မြန်မာပြည်ရဲ့ ဝါရင့် ဒါရိုက်တာကြီး အတွေး

ဆူးDecember 2, 20101min023

ဒီနေ့ MRTV-4 ကြည့်လိုက်တော့ ကိုရီးယား မြန်မာ အနုပညာ ချစ်ကြည်ရေး အတွက် ဂျူမုံ လာလို့.. မေးမြန်း ခန်းတခုကို နားစိုက်ထောင်မိလို့.. ကြားရတာ ခိုးလု ခုလု ဖြစ်မိတာလေး ရေးလိုက်တယ်။ မေးတဲ့လူက ကြည်ဖြူသျှင် အား.. အမလို မြန်မာပြည်ရဲ့ ဝါရင်း ဒါရိုက်တာကြီး တဦးအနေနဲ့.. ကိုရီးယား မင်းသား နဲ့ မင်းသမီး လာတဲ့ အပေါ် ဘယ်လို ခံစားရလဲပေါ့.. နောက်ထပ်မေးတာက.. သူတို့ ရုပ်ရျင်တွေမှာ အများဆုံးမြင်ရတဲ့ ကင်ချီနဲ့ အစားအသောက် အကြောင်းတွေ ပြသတာတွေ သတိထားမိတယ်။ အမ အနေနဲ့ ဘယ်လိုမြင်မိဘဲ.. မြန်မာပြည်က ဇတ်ကားတွေမှာ ဆိုရင် ဘယ်လို အတုယူစရာ ဖြစ်မလဲလို့ မြင်ပါသလဲ။ အမ်….. အမ အနေနဲ့ ပြောရရင်လေ.. သူတို့ ရုပ်ရှင်တွေထဲမှာ ကင်ချီတွေ ရေညှိတွေ စားပြကြတယ်။ ဒါလည်း ကမာ္ဘက သိအောင် ဈေးကွက် ထိုးဖောက်နည်း တမျိုးပေါ့လေ.. မြန်မာမှာကတော့ အစား အသောက် အရမ်းကျယ်ပြန့်တယ်.. သူတို့က စားနေကျ တော့ပူကီ ပဲခေါက်ဆွဲ စားပြနေကြပေမဲ့.. မြန်မာ အစားအစာဆို လက်ဖက်တော့ ရှိတယ်။ ကျန်တာကတော့ သိပ်ကျယ်ပြန့်လွန်းတော့.. …..
သူတို့.. ဆီက အလှပြင် ပစ္စည်းတွေ ဆိုလည်း သူတို့ သုံးပြ နေတော့ ဈေးကွက်တော်တော် ကျယ်ပြန့် လာတယ်လို့ မြင်တယ်။

နားထောင်ရတာ ခိုးလု ခုလု.. စိတ်ထဲ ဖြစ်မိတာ နောက်မှ ကွန်မန်းနဲ့ ရေးမယ်။ အားလုံး အားပေးလိုက်ကြပါအုန်း.. ဝါရင်း ဒါရိုက်တာကြီး ရဲ့ အာဘော်

23 comments

  • weiwei

    December 2, 2010 at 11:43 am

    ဆူးဟာသက တော်တော်ရီရတယ် …
    မပြုံးပဲ ဝါးလုံးကွဲ ရီလိုက်မိတယ် … ဟားဟားဟား …..

    Reply

  • ဆူး

    December 2, 2010 at 12:21 pm

    ပြည်တွင်းဖြစ် ငပိရေကို မေ့နေရှာတယ် ထင်တယ်။ မြန်မာ ပြည်ရဲ့ တောနေလူထုကို ကိုယ်စားပြုတဲ့ ငပိရေနဲ့ တို့စရာ

