ွှအန်တီစု ရဲ့ ကျန်းမာရေးကို စစ်ဆေးကြပါဦး အဖွဲ့ချုပ် မှလူကြီး များသို့

ကျွန်တော် စိတ်ထဲမှာမရှင်း ဖြစ်နေတာ က အန်တီရဲ့ ကျန်းမာ ရေးပါ အကျဉ်း ထောင် ကပြန် ထွက် လာတဲ့ လူတွေရဲ့ မျက်နှာတွေဟာ ဝသယောင်ယောင် လေးတွေ ရှိနေတတ်ပါတယ် အန်တီက နေ အိမ် အချုပ် ဆိုပေမဲ့ ကျွန်တော် က နအဖ ကို မယုံကြည်ဘူးအန်တီစားတဲ့ အစာတွေ ဟာ အဟာရရှိရဲ့လား ၊အဆိပ်အတောက်ကင်းစင်ရဲ့လား၊ဗီတာမင်ဓါတ်တွေပြည့်ဝ ရဲ့ လားဆိုတာ မပြောနှိုင်ပါဘူး ပေါက်ဖေါ်ရဲ့ ဓါတ်ပုံ ကိုကြည့် တော့ အန်တီက မျက်နှာတွေ ဝသယောင် ယောင် လေးပါ သွေးထဲမှာ ဘာဓါတ်တွေ ရှိနေလဲ နလုံး အခြေနေဘယ် လိုလဲ ကျောက်ကပ် အခြေနေဘယ်လိုရှိလဲလို့ စစ်ဆေးသင့်ပါတယ် ..။ဘာကြောင့် နအဖ က လွယ်လွယ် ကူကူ လွှတ်ပေးလိုက်ရတာလဲ ဆိုတာ သံတရ ရှိနေပါတယ်…။

လေးစွာဖြင့်
နေဘုန်းလျှံ

15 comments

  • နေ ဘုန်းလျံ

    November 24, 2010 at 5:49 pm

    ပေါက်ဖေါ် ဆီ က ပုံကို ကူးယူဖေါ်ပြထားတာပါ(ခွင့် တောင်းပါတယ် ဒီ နေရာကဘဲ)

    Reply

  • kai

    November 24, 2010 at 7:27 pm

    မြန်မာပြည်က သူဌေးတွေတောင် ..ဆေးစစ်ရင်..ဘန်ကောက်..စင်္ကာပူလောက်အနည်းလေးသွားကြတာ…။
    ကျမ်းမာရေးစစ်တယ်ဆိုတာ.. စစ်ရင်စစ်သလောက်..သောင်းချီကုန်တာပါ..။

    ဒေါ်စုမှာ နိုဗယ်ဆုငွေသန်းချီရှိတယ်ဆိုပေမဲ့…အဲဒါကို ရံပုံငွေအဖြစ်ထားတာဆိုတော့..ယူသုံးမယ်တော့မထင်..။
    ရောက်နေတဲ့သားငယ်..ကိုထိန်လင်းကလည်း..လက်သမားလုပ်နေတယ်ဆိုတော့ ..ငွေသိပ်ရှိမယ်မထင်..။

    ဆိုတော့…
    ဘယ်သူက ငွေပေးမှာလည်း..။

    Reply

  • koyinmaung

    November 24, 2010 at 9:40 pm

    ဒေါ်စုကျန်းမာရေးကောင်းပါစေလိုဆုတောင်းပါတယ် ဒေါ်စုသားတွေရဲ့အကြောင်းသိယင်တင်ပေးတင်ပေးကြပါ Kai ပြောသလို ကိုထိန်လင်းကလက်သမားအလုပ်လုပ်တယ်ဆိုတော့အလုပ်ကြမ်းပေါ့ ၁ဝ နှစ်သားလေါက်ထဲက ခွဲထားခဲ့တာဆိုတော့မိခင်ရဲ့သွန်သင်မှု့အားနည်းခဲ့ပုံရတယ်…..

