လုပ်ငန်း မအောင်မြင်တာ ဘာကြောင့်လဲ

manawphyulayDecember 1, 20101min07

မနောအမြင်အရ အခြေခံအဆင့်ဆိုတာ လူတိုင်းတတ် နိုင်တယ်လို့ လက်ခံထားပါတယ်။ ဒါပေမယ့် အဆင့်မြင့်ပိုင်း ပြောရရင် Professional ပိုင်းမှာတော့ လူတိုင်း တတ်နိုင်တယ်လို့ လက်မခံပါဘူး။ ပုံတူကူးချနိုင်တဲ့ အဆင့်ကို အဆင့်မြင့် အဆင့်လို့ လက်ခံရင်တော့ မနော ပြောတာမှားနေပါလိမ့်မယ်။ မနောဆိုလိုတဲ့ အဆင့်မြင့် အဆင့်ဆိုတာ ကိုယ်တိုင် ဖန်တီးနိုင်စွမ်း ရှိတာကိုပြောတာပါ။ လူတစ်ယောက်ဟာ အိုင်တီမှာ အခြေခံအဆင့်တွေ ဖြစ်တဲ့ စာစီစာရိုက်၊ အင်တာနက်၊ အီးမေးလ် စသည်ဖြင့် မည်သူမဆို တတ်နိုင်ပါတယ်။ ဒါပေမယ့် သူထက်မြင့်တဲ့ အဆင့်တွေကို တတ်ဖို့ဆိုတာကတော့ သေချာပေါက် ပြောဖို့ ခက်သွားပါပြီ။ လူတစ်ယောက်က Graphic Design တွေ ဖြစ်တဲ့ Photoshop စတာတွေကို သင်ပြီး သူများလုပ်ထားတဲ့ အတိုင်း တစ်သွေမတိမ်း လိုက်လုက်နိုင်မယ်၊ ဒါပေမယ့် ကိုယ်တိုင် ဖန်တီးနိုင်စွမ်း မရှိဘူးဆိုရင်တော့ အခြေခံ အဆင့်မှာပဲ ရှိသေးတယ်လို့ မနောယူဆပါတယ်။ အဲဒီလို မှားယွင်းစွာ ရွေးချယ်မိတဲ့သူတွေ မနည်းပါဘူး။ ကိုယ်တိုင် တီထွင်နိုင်စွမ်းကို ဘယ်လိုမှ ဖော်ထုတ်လို့ မရတော့ပဲ တခြား နည်းလမ်း တစ်ခုကိုလည်း ရွေးချယ်ခွင့် မရှိတော့တဲ့သူတွေ အများကြီးပါ။

အဲဒါဘာကြောင့်လဲ ဆိုတာကို မနောအနေနဲ့ အဖြေရှာကြည့်ပါတယ်။ အဲဒီလို အဖြေရှာကြည့်တဲ့အခါမှာ အချက်တစ်ခုကို သွားတွေ့ပါတယ်။ အဲဒါကတော့ အခြေခံအဆင့်နဲ့ အဆင့်မြင့် အဆင့်ကြားမှာ အဆက်ပြတ်နေတာကြောင့်လို့ မနော ယူဆမိပါတယ်။ အခြေခံအဆင့် ဆိုတာတွေ တက်ပြီး သင်ပြီးတဲ့အချိန်မှာ တစ်ခါတည်း အဆင့်မြင့် အဆင့်တွေကို တန်းတက်ကြပါတယ်။ တကယ်တော့ အဲဒီနေရာမှာ အခြေခံအဆင့်ထက်လည်း မြင့် အဆင့်မြင့် အဆင့်လည်း မရောက်သေးတဲ့ ကြားအဆင့်တစ်ခု အရင်ဖြတ်သင့်တယ်လို့ မနော သုံးသပ်မိပါတယ်။ အဲဒီလို ကြားခံအဆင့်ဆိုတာ ဘာကို ခေါ်တာလဲလို့မေးရင် အလွယ်ဆုံး အဖြေကတော့ မိမိကိုယ်ကိုနဲ့ ကိုယ်သွားမယ့် နယ်ပယ်ကို စမ်းစစ်တဲ့ အဆင့်လို့ ဖြေရမှာ ဖြစ်ပါတယ်။ ကိုယ်သွားမယ့် နယ်ပယ်မှာ ဘာတွေရှိလဲ စသည်ဖြင့် လေ့လာတဲ့ အဆင့်ပါ။ ပြီးရင် အဲဒီ နယ်ပယ်တွေကို ထိတွေ့ကြည့်ပြီး ကိုယ်နဲ့ ကိုက်ညီတာကို ရှာတဲ့အဆင့် ဆိုရင်လည်း မမှားပါဘူး။ အဲဒီအဆင့်ကြတော့ သင်တန်းသွားတက်လို့ အဆင်မပြေတော့ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ အင်တာနက်ပါပဲ။ အင်တာနက်ထဲမှာ ဝင်မွှေကြည့်ပါ။ အားလုံးကို အကြမ်းသဘော နားလည်အောင်၊ သိအောင် လေ့လာကြည့်ပါ။ စမ်းသပ်ကြည့်ပါ။ ပြီးရင် ကိုယ်နဲ့ ကိုက်မကိုက် သေသေချာချာ စမ်းစစ်ကြည့်ဖို့ပါ။ အဲဒီလို စမ်းစစ်ပြီး ကိုယ်နဲ့ ကိုက်တယ်၊ ကိုယ်ကလည်း အမှန်တကယ် ဝါသနာပါတယ် ဆိုမှသာ ရှေ့ဆက်ပြီး အဆင့်မြင့် အဆင့်တွေ တက်သင့်ပါတယ်။ အခြေခံအဆင့်ကို မျက်စိမှိတ်ပြီး ဖြတ် မမှားဘူးလို့ ဆိုနိုင်ပေမယ့် အဆင့်မြင့်အဆင့် ဆိုရင်တော့ မျက်စိဖွင့် နားစွင့်ပြီး သေချာမှာ သွားဖို့ပါပဲ။