    Reply

  • ဆူး

    December 2, 2010 at 12:30 pm

    ထညက်နဲ့ ရေနွေးကြမ်း

    Reply

  • ဆူး

    December 2, 2010 at 12:35 pm

    ဓလေ့စစ်စစ် မုန့်ဟင်းခါး.. မနက်မိုးလင်းတာနဲ့ မုန့်ဟင်းခါး မင်္ဂလာဆောင်လည်း မုန့်ဟင်းခါး သေလည်း မုန့်ဟင်းခါး.. မြန်မာတွေ မမေ့မလျော့ စားနေကြတာ.. အခုဆို မြန်မာက လူတွေ ကော အဝေးရောက် မြန်မာတွေ အတွက် ရယ်ဒီမိတ် မုန့်ဟင်းခါး ထုတ်ရောင်းနေတာ.. စီးပွားဖြစ်တဲ့ လူတွေ ဖြစ်နေကြပြီ။ နိုင်ငံခြားက လူတွေ စားချင်လာအောင် လုပ်ပြလို့ ရတာဘဲ။

    Reply

  • weiwei

    December 2, 2010 at 12:43 pm

    ဆူးရယ် .. အပင်ပန်းခံပြီးတွေးမနေပါနဲ့ .. မြန်မာ့ရုပ်ရှင် ဘယ်နိုင်ငံခြားသားကမှ မကြည့်ဘူး … ခောတ်မှီတဲ့ မြန်မာတွေလဲ မကြည့်ဘူး …

    Reply

  • Kaung Thant

    December 2, 2010 at 12:55 pm

    ပေါပါတယ်ဗျာ ဒီလောက်မြန်မာစားစရာတွေပေါတာကိုသူတို့မှမသိတာကိုသနားပါတယ် သူတို့ခမျာမရိုက်ကူးနိုင်ဘူး

    Reply

  • ဆူး

    December 2, 2010 at 1:01 pm

    ဘယ်သူမှ မွေးကတည်းက လမ်းမလျောက်ဘူး (မြတ်စွာဘုရားမှ လွဲရင်)
    သူတို့ ရုပ်ရှင် အဆင့်အတန်း လူပျို အဆင့်လောက် ရောက်နေပေမဲ့..
    မြန်မာ အဆင့်.. လေးဘက်ထောက် မှောက်ရက်သွား ဖြစ်နေရင်.. သူများတွေ သွားပြီးသား လမ်းကို နမူနာ ယူပြီး မြန်မြန် အဆင့်တက်အောင် ကြိုးစားသင့်တာမျိုးလို့ မြင်တာဘဲ။ အချိန်တွေသာ ကြာလာတယ်.. လမ်းလျှောက်တက်ခါစကနေ တခါတလေ လေးဘက်ထောက်တဲ့ အဆင့် ပြန်ကျသွားတာတောင် မြင်မိသေးတယ်။

    Reply

  • The Reds

    December 2, 2010 at 4:04 pm

    အော် အ မ ဆူး ရယ် … နား လည် ပေး လိုက် ပါ …. တော နေ လူ ထု အ ကြောင်း တွေ မ ရိုက် ရ ဝူး လို အ မိန်. ရှိ တယ် လေ ….. အ မှန် ဆို ရင် တော. သူ တို. ဂင်ချီ သုးံ တဲ. နေ ရာ မှာ ဒီ က ငပိ … သူ တို. ပဲ ခေါက် ဆွဲ နေ ရာ မှာ မုန်. ဟင်း ခါး တွေ အ စား ထိုး ပြီ း ကိုး ရီး ယား တွေ ရိုက် ခိုင်း ရ မှာ … ဟီး ဟီး ..

    Reply

  • bigcat

    December 3, 2010 at 2:05 am

    တချို့အဖြူတွေက မြန်မာတွေ မနက်စာကို ဖစ်ရှ်စွပ်လို့သိတဲ့ မုန့်ဟင်းခါး စားသောက်တာကို အံ့ဩကြတယ်။ သူတို့က ညစာနဲ့မှာ တွဲစားတာမှတ်လား။

    Reply

  • ဆူး

    December 3, 2010 at 3:43 am

    ခပ်ရိုင်းရိုင်းပြောရရင်.. သူတို့က ဝါးလုံးခေါင်းထဲ လေကျယ်နေတာလား.. အပြင်လောက ကို ထွက်မကြည့်တာလား။ အတုယူ လမ်းလွဲနေသလား။ သိတော့ပါဘူး။

