wunnaApril 8, 20101min02

ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင် အရပ်အခေါ် ၅ သိန်းဖုန်းဟု ခေါ်သော သတ်မှတ်ထားတော့ ဧရိယာ (မြို့နယ်) အတွင်းသာ ပြောဆိုနိုင်သော စီဒီအမ်အေ ဖုန်းတစ်မျိုးကို ချပေးလျက်ရှိပါသည်။ ထိုဖုန်းများသည် ၁ဝ နှစ်သာ သက်တမ်းရှိခြင်းနှင့် ရန်ကုန်တစ်မြို့လုံး သယ်ယူ ပြောဆိုခြင်း မပြုနိုင်သဖြင့် လျောက်ထားဝယ်ယူသူနည်းလျက်ရှိရာ ယခုအခါ ဧပြီလ ၁၅ ရက်နေ့မှ စပြီး ထိုဖုန်းများကို ရန်ကုန်တစ်မြို့လုံး မည်သည့် နေရာတွင်မဆို ပြောဆိုနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထိုသို့သာ တစ်ကယ်ဖြစ်လာပါက ၅ သိန်း တန်ဖုန်းများဈေးတက်ပြီး တရားဝင် ၁၅ သိန်း ၅ သောင်း သွင်းရသော GSM ဖုန်းများကို လူကြိုက်နည်းသွားနိုင်ပြီး ဝယ်လိုအားကျသွားနိုင်ကြောင်း ဖုန်းဈေးကွက်မှ ခန့်မှန်းကြပါသည်။

2 comments

  • susunosuki

    April 17, 2010 at 2:47 pm

    ဈေးက ဆို်င်ကယူတာ တစ်မိနစ် ၇ဝ ကျပ်
    အသံကတော့ မကြားတချက်ကြားတချက်

    Reply

  • htethtet

    June 7, 2010 at 1:41 pm

    အရူးတွေလုပ်သမျှခံနေရတာ နော်

    Reply

Leave a Reply

Your email address will not be published.