တရုတ်နိုင်ငံ ရေလျှံ ကျောက်မီးသွေးတွင်းမှ လုပ်သား ၁၁၅ ဦးအား ကယ်တင်နိုင်ခဲ့

BayoteApril 7, 20101min02

လွန်ခဲ့သောအပတ်က တရုတ်နိုင်ငံမြောက်ပိုင်း ရှန်စီးပြည်နယ် ဝမ်ကျာလင်းကျောက်မီးသွေးတွင်းတွင် ရုတ်တရက်ရေလျှံမှုဖြစ်ပွား၍ လုပ်သား ၁၅၃ ဦး တွင်းထဲတွင်ပိတ်မိနေခဲ့သည်။ ကယ်ဆယ်ရေးလုပ်သားများသည် ၁၄ တန်လေးသော ရေစုပ်ပန့်တစ်ခုကိုမြေအောက် မီတာ ၆၀ဝ အနက် သို့ သယ်ဆောင်ပြီးလျှင် ၂၄ နာရီပတ်လုံး လက်မလျော့ဘဲ ရေများကို စုပ်ထုတ်ခဲ့ကြသည်။ စနေနေ့အရောက်တွင် ရေကုဗမီတာ ၈ သောင်းစုပ် ထုတ် နိုင်၍ မိုင်းအတွင်းတွင် ရေ ၅ မီတာခန့်လျော့ကျသွားခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေးလုပ်သားများသည် ပိတ်မိနေသော တွင်းတူးသမား ၁၁၅ ဦးကို ကယ်တင်နိုင်ခဲ့ကြသည်။ ကယ်ဆယ်ရေးလုပ်သားများသည် မိုင်းအတွင်း၌ အသက်ရှင်ကျန်ရစ်သူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေလျက်ရှိကြသည်။ (ဆင်ဟွာ)

2 comments

  • susunosuki

    April 15, 2010 at 2:42 pm

    ဝမ်းနည်း စရာကောင်းတဲ့သတင်းတစ်ခုပါပဲဗျ
    ကယ်ဆယ်ရေးသမားတွေက တော့ဝါသနာ အရင်းခံ လို့သာ ခုလိုမျိုးလုပ်နိုင်တာပါ
    တကယ့်ကိုချီးကျူးစရာပါ

    Reply

  • မန်း ရိပ်

    October 1, 2010 at 5:36 am

    စိတ်မကောင်းစရာပဲ

    Reply

Leave a Reply

Your email address will not be published.