အလုပ်သမား ဝန်ကြီးဌာန ခွင့်ပြုချက်ရမှ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်တွင် အလုပ်ဖွင့်နိုင်မည်

BayoteApril 7, 20101min02

လာမည့်မြန်မာနှစ်သစ်ကူး အစိုးရရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းလိုအပ်ချက်အရ မဖြစ်မနေ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရမည့် လုပ်ငန်း များအနေဖြင့် သက်ဆိုင်ရာဌာနသို့ ကြိုတင်အကြောင်းကြားပြီး ခွင့်ပြုချက်ရရှိမှသာ (အဆိုပါပိတ်ရက်အတွင်း)လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကာ ဝန်ထမ်းများကိုလည်း တစ်ရက်လျှင် လုပ်ခလစာ နှစ်ဆ(မဖြစ်မနေ)ပေးရမည်ဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေအရ ၂၀၁ဝ ခုနှစ်အတွက် ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း အဆိုပါဌာန၏ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၊ ဝန်ထမ်းများ ၏ရုံးပိတ်ရက်ခံစားခွင့်နှင့် ရုံးပိတ်ရက်အတွင်း ဆောင်ရွက်ရသောလုပ်ငန်းရပ်များအတွက် တစ်နေ့လုပ်ခလစာ၏ နှစ်ဆရရှိခွင့်တို့ကို နစ်နာမှုများ မဖြစ်ပေါ်စေရန် အထက်ပါဥပဒေအား ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရ အကျုံးဝင်သော လုပ်ငန်းများမှာ ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဆိုင်များ၊ အလုပ်ဌာနများအားလုံးပါဝင်ကြောင်း သိရ သည်။ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ၁၉၅၁ ခုနှစ်ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ အရ အကျုံးဝင်သောဝန်ထမ်းများမှာ သက်ဆိုင်ရာလုပ်ငန်း၊ ဌာနများမှလစာပေး၍ ခန့်အပ်ထားသောဝန်ထမ်းအားလုံးပါဝင်ကြောင်း သိရသည်။ အထက်ပါ ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ထုတ်ပြန်ထားသော ဥပဒေများမှာ အကျုံးဝင်သောလုပ်ငန်းများအားလုံးနှစ်သစ်ကူး ရုံးပိတ်ရက်များကို ခံစားခွင့် ရရန်၊ အဆိုပါရုံးပိတ်ရက်များတွင် မဟာသင်္ကြန်အကျနေ့(၁၄-၄-၂၀၁၀)မှ နှစ်ဆန်းတစ်ရက်နေ့(၁၇-၄-၂၀၁၀)အထိ အကျုံးဝင်သည့် လုပ်ငန်းဌာနများမှ အလုပ်သမားများအားမဖြစ်မနေ (မဖြစ်မနေ) အများပြည်သူအလုပ်ပိတ်ရက်အဖြစ်ပေးရန်၊ အဆိုပါ နှစ်သစ်ကူး ရုံးပိတ်ရက် များတွင် လုပ်ငန်းလိုအပ်ချက်အရ အလုပ်လုပ်ကိုင်ရန်လိုအပ်ပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ကို ကြိုတင်ရယူပြီး၊ အလုပ်သမား၏ဆန္ဒမပါဘဲ ခိုင်းစေခြင်း မပြုရန်နှင့် အလုပ်သမားများ၏ တစ်ရက်လုပ်ခလစာနှစ်ဆ (မဖြစ်မနေ)ပေးရန်တို့ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွက် နှစ်သစ် ကူးကာလ ရုံးပိတ်ရက်မှာ ၁၂-၄-၂၀၁ဝ မှ ၂၁-၄-၂၀၁ဝ အထိဖြစ်ကြောင်း ၂၀၁ဝ ခုနှစ်ဧပြီလ ၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

2 comments

  • wunna

    April 7, 2010 at 8:28 am

    တစ်ကယ်သာ အဲလိုမျိုးသတ်မှတ်ပြီး သတ်မှတ်ချက်ကို မလိုက်နာ လိုက်နာ အောင် အလုပ်သမားဝန်ကြီးဌာနက တွန်းအားပေးခြင်း တွေပါ ဆောင်ရွက်ပေးရင်တော့ မြန်မာနိုင်ငံ အလုပ်သမားထုအတွက် အရမ်းကောင်းပါတယ်။ နောင်တွင်လည်း အလုပ်သမား အရေး အတွက် အလုပ်သမား ဝန်ကြီးဌာနမှာ့ ဒီထက်ပိုမိုပြီး စောင့်ရှောက်နိုင်ပါစေ။

    ဥပမာ၊ အနိမ့်ဆုံး လခ သတ်မှတ်ပေးခြင်းမျိုးပေါ့။ နိုင်ငံတကာမှာဆိုရင် သူ့နိုင်ငံရဲ့ နေထိုင်စားရိတ်နဲ့ သင့်တော်တဲ့ တန်ဖိုး တစ်ခုခုပေါ့၊ တစ်နေ့ လူတစ်ဦး ရဲ့ (လူလိုနေလို့ရတဲ့) ကုန်ကျစရိတ် က ၃၀၀ဝ ဆိုရင် မည်သည့် အလုပ်သမားကိုမဆို အနည်းဆုံး တစ်နေ့ ၃၀၀ဝ လုပ်အားခ အဖြစ်ပေးရမည်။

    Reply

  • etone

    June 29, 2010 at 9:06 am

    အလကားပါ သူတို့ချင်းပင်းပြီးစားနေတာ ။ holiday လည်းအပြည့်မနားရပါဘူး ။ လစာလည်း 2ဆမရဘူး ။

    Reply

Leave a Reply

Your email address will not be published.