    Reply

    • etone

      November 25, 2010 at 3:42 am

      ကိုရင်မောင်ရေ မိခင်နဲ့ ဆယ်နှစ်ကတည်းကခွဲနေရတိုင်း သွန်သင်မှူအားနည်းတယ်တဲ့လား ဒါဆို မွေးပြီးမကြာခင်မိခင်ဆုံးပါးသွားတဲ့ လူတွေတိုင်းကရော မိခင်အဆုံးအမမရှိလို့ အပေအတေအလေလွင့်၊ အရိုင်းဆိုင်းဆွေဖြစ်ကုန်ပြီလား ။ မိခင်ဘေးမှာမရှိပေမဲ့ အနားမှာရှိတဲ့မိခင်ဆုံးမသလိုဆုံးမပေးမဲ့ အဒေါ်တွေအမတွေ၊ အမျိုးအဆွေတွေလည်းရှိပါသေးတယ်ဆိုတာမေ့မထားပါနဲ့ ။ ပုံလေးတွေကြည့်ရုံ့လောက်နဲ့
      ဘာလို့များဆုံးမသွန်သင်မှူအားနည်းခဲ့တယ်လို့ပြောရပါလိမ့် ။

      လက်သမားလုပ်တာအလုပ်ကြမ်းတဲ့လား ဒီနိုင်ငံက လက်သမားပဲကိုရင်မောင်မြင်ဖူးတာကိုး ။

      ကဲကဲ အချိန်ရရင် မမယ်မကိုခေါ်ပြီး ပြည်ပလေးဘာလေးမထွက်ကြည့်နိုင်ရင်တောင် … ရန်ကုန်မြို့ပေါ်က ဆလောင်းပြတဲ့ လက္ဘ်ရည်ဆိုင်လေးဘာလေးထိုင်ကြည့် သိလိမ့်မယ် ။

      Reply

  • နေ ဘုန်းလျံ

    November 24, 2010 at 11:41 pm

    ဒါဘဲဆိုရင် တော့ ဒါပါဘဲ အန်တီနေ မကောင်းချိန်က ဆေး ကုသမှုခံယူခဲ့ရတာပါဘဲ ပြည်တွင်းမှာ အဓိက ဆေးစစ်တာကို အကြမ်းဖြင်း လုပ်ကြည့် ဖို့လေ ပြည်တွင်းမှာဘဲပေ့ါ မသေခြာဘူဆိုရင်တော့ အပြင်ထွက်လုပ် ရမယ်..ငွေကြေးနဲ့ ပက် သက်လို့ အန်တီ တကယ်အပြင် မှာ စစ်မယ်ဆိုရင် ကျုပ် ၅၀၀ဝ လောက်မတည်နိုင်တယ်မြန်မာငွေပြောမဟုတ်ဘူးနော်…..။မြန်မာပြည်မှာ လူဦးရေ သန်း ၆ဝရှိတယ် အန်တီ အတွက်ဆို လူ တယောက် ၁ကျပ်ဘဲထည့်ပါ လူ၁သန်း ဆိုရင် ဘယ်လောက်ရမလဲ..ကဲပြောနေတာကြာပါတယ် စစ်တမ်း ပေးကြပါ ကျွန်တော် ပြောတဲ့အတိုင်း ပြည် သူတွေ အန်တီစုအပေါ် ဘယ်လောက်ချစ်တယ်ဆိုတာပြတဲ့ နေနဲ့ အလှုငွေ တယောက် ၁ကျပ် ထည်ံနှိုင်တယ် ဆိုတာ မန္တလေးရတနာပုံမှာ ကွန့်မန်ရေးပြကြပါလို့ မေတ္တာရပ်ပါတယ်…. လေးစားစွာဖြင့်…။

