မုန့်လုံးကြီး နွားနို့ဆမ်း

saundDecember 1, 20101min06

ဆောင်းတွင်းရောက်လာတော့ အေးတာ မဆန်းပေမဲ့ ဟင်းချက်တဲ့ အခါ အခက်ခဲ ဖြစ်တယ်။ အိမ်အနေအထား အရ သူများနဲ့ တွဲနေ ရတော့ အ်ိမ်ထဲက ဟင်းနံ့ ထွက်အောင် တံခါးတွေ ဖွင့်ရတိုင်း ဟင်းချက် တဲ့လူ မတ်တပ် ခဲသွားမဲ့ အခြေနေ ဖြစ်ရော။ ဒါကြောင့် တော်ရုံ လွယ်တဲ့ဟင်းတို့ ခေါက်ဆွဲပြုတ် ကြာဆံပြုတ်တို့ဘဲ လုပ်စား ဖြစ်တယ်။ ဟင်းချက်ရင်း ကောက်ညင်းမှုန့် တွေ့တော့ မဆွီ ဆိုဒ်ထဲကလို မုန့်ကြာစေ့ စားချင်လာတယ်။ မုန့်သားလေး နယ်ပြီး ရေနွေးထဲ လှမ်း ထည့်တော့ မုန့်ကြာစေ့ တဇွန်းစာ လောက်ကို အတော့်ကို လုပ်ယူရတယ်။ အလုံး ညှောက်တောက်လေးတွေ လုံးရတော့ အချိန် လည်းကြာ ချမ်းလည်း ချမ်းလာရော။ နောက်ဆုံးတော့ စားလောက်ရုံ ဘဲ လုပ်ပြီး ကျန်တဲ့ မုန့်နစ်ကို မုန့်လုံး ရေပေါ်ဘဲ လုပ်ဖို့ ထားလိုက်တယ်။

အဲဒီ အရောင်ရည်နဲနဲကို ကောက်ညင်းမုန့်သားတဝက်ထဲ ထည့်ပြီး မုန့်လုံးကြီးလုပ်ပါတယ်။ မုန့်နစ်အဖြူ နဲ့ မုန့်နစ် အနီ မုန့်လုံးကြီး လုပ်မလို့ပါဘဲ။

blackeye red bean (ဒါမှ မဟုတ် kidney bean ကိုလည်း လုပ်ရင် ရမယ် ထင်တယ်။) ကို တညရေစိမ်ပြီး ပြုတ်လိုက် ပါတယ်။ နူးသွားတာနဲ့ ဘလင်ဒါနဲ့ ကြိတ်လိုက်ပြီး ဆီနဲနဲ သကြား ထည့်လို့ ပဲအနစ်ဖြစ်အောင် ရေခမ်းအောင် တည် လိုက်ပါတယ်။ ပဲကို လက်ထဲ အလုံး လုံးနိုင်ရင် တော်ပြီ။ ရေအနည်း အများကတော့ အဆင်ပြေ အောင် တည်ပါ။

(ဈေးကြီးတဲ့ မြန်မာ ထန်းညက်အစား ပဲအနစ်ကို သုံးတာပါ။ ဒီဘက်မှာတော့ မြန်မာ့ထန်းညက်ကို ၅ဒေါ်လာ လောက် ပေးရတယ်။) မုန့်လုံးရေပေါ်လုံးသလို မုန့်သားနဲ့ ပဲအနစ်ကို လုံးပြီး ပြုတ်လိုက် ပါတယ်။ အုန်းနို့ နဲ့ မတည့်တာကြောင့် နွားနို့သုံးလိုက်ပါတယ်။ မုန့်လုံး အနီ၂လုံး အဖြူတလုံးနဲ့ အတော်အီတယ်။

ဆောင်းတွင်း အေးအေးမှာ မုန့်လုံးကြီး နွားနို့ဆမ်း လေး ပူပူလေး ကို ကျွေးလိုက်ပါတယ်။

6 comments

  • weiwei

    December 2, 2010 at 4:21 am

    အဲဒီပဲကို မကျေတကျေချေပြီး ကောက်ညှင်းမှုန့်ရယ် ဂျင်းရယ် ဆားရယ်နဲ့နယ်ပြီး မန္တလေးပဲကြော်လုပ်စားရင် ဗမာပြည်ကအကြော်နဲ့ တစ်ပုံစံထဲတူပါတယ် …

    Reply

  • saund

    December 2, 2010 at 9:07 am

    အင်း လုပ်စားကြည့်အုန်းမယ်။ ကျေးဇူးနော်

    Reply

  • kai

    December 2, 2010 at 10:08 am

    မုန့်လုံးကြီး နွားနို့ဆမ်း ပူပူလေး အတွက်ကျေးဇူးပါနော…။
    နွားနို့အပြင် .. ကိတ်မုန့်တွေအပေါ်မှာ ညစ်ချတဲ့ မလိုင်ဗူးက အမြုပ်နဲ့…တွဲစားဖို့အကြံပြုပါတယ.်..။ 🙂

    စကားမစပ်..
    မဝေပြောတဲ့… အဲဒီပဲ ဆိုတာ blackeye red bean ပြောတာလား..။
    မန္တလေးပဲကြော်ဆိုလို့ပါ.။

    Reply

  • weiwei

    December 2, 2010 at 10:40 am

    kidney bean နဲ့ တစ်ခါတစ်လေ ကောက်ညှင်းမှုန့်မရှိရင် ကော်မှုန့်နဲ့ရောပြီး ကြော်တာလဲ ဖြစ်တာပဲ …
    နောက်တစ်ခါကြော်ဖြစ်ရင် မှတ်တမ်းတင်ပြီး ပြပါ့မယ် ..
    http://www.google.com.hk/images?hl=zh-CN&newwindow=1&safe=strict&q=kidney+beans&um=1&ie=UTF-8&source=univ&ei=tnb3TKKbF4GCvgPw8NmdDg&sa=X&oi=image_result_group&ct=title&resnum=5&ved=0CFwQsAQwBA&biw=1010&bih=569

    Reply

  • su

    December 2, 2010 at 7:16 pm

    မြန်မာ့အစားစာလုပ်နည်းတွေ များများတင်ပေးပါ။ လုပ်စားချင်လို့ပါ။

    Reply

  • saund

    December 3, 2010 at 6:37 am

    စုရေ မြန်မာ အစားအစာတွေကို တင်တဲ့ ဘလော့တွေ အတော် များများ ရှိတယ်။ ကချင် ရှမ်း မော်လမြိုင် အညာစာ… ဒါပေမဲ့ ဘလော့စပေ့ါက ဝင်လို့ မရဘူး ထင်တယ်နော်။ လုလုမီးဖိုချောင် မှာ အတော်စုံတယ် သူ့ဟင်းချက်နည်းတွေကို ပီဒီအက်ဖ်နဲ ့ ဒေါင်းလုပ် လုပ်လို့ ရတယ် လင့်ရှာပြီး ပေးမယ် ဒါမှ မဟုတ် အီးမေးလ် ပေးရင် လင့် ပေးမယ်နော်
    saundoo@gmail.com ကိုရေးပါ။

    Reply

Leave a Reply

Your email address will not be published.