမ်း(စ)ဘွန်း ဇာတ်ကား Tomorrow Never Dies
တွင် မင်းသား ပီယာစ် ဘရောစ် နန် နှင့် အတူ သရုပ်ဆောင် ထားသည်။

သူမ အသံ ဖြင့် ပါဝင် သရုပ်ဆောင် ထားသည့် Kung Fu Pan Da 2 ဇာတ်ကားမှာ ရှေ ့နှစ်တွင်
ရုံတင်ပြသမည် ဖြစ်သည်။

အောင်မြင် ၏ သတင်းပေးပို ့ချက် ကို FNG မှ ပြန်လည် တည်းဖြတ် သည်။

Leave a Reply

Your email address will not be published.