NLD ဌာနချုပ်သို့ မတ်လအတွင်း အမေရိကန် သံရုံးနှင့် ဗြိတိန် သံရုံးတို့က ( ၃၁) ကြိမ်ဝင် ထွက်ခဲ့

BayoteApril 7, 20101min00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) ဗဟိုသည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ဗြိတိန်သံရုံးတို့နှင့် အမြဲမပြတ်ဆက်သွယ်၍ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်လျက်ရှိသဖြင့် ၎င်းတို့၏ ဆက်သွယ်ဆောင်ရွက်မှုကို ပြည်သူလူထုက ဝေဖန်လျက်ရှိပြီးမပြတ်ကြည့်ရှုသတိပြုနေကြသည်။ ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ NLD ဌာနချုပ်သို့ ရန်ကုန်မြို့ရှိအမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးတို့က ၂၀၁ဝ ခုနှစ် မတ်လ အတွင်း (၃၁) ကြိမ်ဝင်ထွက်မှုရှိခဲ့ကြောင်း၊ အဆိုပါ သံရုံးများသည် NLD, CEC အဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်း၊ စာအိတ်ကြီး၊ စာအိတ်ငယ် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published.