    Reply

  • darkoosky

    December 3, 2010 at 6:04 am

    ဘာတွေလျောက်ပြောမှန်းမသိဘူး.. ဘာကြောင့်နာမည်ကြီးသွားတာလဲ

    Reply

  • moethidasoe

    December 3, 2010 at 8:21 am

    မြန်မာဇာတ်ကားမှာ အစားအသောက်ခန်း ပါရင် တကယ် မစားရလို့ အထူးပွဲတွေကို အတုများလုပ်ထားသလားအောင်းမေ့ရတယ် .. ရိုက်ကွင်းစရိတ် တက်မှာကိုး ..
    မုန့်ဟင်းခါးတောင်မှ ဇာတ်ပို့ဇာတ်ရံတွေအတွက် ဗလာချီ မရဘူး .. ရိုက်တဲ့အခန်း ပါတဲ့လူအတွက်ပဲ ပါတာလေ .. ဒါကြောင့် စားစရိတ် တက်မှာစိုးလို့ မြန်မာ့ရိုးရာ စားစရာတွေ မပြဖြစ်ဘူး .. ကိတ်မုန့်တောင်မှ အတုနဲ့ ပြထားတာတွေ များတယ် ..
    ဒါကြောင့် ရိုးရာ အစားအစာကို သူ မသိတော့ဘူး ..
    ဧည့်ခံပွဲမှာ ပါတဲ့ အစားအစာပဲ သိတော့တယ် ..

    Reply

  • kai

    December 3, 2010 at 9:20 am

    မြန်မာအစားအစာ ဘယ်လောက်ကျယ်ပြန့်သလဲ..သိရအောင် … မြန်မာအစားအစာကို စာရင်းလုပ်ပြကြပါလားခင်ဗျာ..။
    မြန်မာအစားအစာစစ်စစ်နော်..။
    ကျုပ်သိသလောက် ..တခြားနိုင်ငံက အစားအစာနဲ့ ညွှန်းပြီး ပြန်ချေကြည့်မယ်..။
    ဥပမာ..။ ငပိရည် ဆိုပါတော့ ..။ အရှေ ့တောင်အာရှမှာ ဗီယက်နန်မှာလည်း ရှိတာမို ့.. မြန်မာအစားအစာ မဟုတ်ကြောင်း ..ဆိုတာမျိုးပေါ့..။ ငပိကတော့ … ယိုးဒယားမှာလည်း ရှိတယ်..။
    ငါးခြောက်..။ယိုးဒယားမှာရှိတယ်..။
    ..
    စသဖြင့်..။

    Reply

  • zin

    December 3, 2010 at 9:34 am

    ကြည်ဖြူသျှင်ကတော့ မသိဘူး ကျန်တဲ့သူတွေကတော့ အကုန်တွေးနေကြရပြီ။ ထျန်းလျက်ခဲကော တခြားနိုင်ငံမှာရှိလားဟင်….

    Reply

  • kai

    December 3, 2010 at 9:46 am

    ရှိပါ့ဗျာ..။ ကြံသကာရော..ထန်းလျှက်ကော..။
    ကြံသကာက .. ပိုမာပြီး ..ထန်းလျှက်ကတော့ … အလုံးပိုကြီးတယ်..။

    Reply

  • meengelay

    December 3, 2010 at 10:38 am

    ဟိဟိ ဟုတ်တယ် အမေးတစ်ခြား အဖြေ တစ်ခြားနော်
    ဆူးက ချက်ချင်းကို ပြောတော့တာပဲ အဲဒါကောင်းတယ်
    (5) ရက်နေ့မှာ ထပ်ပြီးလွှင့်မှာမို့ မကြည့်ရသေးသူတွေလဲ ကြည့်လိုက်ကြဦးနော်

    Reply

  • naywoonni

    December 3, 2010 at 10:52 am

    ကျွန်တော်တို့ ငယ်ငယ်တုန်းက စားခဲ့ဖူးတယ်။ခုလည်း ရံဖန်ရံခါစားနေကြတာ
    မုန့်ပျားသလက် ဗျာ..။ မုန့်လေပွေ ဗျာ …..နိုင်ငံခြားမှာ ရှိ မရှိ …….

