သင် ဆေးပုလင်းကို မြင်ဖူးသလား…

manawphyulayDecember 4, 20101min02

တရားအားထုတ်တဲ့အလုပ်ကို ဆရာဝန်က လူနာကို ပေးတဲ့ ဆေးပုလင်းနဲ့ နှိုင်းလို့ရပါတယ်။ ဆေးပုလင်းမှာ ဘယ်လိုသောက်ရမယ်ဆိုတဲ့ အသေးစိတ် ညွှန်ကြားချက်တွေပါပါတယ်။ ဒါပေမယ့် လူနာက ဘယ်လောက်ပဲ ညွှန်ကြားချက်ကို ရာချီပြီး ဖတ်ဖတ်၊ ဒါပဲလုပ်မယ်ဆိုရင်တော့ သူ သေဖို့ သေချာပါ့။ ဆေးရဲ့ အာနိသင်ကို သူ ဘာမှခံစားရမှာ မဟုတ်ဘူး။ သူက မသေခင်မှာ ဆရာဝန် မကောင်းကြောင်း၊ ဆေးက သူ့ကို မပျောက်စေနိုင်ကြောင်း ပြောချင်ပြောမယ်။ ဆရာဝန်ကို အတုလို့ထင်၊ ဒါမှမဟုတ် ဆေးကို တန်ဖိုးမရှိလို့ထင်၊ သူ့အနေနဲ့ကတော့ ပုလင်းကို ကြည့်ပြီး ဆေးစာကို ဖတ်ရုံကလွဲပြီး ဘာမှမလုပ်ဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာ၊ ဆေးကိုလည်း မသောက်။ တကယ်လို့သာ သူဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဆေးကို အညွှန်းအတိုင်းမှန်မှန်သောက်မယ်ဆိုရင် ရောဂါပျောက်မှာပေါ့။
ဆရာဝန်ဟာ ကိုယ်ခန္ဓာက ရောဂါပျောက်အောင် ဆေးညွှန်းကြားချက်ပေးတယ်။ မြတ်စွာဘုရားရဲ့ ဓမ္မတရားတွေက စိတ်ကို အခြေအနေကောင်း ပြန်ရောက်အောင် ကုသပေးတဲ့ ညွှန်ကြားချက်တွေပါပဲ။ လူတိုင်းမှာရှိတဲ့ စိတ်ရောဂါကို ကုသပေးဖို့ ညွှန်ကြားတဲ့အတွက် မြတ်စွာဘုရားကို ဆရာဝန်လို့ သဘောထားနိုင်ပါတယ်။ စိတ်ရဲ့ဝေဒနာကို တွေ့တဲ့အခါ အဲဒီရောဂါကို ကုဖို့ တရားဓမ္မကို အထောက်အကူအဖြစ် သဘောမထားသင့်ဘူးလား….

2 comments

  • ဆူး

    December 4, 2010 at 3:46 pm

    ကိုယ်သာ နာ ပစေ.. စိတ်မနာ စေနဲ့..

    Reply

  • winkyawaung

    December 5, 2010 at 4:54 am

    ဆေးညွှန်းအတိုင်း အချိန်မှန်မှန်သောက်သွားရင် တရားက ကျေးဇူးပြုလာမယ် ထင်ပါတယ်နော်..။

    Reply

Leave a Reply to winkyawaung Cancel Reply

Your email address will not be published.