ကြက်ဆူပေးတဲ့ ဒုက္ခ………..ကလေးငယ် (၁၃ ) ဦးဆေးရုံတင်ရ

zaw mgDecember 2, 20101min07

ရန်ကုန်တိုင်းဒေသကြီး ၊ သုံးခွမြို့ ၊ တောစွန်းကျေးရွာ မှကလေးငယ် (၁၃ ) ဦးခန့်သည် (၂.၁၂.၂၀၁၀)ရက်နေ့ညနေပိုင်းတွင် ကြက်ဆူစေ့များ  စားမိရာမှ တစ်ဆင့် အဆိပ်အတောက်ဖြစ်ကာ သုံးခွမြို့ ဆေးရုံသို့ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါကလေးငယ်များသည် နိုင်ငံတော်မှစီမံချက်ဖြင့် စိုက်ပျိုးထားသော ကြက်ဆူပင်များမှ

ကြက်ဆူသီးများ အားခူးယူစားသုံး ရာမှ အခန့်မသင့် အဆိပ်အတောက်ဖြစ်ကာဆေးရုံသို့ရောက်ရှိခဲ့ကြောင်းသိရသည်။ကလေးငယ်များအခြေအနေနှင့်ပတ်သတ်

၍ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်းသုံးခွမြို့ခံတစ်ဦးမှပြောကြားခဲ့သည်။

7 comments

  • ဆူး

    December 2, 2010 at 11:24 am

    ကြက်ဆူ အသီးကို ခွဲလိုက်ရင် ဗန်ဒါစေ့လို အဆံလေး ရှိတယ်။ အဲဒါကို စားလို့ရတယ် ထင်ပြီး စားမိတာ ဖြစ်လိမ့်မယ်။ ကြက်ဆူ အဆံကို နိုင်ငံခြားဆေး ဖော်စပ်တဲ့ နေရာမှာကော မြန်မာ တိုင်းရင်းဆေး ဖော်စပ်တဲ့ နေရာမှာပါ ဝမ်းနှတ်ဆေး အတွက် သုံးပါတယ်။ များများ စားမရင် အထက်လှန် အောက်လျှော ဖြစ်တတ်ပါတယ်။ အရသာ သိယုံ ၁စိလောက် စားမိရင်တောင် ဝမ်းသွားတတ်ပါတယ်။ စမ်းသပ်စားဘူးတဲ့ လူပြောတာ ကြားမိတာကတော့ ကြက်ဆူ အဆံက ဗန်ဒါစေ့လို့.. စားကောင်းတယ် စိမ့်တယ်လို့ ကြားမိတယ်။

    Reply

  • karlanakar

    December 2, 2010 at 5:48 pm

    ကျနော် ကြားဘူးတလောက်က တော့ ကြက်ဆူစားရင်မူး ဝေတယ်လိုပြောပါ တယ်။ ဆရာမတယောက် ကပြောပြတာပါ။ ဒါကြောင့် လဲစားတာပါမှာပါ။ စားနေကြများသွားတာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တာဆီးရမှာပါ။ လူသေသွားတဲ့ အထိဖြစ်လာနိုင်လိုပါ။

    Reply

  • ဆူး

    December 3, 2010 at 4:26 am

    တားဆီးဖို့ဆိုရင်.. လူသိရှင်ကြား ရုပ်မြင်သံကြားတွေက ကြေညာဖို့ လိုတယ် ထင်တယ်။ မစားသင့်ဘူး ဆိုတာ.. ကိုရီးယားကားကြည့်တဲ့ အချိန် လူစုတဲ့ အချိန်ဘဲ.. ကြေညာ စာတမ်း တခုက အများကြီး ထိရောက်တယ်။