7 comments

  • alfred

    December 1, 2010 at 8:28 am

    အစ်မပြောတာကိုလက်ခံပါတယ်။ ဒါပေမယ့် အဆင့်မြှင့်ပိုင်းကိုကူးဖို့အတွက် လမ်းညွှန်ပေးမယ့်လူမရှိတာပါ။ တကယ်တော်တဲ့လူတွေရဲ့ အကြံညဏ်ကတော့ အင်တာနက်ကနေတစ်ဆင့် မှသာရတာ လွယ်ကူတာပါ။ အပြင်မှာရဖို့က မလွယ်ပါဘူး။ အင်တာနက်ကနေလည်း ရှာဖို့ကလည်း english လိုတော်တော်ရမှာပါ။ မြန်မာ ကျောင်းထွက်များအခြေခံအဆင့်များသာ တတ်ပြီးတဲ့လူများအဖို့ နိုင်ငံခြား ဝက်ဆိုက်တွေမှာ လေ့လာဖို့က တော်တော်ခက်ခဲပါတယ်။ မြန်မာ ဝက်ဆိုက်များကျတော့လည်း အနည်းငယ်သာရှိသောကြောင့် အပြည့်အစုံသိဖို့မလွယ်ကူပါ။ အဓိကကျတာကတော့ အွန်လိုင်းကိုများများမသုံးနိုင်တာပါ။ မြန်မာနိုင်ငံကကျောင်းသားတိုင်း အွန်လိုင်းကို ပေါပေါနဲ့ အချိန်မရွေးသုံးလို့ရလာရင် ဘာမှ မပိတ်ထားပဲ ပညာရေးအတွက် အားလုံးကို ဖွင့်ပေးထားအချိန်ကျရင်တော့ အစ်မပေးတဲ့အကြံညဏ်ကပိုထိရောက်မယ်ထင်ပါတယ်။ ကျောင်းသားအများစုအတွက်ပေါ့။

    Reply

  • manawphyulay

    December 1, 2010 at 8:40 am

    alfred ရေ…………. ပညာရေးကို လေ့လာချင်တဲ့စိတ်ရှိဖို့သာ အဓိက ကျတယ်လို့ မနောတော့ မြင်မိပါတယ်။ အွန်လိုင်းသုံးမှ ရမယ်လို့ဆိုတာဟာ ဟိုးအရင်က ပညာရှင်တွေ အင်တာနက်မရှိသေးခင်က ဘယ်လို လေ့လာခဲ့ကြပါသလဲဆိုတာကို အနည်းငယ် သုံးသပ်ကြည့်သင့်ပါတယ်။ နောက်တစ်ချက်က အချိန်ကို အကျိုးရှိအောင် အသုံးချပြီး လိုချင်တဲ့ ပညာကို နေရာ အချိန်မရွေး လေ့လာလို့လည်း ရပါတယ်။ နောက်တစ်ချက်က မြန်မာဝက်ဘ်ဆိုက်တွေ နည်းနေသေးတယ်လို့ ထင်ထားတယ်ဆိုရင် ဘယ်နှဆိုက်လောက်ကို ဝင်ရောက် လေ့လာနေပါသလဲ။ လေ့လာနေတဲ့ဆိုက်တွေမှာ တင်တဲ့ ပညာတွေကို အကုန်သိနေပါပြီလား။ ဒီတော့ ပညာရေးကို အွန်လိုင်းသုံးနိုင်မှ တတ်မယ်လို့ မျှော်လင့်နေမယ်ဆိုရင်တော့ မြန်မာပြည်အနေအထားအရ တတ်မြောက်လာမယ်လို့ မနောတော့ မထင်မိပါဘူးရှင်………. လေ့လာချင်တယ်ဆိုရင် မနော လမ်းညွှန်ပေးလို့ရပါတယ်ရှင် အားတဲ့အချိန်ကိုလည်း မနောဆိုက်ကို လာလည်ပါဦး http://www.manawphyu.net

