ဟောလိဝုဒ်မင်းသမီး မစ်ရှဲယိုး ( ဟောင်ကောင်ဂျက်မ ) နဲ့ ဒေါ်အောင်ဆန်းစုကြည် မင်္ဂလာဒုံလေဆိပ်တွင် တွေ့ဆုံ

ဂ်စ္စူDecember 7, 20105min018

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏သား ( ဗိုလ်ချုပ် အောင်ဆန်း၏ ကိုထိန်လင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရာတွင် မင်္ဂလာဒုံ လေဆိပ်သို့ လိုက်ပို့ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဟောလိဝုဒ် မင်းသမီး ( ဟောင်ကောင်ဂျက်မ ) မလေးရှားဖွား မစ်ရှဲယိုး နှင့် မင်္ဂလာဒုံလေဆိပ်မှာ တွေ့ဆုံကြကြောင်းသိရှိရပါသည်။

မြန်မာ့သူရဲကောင်း ဗိုလ်မင်းရောင် ( မြန်မာ့သွေးစစ်စစ် )



ဗိုလ်မင်းရောင်၏ မြေးအရင်း ဗိုလ်ချုပ် အောင်ဆန်း ( မြန်မာ့သွေးစစ်စစ် )


ဗိုလ်မင်းရောင်၏ မြစ် ဒေါ်အောင်ဆန်းစုကြည် ( မြန်မာ့သွေးစစ်စစ် )

ဗိုလ်မင်းရောင်၏ တီ ကမ်အဲရစ် ( ခေါ် ) မောင်ထိန်လင်း

ဗိုလ်မင်းရောင်၏ မြေး ( ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ) ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်မင်းရောင်ရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ပါတယ်။ ဗိုလ်မင်းရောင်လိုပဲ မြန်မာ့သွေးစစ်စစ်ဖြစ်ပြီး ဗိုလ်မင်းရောင်လိုပဲ မျိုးချစ်စိတ် ကြီးမားသူဖြစ်ပါတယ်။ ဗိုလ်မင်းရောင်လိုပဲ မိဘ နှစ်ပါးလုံးက မြန်မာစစ်စစ်တွေဖြစ်ပြီး အဖမှာ ဦးဖာ၊ အမိမှာ ဒေါ်စု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလည်ပိုင်း နတ်မောက် မြို့မှာ မွေးပြီး နက်မောက်နဲ့ ရေနံချောင်းတို့မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲ့ဒီနောက် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်ရာမှာ သူ့အဘိုးလိုပဲ ဖမ်းဝရမ်း ထုတ်ခံခဲ့ရာမှ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရပါတယ်။ ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့ပါတယ်။ ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ အစ်ကိုဖြစ်သူမှာ ဦးဘဝင်းဖြစ်ပြီး ညီကို နှစ်ယောက်လုံး နိုင်ငံအတွက် အများကြီး အကျိုးပြုခဲ့ကြပါတယ်။ ၁၉၄ရ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးကို အလွန်ချစ်မြတ်နိုးတန်ဖိုးထားပြီး ကျေလက်သူ ကျေးလက်သား ဖြစ်ရတာကို ဂုဏ်ယူနေသူဖြစ်ပါတယ်။ ဒါကြောင့် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ဆိုတဲ့ ကလောင်နာမည်နှင့် စာတွေရေးသားခဲပါသေးတယ်။

ဗိုလ်မင်းရောင်၏ တီ ဗိုလ်ချုပ်အောင်ဆန်း၏ မြေး ကင်မ်အဲရစ်

သတိ။      ။နောက်ပိုင်း မှတ်ချက်များကို အနော် မောင်ပေါက်ဖော်မှ ဖျက်ထားပါသည်ခင်ဗျား။

အောက်ကလင့်ခ် အမေ့အိမ် ဘလော့ဂ် မှာသွားဖတ်ရင် တွေ ့နိုင်ပါလိမ့်မည်။
source:http://amayeainn.blogspot.com/2010/12/blog-post_8108.html


18 comments

  • bigcat

    December 7, 2010 at 6:13 am

    ကင်မ် ခင်ဗျားကို ကျနော်တို့ ညီအကိုလို ချစ်ခင်လေးစားပါတယ်။ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုပြီး ဘယ်သွားလို့ ဘာဖြစ်နေမှန်း မသိသူတွေကြောင့် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့။ ခင်ဗျားကို ကျနော်တို့ ခေါင်းဆောင် အမေစုအတွက် ဒီမိုကရေစီလှုပ်ရှားမှုအတွက် အားတခုဖြစ်တယ်လို့ ယုံကြည်ပါတယ်။
    သွေးမစစ်တို့ဘာတို့ပြောနေတဲ့အကောင်တွေရေ.. မင်းတို့အမတွေ ညီမတွေ နိုင်ငံခြားသားကို ယူဖို့မပြောနဲ့ နိုင်ငံခြားမှာ ဘဝတခု ရှင်သန်နိုင်ဖို့ အိမ်မက်အရင်မက်လိုက်ကြပါအုံး။