    Reply

  • ဆူး

    December 3, 2010 at 2:20 pm

    ဦးခိုင် ကြီးရေ.. ထန်ညှက် ငပိရေ.. ယိုးဒယား ဗီယမ်နာမ်ရှိမပေါ့.. အရှေ့တောင်အာရှ မဲခေါင်မြစ်ဝှမ်းဒေသတွေဘဲလေ.. တမြေတည်းနေ တရေတည်းသောက်.. တချိန်က ဦးခိုင်ကြီး လက်အောက်ခံ တိုင်းပြည်ဘဲဟာ.. တိုင်းသူပြည်သားတိုင်း ငပိနဲ့ တို့စရာ နေ့တိုင်းစားခိုင်းလို့ ဒီနေ့ အထိ အကျင့်အပျောက်သေးဘဲ .. စားနေကြတာ.. ညနေ ရေနွေးကြမ်းဝိုင်းနဲ့ ထန်ညှက် စားခိုင်းတာလည်း တူဘဲလေ.. သိဘူးလား

    Reply

  • ဆူး

    December 3, 2010 at 2:59 pm

    မုန့်စိမ်းပေါင်း.. မြန်မာမုန့် စစ်တယ် ထင်တယ်။ မုန့်လုံးကြီး ဘိန်းမု့န် မုန့်ဆီကြော်

    Reply

  • kopauk mandalay

    December 3, 2010 at 3:52 pm

    ကျနော်ရေးတဲ့မလွမ်းစကောင်းထဲမှာ မြန်မာအစားအစာတွေပါတယ်ဗျာ။
    ကိုကိုကိုင် ဖတ်ပြီး စာရင်းလုပ်လိုက်တော့။
    အရေးထဲကြော်ငြာဝင်တယ်မပြောနဲ့ ကြော်ငြာဆိုပြီးကို တရားဝင်တင်ထားတာ။

    Reply

  • saund

    December 3, 2010 at 10:09 pm

    ဘယ်နိုင်ငံက ထန်းညက် ဝယ်ဝယ် မြန်မာ ထန်းညက် နဲ့ကို အနံ့ အရသာ မတူဘူး။ တထုပ် ၅ဒေါ်လာ ဝယ်မစားနိုင်လို့ ပဲကြိတ်ပြီး ဌာပနာ လုပ်ရတယ်

    Reply

  • kai

    December 3, 2010 at 10:17 pm

    မုန့်တွေမပါကြေးဗျာ..

    စကားစပ်လို ့ပြောရရင် ..မြန်မာကလေးတွေအင်မတန်ကြိုက်တဲ့ မုန် ့တမျိုးအကြောင်း ..ဒီမှာ မန်င်ဘာတယောက်တင်ဖူးတယ်..။
    ဘာတဲ့..ကလေးမလေးက .. နှာခေါင်းထဲကဟာကို ..ပါးစပ်ထဲထည့်တာလေ..။
    အဲဒါလည်း .. မြန်မာမုန့်ပဲမဟုတ်လားနော..။ 🙂

    Reply

  • ဆူး

    December 4, 2010 at 4:15 am

    နှပ်ချိး ငပိ လုပ်စားတယ်လို့ လူကြီးတွေ ပြောတာကြားမိတယ်။
    ကလေးတွေ နို့ဆီနဲ့ နှပ်ချီး မှားယွင်းပြီး အပေါ်က ကျတဲ့ နှပ်ချီး အောက်က လျှာလေးထိုးထိုးပြီး ကော်စားတာလား။ ဦးခိုင်..

    Reply

Leave a Reply

Your email address will not be published.