    Reply

  • ဆူး

    December 1, 2010 at 8:53 am

    ခေါင်းစဉ် သဘော အရ လုပ်ငန်း ဆိုတော့ ဖတ်ကြည့်မိတော့.. နည်းပညာပိုင်း အထောက်ပံ့ယူဖို့ တိုက်တွန်းတဲ့ စေတနာတွေပေါ့.. ဒါနဲ့.. တခုု သတိထားမိတာ ပြောချင်ပါ၏.. ကွန်ပြူတာ လုံးဝ မလိုတဲ့ အလုပ်တွေ အတွက် မအောင်မြင်တဲ့ အချက်တွေ ဖော်ထုတ်ပါအုန်း။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 1, 2010 at 2:27 pm

    ဒီနေရာမှာတော့ အုပ်စုတွေခွဲပြီးတော့ မူရင်းအကြောင်းကို ဖြစ်စေတဲ့ အစပထမကိုလည်း ဦးစွာ ထည့်သွင်းပြောကြားသင့် ပါကြောင်း
    ဆိုလိုတာက အတတ်ပညာကို စတင်စည်းပူးတဲ့အကြောင်းပါ
    ဥပမာ လခစားလုပ်ရင်း သက်ဆိုင်ရာ အတတ်ပညာကို တတ်မြောက်သူနဲ ့
    အခကြေးငွေ ပေးပြီး တတ်မြောက်သူ ပါ
    အတတ်ပညာတွေ တတ်မြောက်ပြီးရင် စာရေးသူ ပြောတဲ့ ကိုယ်ပိုင် တီထွင်ကြံစခြင်းက ဆက်မှာပါ
    တစ်ခါတစ်လေ သင်နေရင်းနဲ ့တီထွင်ကြံစ ခြင်း ဟာဆိုရင်လည်း ကဏ္ဍတစ်ခုပါဘဲ တီထွင်နိုင်တာကတော့ ကောင်းတယ်လို ့ပြောရမှာပါ
    ဒါပေမယ့် တီထွင်ကြံစ နိုင်ခြင်းရဲ ့အားနည်းချက်ကို အထူးအလေးပေးပြောကြားသင့်ပါတယ်လို ့ပြောကြည့်တာ 🙂

    Reply

  • manawphyulay

    December 2, 2010 at 3:19 am

    ဟုတ်ကဲ့ပါ ဆူးရေ ကွန်ပျူတာနဲ့ မသုံးပဲ အောင်မြင်အောင် လုပ်လို့ရတဲ့နည်းတွေလည်း အများကြီး ရှိနေပါတယ်။ မနော အဆင်ပြေတဲ့အချိန် ပြောပြပါမယ်။

    Reply

    • etone

      December 3, 2010 at 4:01 am

      ဆူးမေးတဲ့မေးခွန်းကို မနောပြန်ဖြေတဲ့အခါမှ သေချာစောင့်ဖတ်တော့မယ် ။ တနေ့နေ့ ကြည့်နေရတဲ့ ကွန်ပျူတာကြီးကို မုန်းလာပြီ ။

      Reply

  • paukpauk

    December 2, 2010 at 12:32 pm

    ဒါကြောင့် အခြေခံဖြစ်တဲ့ Bachelor (အခြေခံ စမ်းတဝါးဝါးအဆင့်)
    ပြီးတော့ ကြားကာလ Master Degree (ဟိုစပ်စပ် ဒီစပ်စပ်)
    နောက်တော့ အဆင့်မြင့် Doctorate (ကျန်တာဘာမှမသိ တစ်ခုပဲသိ) တဲ့
    ဒါကြောင့် … သူများတွေ ကင်ပွန်းတပ်ကြတာနဲ့တူပါတယ်။

    မှန်ပါတယ်။
    အလယ်အလတ်အဆင့်က ဘဝမှာ အောင်မြင်ဘို့
    အရေးအကြီးဆုံးပါပဲ။

    internet surfing လုပ်ခြင်းဖြင့် library ထဲ (၁၀)ခါထက်မနည်း သွားလိုက်တာထက် ပိုမို ခရီးရောက်ပါတယ်။
    ရည်မှန်းချက်မလွဲချော်ဘို့ သာအရေးကြီးပါတယ်။

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.