    Reply

  • doekalay

    December 7, 2010 at 7:06 am

    ကိုကြောင်ကြီးပြောတာမှန်လိုက်တာဗျာ……..သေးထွက်အောင်အဲယောင်လို ့သွေးထွက်အောင်ကိုမှန်နေတာ…….ကြိုးစားလိုက်ကြပါအုံး

    Reply

  • cobra

    December 7, 2010 at 7:16 am

    မှန်လိုက်တာဗျာ…။သူတို့ကပါးစပ်နဲ့တိုက်ပွဲဝင်နေကြတာလေ..ထားလိုက်ပါ။
    ဇ..မမှမရှိကြတာ။

    Reply

  • MandalayThar

    December 7, 2010 at 8:30 am

    သွေးမစစ် သွေးမစစ်ပြော ရအောင်။ မင်းအမေကို မေးကြည့်အုံး။ မင်းရော် သွေးစစ်ရဲ့လားလို့။

    Reply

  • blackchaw

    December 7, 2010 at 8:41 am

    ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျွန်တော်နည်းနည်းတင်ပြချင်ပါတယ်။ စိတ်ဝင်စားရင်ကြည့်ပါ။ မဝင်စားရင်လည်း ကျော်သွားပေါ့ဗျာ။ မြန်မာအမျိုးသမီးတစ်ယောက် နိုင်ငံခြားသားနဲ့ ညားသွားတာ ဘယ်သူ့မှာ အပြစ်ရှိပါသလဲ။ အခုကျွန်တော်တို့ အမျိုးသားသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတဲ့အခါ ကျန်ရစ်သူဖြစ်တဲ့ ဇနီးနဲ့ သားသမီးတွေကို စောင့်ရှောက်ပေးရမှာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ ဗိုလ်ချုပ်အောင်ဆန်း ဇနီးနဲ့ သမီးကို နိုင်ငံခြားပို့တာ ဘယ်ခွေးမသားလဲ။ သူတို့ကို မြန်မာနိုင်ငံထဲက ကိုယ်မျက်စိရှေ့မှာ နွေးနွေးထွေးထွေး စောင့်ရှောက်ဖို့တာဝန်က ဘယ်သူ့မှာရှိသလဲ။ နိုင်ငံခြားသားနဲ့ မညားစေချင်ရင် နိုင်ငံခြားမှာ မထားနဲ့ပေါ့ဗျာ။ အဲလိုစောင့်ရှောက်ရမယ့် တာဝန်ကဘယ်သူ့ဆီမှာရှိနေတာလဲ။ ဓါတ်ဆီပုံးနားမှာ ဖယောင်းတိုင်သွားထွန်းရင်တော့မီးလောင်တာ သဘာဝကျပါတယ်။ ရိုးရိုးသားသားလောင်တဲ့မီးလား ရှို့မီးလားဆိုတာ ခွဲခြားမြင်နိုင်တာကျတော့ ဖြုတ်ဦးနှောက်လောက်နဲ့မရပါဘူး။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်သမီးမှာ အပြစ်ရှိတယ်ဆိုတဲ့ လူတွေကို သနားတယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်းအင်မတန်နိမ့်ပါးတယ်လို့သတ်မှတ်ပါတယ်။

    Reply

  • char too lan

    December 7, 2010 at 8:53 am

    အန်တီစုက လှလိုက်တာ ကျက်သရေအပေါင်းခညောင်းတယ် 😀

    Reply

  • PaukPhaw

    December 7, 2010 at 9:20 am

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(Kim Aris)ဒီနေ့ မနက် ၉နာရီ လောက်က မြန်မာနိုင်ငံမှ ပြန်ထွက်ခွာသွားပါပြီ။

    နှုတ်ဆက်လိုက်ပို့တဲ့ မိခင်နဲ့ အတူ ပရိသတ်တွေကို လက်ပြနှုတ်ဆက်နေပုံကို ခုလိုတွေ့ရမှာဖြစ်ပါတယ်။

    ကိုထိန်လင်းဟာ ဒုလ္လဘ ရဟန်းခံဖို့ နောက်တကြိမ်မြန်မာပြည်ကို ပြန်လာဦးမယ်လို့ သိရပါတယ်။ သူနဲ့ အတူ ဒေါ်အောင်ဆန်း စုကြည် နေရာကို သရုပ်ဆောင် ထားတဲ့ မင်းသမီး မီရှဲလ်ယိုဟာ လေယာဉ်တစီးတည်း အတူ တူပြန်သွားကြတာလို့ သိရပါတယ်။

