အင်ဒိုနီးရှားနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်

BayoteApril 7, 20101min02

အင်ဒိုနီးရှားနိုင်ငံ  ဆူမားတရားကျွန်းအနီးတွင် ဗုဒ္ဓဟူးနေ့နံနက်က အင်အား ၇.၈ ရှိသောပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။ ၎င်းငလျင်သည် အာချေးပြည်နယ် စီနာဘန်မြို့ ၏အရှေ့တောင်ဘက် ၆ဝ ကီလိုမီတာအကွာ ရေပြင်ကို ဗဟိုပြု၍လှုပ်ခတ်သွားခြင်း ဖြစ်သည်။ အာချေးပြည်နယ်သည် ၂၀၀၄ ခုနှစ် ဆူနာမီဒဏ်ကို အလူးအလဲခံခဲ့ရသည့် ပြည်နယ်ဖြစ်သည်။ ကမ်းနားတွင်နေထိုင်ကြသူများ ကြောက်လန့် တကြားဖြင့် ကုန်းတွင်းပိုင်း မြေမြင့်ရာသို့ ထွက်ပြေးကြသည်။ ပင်လယ်ရေပြင်တွင် ဆူနာမီရေလှိုင်း အသင့်အတင့်ဖြစ်ပေါ်သဖြင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ သို့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုတ်သိမ်းခဲ့သည်။ လောလောဆယ်တွင် အထိအခိုက်အပျက်အစီး စာရင်းကို မသိရှိရသေးပေ။

2 comments

  • susunosuki

    April 15, 2010 at 2:53 pm

    ဂရိတွေးခေါ် ပညာရှင်ကြီး အနာဇီမန်းဒါး ပြောခဲ့တဲ့
    ရေပြင်ပေါ်က မြေလွှာချပ်ကြီးတွေ မငြိမ်ကြတော့ဘူး နဲ့တူတယ် ဗျ

    Reply

  • susunosuki

    April 15, 2010 at 2:58 pm

    ငလျင်ကြိုသိ နိုင်တဲ့ သတ္တဝါတွေ ထဲမှာ မြွေတွေ ဖားတွေ ပါတယ်လို့တစ်နေ့က
    ဂျာနယ်မှာ ဖတ်လိုက်ရတယ် ။
    သေချာလေ့လာနိုင်ရင်တော့ ခုလိုလူထောင်သောင်းချီပြီး ဖိတ်သစဉ် ရတဲ့ ဝမ်းနည်းစရာ
    သတင်းတွေ ရပ်တန့်နိုင်မယ် လို့မျှော်လင့်ပါတယ်

    Reply

Leave a Reply

Your email address will not be published.