Qufu City and Confucius Museum

weiweiNovember 29, 20104min06

မြို့ထဲမှ အပျော်စီး မြင်းလှည်း
ဆိုက်ကားဒီဇိုင်းဆန်း

ဒီပုံတွေက ကွန်ဖြူးရှပ်ပြတိုက်နဲ့ မြို့ထဲက မြင်းလှည်းနဲ့ဆိုက်ကားက ဒီဇိုင်းဆန်းလို့ ဖော်ပြလိုက်ပါတယ် …

ကွန်ဖြူးရှပ်နဲ့ ပတ်သက်တာတချို့မိတ်ဆက်ပေးရင်း ကျွန်မရဲ့ တရုတ်ပြည်ခရီးသွားမှတ်တမ်းတွေကို ခေတ္တရပ်နားထားပါအုန်းမယ် …. သိပ်များနေတော့ ကြည့်ရတဲ့သူတွေလဲ ရိုးအီလာကြပြီထင်ပါတယ် …..

အားလုံး ကျန်းမာချမ်းသာကြပါစေ …..

6 comments

  • kai

    November 29, 2010 at 10:00 pm

    ဆက်တင်ပါဗျာ..။မရိုးပါဘူး.။ တရုတ်ပြည်မရောက်ဖူးတော့ ဒီလိုပဲကြည့်ပြီး ..သိရတာပါပဲ..။
    အကျိုုးများပါတယ်.။
    အနည်းဆုံးတော့ .. မှတ်တမ်းမှတ်ရာတွေ သေသေချာချာထားတတ်တဲ့ သူတို့လူမျိုးအကျင့်ကို သတိပြု အတုယူနိုင်ကြမှာပေါ့..။

    Reply

  • ဆူး

    November 30, 2010 at 2:32 am

    အပျော်စီး မြင်းလှည်းက အိုက်မလားဘဲနော်..
    ဆိုက်ကား ဒီဇိုင်းဆန်း ကို နယူဒေလီ မှာ သွားစီးမိတာ.. ဘုရား ဘုရားကို ပါးစပ်ဖျားက မချရဘူး..
    ဆိုက်ကားသမားက လမ်းပြောင်းပြန်နင်း.. အရှေက ကားကို အရှိန် မထိန်းနိုင်လို့ တိုက်.. အဲဒါ ပြန်ဆုတ်.. အနောက်က ဆိုက်ကား က ဝင်တိုက်.. အနောက်က တိုက်တော့ ဘေးချော်ထွက်.. ဘေးက နင်းလာတဲ့ ဆိုက်ကားနဲ့ ထပ်တိုက်.. ဆိုက်ကား စီးရတာ တိုက်ကား တက်မောင်းရတာ ကျနေတာဘဲ.. မလွယ်ဘူး.. ဟူး.. အမှတ်တရဘဲ.. နယူးဒေလီက ဈေးလမ်းဆိုတော့.. ကားတွေ တလိမ့်ချင်းစီ မောင်းနေလို့.. မသေတာ.. ဟူး.. ကံကောင်းလို့..

    Reply

  • unclegyi1974

    November 30, 2010 at 3:54 pm

    မြင်းလှည်းပုံစံကမမြင်ဖူးလို့ဆန်းနေပေမဲ့
    မေမြို့ကရထားလုံပုံကိုပိုကြိုက်ပါတယ်
    နောက်တခု စကားမစပ်ပေါ့ဗျာ
    အခုကွန်ဖြူးရှပ်အဆိုအမိန့်တွေ
    အရုတ်ပြည်မှာဘယ်လောက်များလိုက်နာ
    နေပါသေးသလဲ
    တလောကစာအုပ်တအုပ်ထဲမှာတရုတ်ပြည်
    အကြောင်းဖတ်လိုက်ရတာသက်ကြီးရွယ်
    အိုတွေကိုသားသမီးတွေကပြန်မကြည့်နိုင်ဘူး
    လို့ရေးထားလို့ပါ

    Reply

  • weiwei

    November 30, 2010 at 4:13 pm

    ယေဘူယျဖြေရရင်တော့ သားသမီးတွေက မိဘတွေကို ပြန်ကြည့်နိုင်ပါတယ် … တရုတ်ပြည်က လူကြီးတွေရဲ့ life style အကြောင်းကို အသေးစိတ် သေချာမေးပြီး ပို့စ်အနေနဲ့ ရေးပါအုန်းမယ် …
    တော်တော်ပြည့်စုံကောင်းမွန်တဲ့ ဘဝအခြေအနေတွေ များပါတယ် ….

    Reply

  • ဆူး

    December 1, 2010 at 1:49 am

    ကွန်ဖြူးရှပ် အယူဝါဒ လက်ခံ ကျင့်သုံးခြင်း ယခုတိုင် ရှိမရှိ ဆိုတာ.. စဉ်းစားစရာပါ။
    မဟာတံတိုင်း ဆောက်ခိုင်းတဲ့ မင်းက.. သူ့အာဏာတည်မြဲရေးအတွက် ရှေးရိုး အယူဝါဒနဲ့.. တခြားစာပေတွေ ဖျက်စီးခိုင်းတယ်။ ဖျက်စီးခံရတဲ့ အထဲမှာ ကွန်ဖြူးရှပ် ရဲ့ အတွေးအမြင် စာပေတွေ မြောက်များစွာ ပါတယ်လို့ ကြားဘူးတယ်။ ထိုဘုရင်ရဲ့ ကောင်းမှုကြောင့် တရုတ်ပြည်မှာ စကားအသံသာ ကွဲတာ.. စာတခုတည်း ဖြစ်သွားတာ.. မဟုတ်ရင်တော့ မလွယ်ဘူး.. တယောက် တမျိုးရေးနေကြမှာ.. အဓိကကျတဲ့ စာပေ ဆက်သွယ်ရေး စံတခု ဖြစ်လာခဲ့တာပါ။ အခု ကျင့်သုံးနေတဲ့ ကွန်ဖြူးရှပ် ဝါဒဆိုတာ အကြွင်းအကျန်လောက်သာ ဖြစ်ပါလိမ့်မည် ဟုထင်သည်။

    Reply

  • weiwei

    December 1, 2010 at 3:23 am

    တရုတ်ပြည်က ဘာဝါဒမှ မသုံးဘူး … ကွန်မြူနစ်ဝါဒတစ်ခုထဲပဲ ရှိတယ် …
    ကွန်ဖြူးရှပ်ဆိုတာက ကျောင်းသင်ခန်းစာထဲမှာတောင် မပါတော့ဘူး …
    ကိုယ့်အတ္တနဲ့ကိုယ် ကြိုးစားရုန်းကန်ရင်း ရုပ်ပိုင်းဆိုင်ရာ အောင်မြင်တိုးတက်နေကြတာပဲရှိတယ် …
    မိဘတွေကို ဂရုစိုက်တယ်ဆိုတာကတော့ သူတို့လဲ ကိုယ့်အမျိုးကိုယ်တော့ ချစ်တာပေါ့ … နောက်ပိုင်းမျိုးဆက်က လူနည်းလာတော့ မိဘတွေကို တော်တော်အရေးပေးလာတာကို သတိထားမိတယ် …

    Reply

Leave a Reply

Your email address will not be published.