    မင်းသမီး မီရှဲလ်ယိုသည် မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွား တွေ့ဆုံကာ သူမသရုပ်ဆောင်နေတဲ့ ဒေါ်အောင် ဆန်းစုကြည် ဇာတ်ကောင်နေရာအတွက် တွေ့ဆုံစကားပြော မေးမြန်းတာတွေလုပ်ခဲ့ပြီး ၊ သရုပ်ဆောင်နေသည့် ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတချို့ကိုပြသခဲ့တယ်လို့ သိရပါတယ်။

    သူမသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မကြားသေးခင်က ရိုက်ကူးထားတဲ့ “Devided Heart ” နာမည်ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဘဝ တစိတ်တပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နေရာ က သရုပ်ဆောင်ထားခဲ့သည်။

    Ref:Irrawaddy’s blog

    Reply

  • ဆူး

    December 7, 2010 at 9:41 am

    ဂျက်မ လာတာ သိတောင် မသိလိုက်ဘူးနော်.. တိတ်တဆိတ် လာတာများလားဟင်..

    Reply

  • ကြယ်လေး

    December 7, 2010 at 10:35 am

    ကို ထိန်လင်းက မှ အဖေဘယ် သူ အမေဘယ်သူ တိတိကျကျ ပြောနိုင်တော့ မျိုးစစ် တယ်လို့ပြောလို့ရတယ် 🙂

    စစ်ဗိုလ်လေး တွေ လက်အုပ်ချီကိုးကွယ်တဲ့ သူတို့ခေါင်းဆောင် ဘဘကြီးရဲ့သမီးတော် ဗိုက်ပူလေး နဲ့ စိန်တွေ ညွတ်နေအောင်ဝတ်

    မင်္ဂလာဆောင်တဲ့ တယောက်ရဲ့ဗိုက်ထဲကကလေး သာ အရွယ်ရောက်လို့ အင်တာနက်ထဲ သူ့ အမေအကြောင်း တွေဖတ်မိရင် ဒွတ် ခ 😛

    @ဒေါ် ဆူး
    Email ပြန်စစ်ကြည့်လိုက်ပါ အုံး

    Reply

  • ကြယ်လေး

    December 7, 2010 at 11:17 am

    ဒေါ်ဆူး ကို ဂျက်မက email ပို့ပြီးကြိုပြောထားတယ်
    သူလာမယ် ဆိုတာ သူတိတ်တိတ်လေးလာတာဟုတ်ဘူးတဲ့

    ကွန်မကောင်းလို့သူပြန်ပြီးမှ email ရောက်ရင်ရောက်မယ်တဲ့ 😛

    ရွာရောက်တော့ လဲဒေါ်ဆူးကို phဆက်တယ်တဲ့ လူကြီးမင်းနဲ့ ပဲတိုးသွားတယ်တဲ့ 😛

    Reply

  • ဆူး

    December 7, 2010 at 11:39 am

    အဲလို လုပ်ပါ ဆြာ (ဆရာ) လေးရယ်.. ဘာမှန်း မသိဘူး.. အီးမေးထဲမှာ စစ်တဲ့.. အီးမေးဆို ဘာမှ လက်ကျန်မထားဘူး ဖတ်ပြီး အကုန်ဖျက်တာ.. ဟီးဟီး.. လက်စ လက်န မကျန်ဘူးပေါ့.. အလကားပြောတာပါ.. မလိုအပ်တာတွေဆို မျက်စိနောက်လို့ ဖျက်တယ်.. လိုအပ်တာဘဲ ထားတယ်။ အဲဒါကြောင့် နဲနဲ.. စဉ်းစားလိုက်ရတယ်။

    Reply

  • paukpauk

    December 7, 2010 at 12:39 pm

    အန်တီစု အကြောင်းဆို ဒါပဲပုတ်ခတ်နေကြတာပဲ။
    ခုလို ဝိုင်းဆော် အားပေးလိုက်ကြတာ ..
    ဖတ်လို့ ကောင်းတယ်ဗျာ။
    နာနာလေးသာ နှက်။

    Reply

  • female

    December 7, 2010 at 2:26 pm

    အေးလေ အဲဒီအမျိုးစစ်မစစ်ဆိုတာကြီးကိုက မဟုတ်တာ ဘယ့်နှယ် လူလူချင်းယူတာပဲ ဘယ်သူ့ယူယူပေါ့ ကမာ္ဘဦးအစက လူတွေမှာမျိုးနွယ်နာမည်မှမရှိကြတာ လူဟာလူပဲပေါ့ ဘယ်လိုဖြုတ်ဦးနှောက်တွေမှန်းကို ပြောမတတ်တော့ပါဘူး ဘယ်သူမှန်းဘယ်ဝါမှန်းမသိနဲ့မွေးတဲ့ကလေးလည်းမဟုတ် ဘာတွေလည်းမသိဘူး ဓါတ်ပုံတွေအောက်ကစာတွေက မြန်မာသွေးစစ်စစ်တဲ့ တို့ ဘဘကြီးတွေတောင် စစ်စစ်ပေါက်ပေါက် ပြန်စစ်ကြည့်ရင် သွေးစစ်ပါ့မလားနော့ Kim, we all stand with you and we all believe you are the strength to your mother, who is also our mother.