    Reply

  • moethidasoe

    December 3, 2010 at 6:31 am

    မစားသင့်ဘူးဆိုတာကို မသိကြပါဘူး .. သူ့ အဆံက ဆိမ့်တယ် ဆိုတယ် .. စားဘူးတဲ့လူကို မေးကြည့်တော့ .. ဆိမ့်တယ် .. တစ်ယောက်က သစ်ဆိမ့်သီး .. စားလို့ ရတယ် ဆိုပြီး ပြောလို့ စားကြည့်တာ .. ပြီးတော့မှ ဗိုက်ထဲမှာ လိမ့်နေအောင် နာတယ် .. ပြီးတော့ အန်တယ် လို့ ဆိုတယ် .. သူက ဆယ်လုံးလောက် စားဖြစ်တယ် .. ဆေးရုံတော့ မရောက်လိုက်ဘူး .. ဆေးခန်းနဲ့ သက်သာသွားတယ်လို့ ဆိုတယ် ..
    စိုက်ဆိုလို့သာ စိုက်ခဲ့ကြတယ် .. ဘယ်သူက အသီးတွေကို စုဆောင်းရမယ် .. ဘယ်သူတွေက အသီးတွေကို လိုက်သိမ်းမယ် .. အခြောက်ခံမှာလား .. အစိမ်းအတိုင်း ကြိတ်မှာလားလဲ ညွှန်ကြားချက် မရှိဘူး .. ဘယ်မှာ ကြိတ်မှာလဲ ဆိုတဲ့ စီမံချက် မရှိပဲ .. စီမံချက်ဝင် သီးနှံ .. ဖျက်ဆီးသူ ဒဏ်ငွေ တစ်သောင်းဆိုတဲ့ ဆိုင်းဘုတ်ကိုတော့ ရပ်ကွက်တွေတိုင်းမှာ တစ်ခါက တွေ့ခဲ့တယ် ..
    ပြီးတော့လဲ ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ .. ပြီးခဲ့ပါပြီး .. ဒါပေမယ့်လဲ .. တစ်ရံတစ်ခါတော့ .. (လွှမ်းမိုးသီချင်း ဆိုပြတာပါ)

    Reply

  • etone

    December 3, 2010 at 7:54 am

    နေရာတိုင်းမှာ လျှောက်စိုက်ပြီးတော့ အခုတော့လည်း အလကားပါပဲ…. ဘာ ဘိုင်အိုလောင်စာဆီမှ ထုတ်မရဘူးလေ ။ သူ့အပင် လက်တစ်ဆုပ်လောက်နဲ့ ဘာ ဆီထုတ်လို့ရမှာလဲ …။ ကြက်ဆူပင် စိုက်တဲ့ရောဂါထတုန်းက ထပြီး အခုတော့လည်း … ကောက်ရိုးမီးလိုပါပဲ ။

    Reply

  • moethidasoe

    December 3, 2010 at 9:06 am

    လုပ်တုန်းကတော့ ရည်ရွယ်ချက် ကြီးကြီးမားမား မဟုတ်ပါဘူး .. စုကြည်ကို ကြက်ဆူနဲ့ ကက်ကင်းရိုက်တယ် ဆိုပြီး လုပ်ခဲ့တာ .. အကြောင်းပြချက်ကတော့ တရုတ်နိုင်ငံ နယ်စွန်နယ်ဖျားမှာ လောင်စာဆီ မပို့နိုင်လို့ ကြံဖန် လုပ်ကိုင် သွားလာတဲ့ အခြေအနေကလေးကို မြန်မာ့နည်း မြန်မာ့ဟန် ဆိုပြီး လုပ်တာ တဲ့ .. ဒါကြောင့် နောက်ဆက်တွဲ ဆောင်ရွက်ချက်တွေ ကင်းတာလို့ ထင်တယ် ..

    Reply

  • naywoonni

    December 3, 2010 at 10:57 am

    ကျွန်တော်လည်း ကြက်ဆူ ကိုမုန်းတယ်။ ဘာလို့လဲဆိုတော့ ကြက်ဆူကိုင်း နဲ့ မျက်လုံးထိုးမိထားပြီး ခု မျက်မှန်တပ် နေရတာလေ။ မျက်စေ့ထဲမှာ ကြက်ဆူကိုင်းထိပ်က အမှိုက်တွေ မနဲ ပြန် ထုတ်ယူထားရတာ

    Reply

Leave a Reply to moethidasoe Cancel Reply

Your email address will not be published.