သောတာပန်သည် လောကဓံကို ခံနိုင်ရည်ရှိ၏

zinmyotunNovember 28, 20101min04

မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်း” အလှူအတန်းမှာမွေ့လျော်သူ ဧတဒဂ်ရ”အနာထပိဏ်သူဌေးဆိုလျှင် ချမ်းသာသမှ ကျိကျိတက်ဖြစ်၏။ မြတ်စွာဘုရားရှင်အား”သေတဝန်ကျောင်းတိုက် “ဆောက်လုပ်လှူဒန်းရန ်”ဇေတ” မင်းသားထံ မှ မြေကွက်ကို ရွှေဒင်္ဂါးပြား အပြည်ခင်းပြီး ဝယ်ယူခဲ့နိုင် လောက်အောင် ချမ်းသာခဲ့၏။ယခုခေတ် စတုရန်း”၁ပေ”ကွက်ကို ကျပ်ငွေ သိန်းသောင်း ဂဏန်းတန်ဘိုးတို့ သည် သူ့အတွက် ရယ်စရာဖြစ်နေ၏။အဲသည်လောက်ချမ်းသာသော်လည်း ကံကြမ္မာ အလှည့်အပြောင်းကြောင့်တစ်ချိန်တခါမှာ ရဟန်းသံဃာတော်များအား ဆွမ်းဟင်းလျာလှူရန် ခက်ခဲသွားသည့်အတွက် ပုန်းရည်ကြီးဟင်းလျာဖြင့်သာ ဆက်ကပ်ခဲ့ရဖူး၏။သို့သော် သောတာပန်ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အတွက် စိတ်ဓါတ်ကျအသွားပေ။ သူ၏အလှူဒါနကိုကား နောက်ဆုတ်မသွားပေ။ ရှိတာနှင့်သာ လှူရသော်လည်းအလှူအတန်းမှာ ရပ်တန့် မသွားပေ။ လက်တွန့်မသွားပေ။

သောတာပန်တို့၏စိတ်ဓါတ်နှင့်ခံနိုင်ရည်ကို အမြဲလေးစား၊တန်ဘိုးထားရမည်။

4 comments

  • ဆူး

    November 28, 2010 at 7:31 am

    သာဝတ္တိပြည် ဇေတဝန် ကျောင်းတော်

    Reply

  • kopauk mandalay

    November 28, 2010 at 3:49 pm

    တော်တော်ကိုခံနိုင်ရည်ရှိတာဘဲနော်။
    ဒါပေမယ့် တစ်ခါတစ်လေစဥ်းစားမိတယ် ။
    သူများကို ကန့်လန့်တိုက်တယ်လို့တော့ မထင်ပါနဲ့။

    သိပ္ပံရုပ်ရှင်တွေထဲကလို အချိန်ကာလာရွေ့လို့ရများရခဲ့ရင်
    အဲဒီရှေးခေတ်က ခံနိုင်ရည်ရှိသူ သည်းခံနိုင်စွမ်းရှိသူတွေကို
    ကျနော်တို့ရဲ့မျက်မှောက်ခေတ်ကို ခဏလောက် ပြောင်းပြီးနေစေချင်တယ်။
    အဲဒီအခါမှာ ခံနိုင်ရည်ရှိမရှိ သိချင်လို့ပါ.

    Reply

  • bigcat

    November 28, 2010 at 6:18 pm

    သောတာပန်စိတ်ကို ညွှန်းတဲ့နောက် သာဓကတခုရှိပါတယ်။ လူအတော်များများလဲ သိပါလိမ့်မယ်။ သူဆင်းရဲတဦး ဘုရားတရားဟောတာကို အဝေးကနေနာပြီး သောတာပန်တည်သွားတယ်။ အိမ်ပြန်ရောက်တော့ မာန်နတ်က ဘုရားအသွင်ဖန်ဆင်းပြီး ဟောခဲ့တဲ့တရားထဲမှာ တခုကျန်သွားတယ်၊ အရာရာတို်င်းဟာ ဖြစ်ပျက်ဆိုတာမဟုတ်ဘူး မဖြစ်မပျက်တာလည်း ရှိသေးတယ်ဆိုတဲ့သဘောမျိုးလာပြောတော့ သူ့ကို သူဆင်းရဲက မာန်နတ်လာလိမ်နေတယ်ဆိုတာ ချက်ချင်းသိတယ်။ ကိုဇင်မင်းထွန်းပြောတဲ့ အနာပိဏ်သူဌေးက သောတာပန်ရဲ့ ဒါနစိတ်ကို ရည်ညွှန်းပြီး သူဆင်းရဲရဲ့ ဖြစ်ရပ်ကတော့ ပညာခန်းကို ညွှန်ပြပါတယ်။
    ဒါနဲ့စကားမစပ် ကိုဇင်မင်းထွန်း ပို့စ်တွေတင်ရင် တခါထဲ အများကြီးတင်မဲ့အစား အစီအစဉ်ဆွဲပြီး ရက်ခြားစီ တင်ပါလား။ ဒါဆိုကိုဇင်မင်းထွန်း ပုံမှန်ပို့စ်တင်သူ တယောက်အဖြစ် အများနဲ့ ရင်းနှီးသွားမယ်ထင်ပါတယ်။ ပို့စ်တင်တဲ့နေရာမှာ ကိုယ်တင်ချင်တဲ့ နေ့နဲ့အချိန်ကို ရွေးထားလို့ ရပါတယ်။ ကျေးဇူးတင်ပါသည်။

    Reply

  • yuyu

    November 29, 2010 at 4:46 am

    သဒ္ဒါရှိပေမယ့် အဿပြာမရှိလို့ အများကြီးမလှူနိုင်ပေမယ့် ကိုယ့်မှာရှိသလောက်ကို လှူနေတဲ့သူတွေအတွက် ဒီ post က အားတက်စရာပါ၊ ကျေးဇူးပဲ ကိုဇင်မျိုးထွန်း၊

    Reply

Leave a Reply

Your email address will not be published.