    Reply

  • winkyawaung

    December 7, 2010 at 4:12 pm

    အမျိုးစစ်ပါတယ်ဆိုတဲ့ လူကြီးမင်းများကတော့ ကိုယ့်မိသားစု လူတစ်စု အမျိုးအတွက် နိုင်ငံတွင်းက သံယံဇာတအားလုံး ရှိတာတွေကို အကုန်ချရောင်းစားနေကြတာများ..။

    Reply

  • timothy

    December 7, 2010 at 5:16 pm

    ကိုပေါက်ဖော်ပြောလု့ိအမေအိမ်ဝက်ဆိုက်ကိုသွားကြည့်တာ အောက်တန်းကျတဲ့လူမျိုးခွဲခြားရေအမြင်နဲ့ရေးထားတာသွားတွေ့တာဘဲဗျာ။
    လူမျိုးအဆင့်အတန်းခွဲခြားမှူ့ဟာအင်မတန်သေးသိမ်အောက်တန်းကျသူတွေရဲ့ယူအဆပါဘဲ။
    စိတ်ဓါတ်မြင့်မှလူမျိုးအဆင့်အတန်းလဲမြင့်နိုင်မှာဘဲ။
    အောက်တန်းကျတဲ့ဗိုလ်သန်းရွှေတို့ရဲ့အဆင့်အတန်းမဲ့တဲ့အတွေးအခေါ်တွေတွေ့ရတာတိုင်းပြည်နဲ့လူမျိုးသိက္ခာကျလွန်းတယ်ဗျာ။

    Reply

    • etone

      December 8, 2010 at 3:25 am

      timothy အဲ့ဒီအကောင်ကြီးအကြောင်းထည့်မပြောနဲ့ ကျက်သရေတုံးတယ် ။ မသေခင်က ပုပ်နေတဲ့ ရုပ်နဲ့ ။ အန်တီစု ဝက်ဆိုက်ရှိလား ။ link လေးပေးပါဦး ။

      Reply

  • suicide blind

    August 2, 2011 at 4:54 pm

    အဲ ့ဒီ့ဇာတ်လမ်းကြည့်ချင်တယ်

    Reply

  • Mee2

    August 2, 2011 at 6:29 pm

    ယမေ ့ကျွန်မတို ့တွေ ရော ခေတ်လူငယ်ကြားတွေမှာ ဗိုလိချုပ်အကြောင်းမေးရင်သိတဲ့သူ အရမ်းနည်းလာတယ်။အစိုးရကိုယ်တိုင်က ဟိုမဖျောက် သည်မှာပိတ်လုပ်နေတာကြောင့်လဲပါ ပါတယ်။အမေစု ရဲ ့ဒီကနေ ့ထိ ဖြတ်သန်းနေရတဲ့လမ်းခရီး ဟာ ဒီမိုကရေစီခရီ မနီးပေမယ့်. အမေ့ရဲ ့ကြိ ုးပမ်းအားထုတ်မှုကို သမီးတို ့အားကျလျှက်ပါ အမေ။အမေ ရဲ ့အကြမ်းမဖက်တဲ့ နှုးညံ့တဲ့ စိတ်နနေစိတ်ထားကိုလေးစားလျှက်ပါအမေ။စစ်အာဏာရှင် တသိုက်ကတော့ သွေးမစစ်အမျိ ုးမစစ်ပြောနေကြပေမယ့်. သမီးကတော့ လူသားပီသ တဲ့ လူ ့အဆင့်အတန်းကို သဘောကျပါတယ်။နဖူးစာရွာလည်တယ်ဆိုကြတော့ အမေရဲ ့ရွေးချယ်မှုက ပြောစရာကိုမရှိပါဘူး။ကင်မ်ကို လဲ တပ်အားသရွေ ့ဆက်ကူညီဖို ့တိုက်တွန်းချင်ပါတယ်။အားလုံးသော မြန်မာအမျိ ုးသမီးထုအတွက်သာမက တကမ္ဘာလုံးအတွက်စံပြဖြစ်နေတဲ့ အမေစု ကို ဒီနေရာ MG ရွာကလေးမှဂါရဝ ပြ ုပါရစေ

    Reply

Leave a Reply to paukpauk Cancel Reply

Your email address will not be published.