    Reply

    • etone

      November 25, 2010 at 3:51 am

      အန်တီဆုက ဘယ်တော့မှ မြန်မာနိုင်ငံက ထွက်မှာမဟုတ်ဘူး ။ ဘာလို့လည်းဆိုတော့ ထွက်သွားတာနဲ့ ပြည်ဝင်ခွင့်ဗီဇာပြန်ရမှာမဟုတ်တာကို ကြိုသိထားလို့ပါပဲ ။ ဆေးကုဖို့မဖြစ်မနေသွားရမယ်ဆိုရင်တောင် အသေပဲခံမယ့် စိတ်ဓါတ်ပြင်းတဲ့ မျိုးချစ်ခေါင်းဆောင်တစ်ဦးပါ ။
      တကယ်တမ်းပြည်တွင်းမှာ ဆေးကုသဖို့လိုအပ်လာခဲ့ရင်လည်း ကျမတို့တတ်အားသရွှေ့ ကုသိလ်လုပ်ချင်ပါတယ် ။
      ကိုနေဘုန်းလျံရေ လူသားသန်းပေါင်း ၆ဝကျော် နေကြပေမဲ့ မျက်နှာလိုမျက်နှာရလုပ်နေရတဲ့အကောင်တွေက သုံးပုံတစ်ပုံလောက်ရှိတယ် ။ သူတို့ဆီက တစ်ကျပ်မပြောနဲ့ တစ်ပြားတောင် ထွက်လာမှာမဟုတ်ဘူး ။

      Reply

  • bigcat

    November 25, 2010 at 1:36 am

    လက်သမားဆိုလို့ အထင်မသေးနဲ့ဗျို့။ သူတို့ကို ကွန်ထရိုက်တာလို့လည်းခေါ်တယ်။ အိမ်ပြင်တာ၊ လုံးချင်းအိမ်ဆောက်တာတွေအထိ လက်သမားလိုင်စင်ရှိမှ လုပ်လို့ရတယ်။ ကျနော့်အသိ ကိုရီးယားလက်သမားတွေဆို အိမ်နှစ်လုံးသုံးလုံးပိုင်တယ်။ ဆောက်လုပ်ရေးကုမ္မဏီတွေက ဆပ်ကန်ထရိုက်တာအဖြစ် လည်းလုပ်ကြတယ်။ ကိုထိန်လင်းကတော့ ဘာလက်သမားလည်းမသိဘူး။ များသောအားဖြင်ကတော့ ကန်ထရိုက်တာများတယ်ထင်တယ်။ သူ့ပုံကတော့ ဂျစ်ကန်ကန်ပဲ၊ ငွေရေးကြေးရေးလည်း သိပ်ဂရုစိုက်ပုံမရဘူး။ ကြိုက်တယ်ဗျို့ လူငယ်၊ လူလတ်ပိုင်းဆိုတာ ဒီလိုမှအလားအလာရှိတာ။ သူ့အကို ကိုဆန်းမြင့်အောင်ကတော့ ကျောင်းဆရာလို့ပြောတယ်။ ဘယ်ကျောင်းကဘာဆရာလည်းတော့မသိဘူး။ မြန်မာမကိုယူထားတာ အကြီးလား၊အငယ်လား။ သူကော၊ သူ့အကိုရော နှစ်ယောက်စလုံးကတော့ ကိုယ်ပိုင်ပိုက်ဆံနဲ့ အမေကို သေသေချာချာ ဆေးစစ်ပြဖို့ တတ်နိုင်မယ်မထင်။ ဒီကလူတွေမှာက အိမ်ကြွေး၊ ကားကြွေး ဘာကြွေးညာကြွေးတွေနဲ့ လည်ပတ်နေကြတာလေ။ ဒီလိုသက်လတ်ပိုင်းအရွယ်တွေမှာ အိမ်ထောင်နဲ့ ခလေးလည်းရှိနိုင်တာမို့ အားလုံးက ကွက်တိသွားနေရတာများတယ်။ ဒေါ်စုက ယောဂကျင့်တယ်၊ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တယ်၊ တရားပုံမှန်ထိုင်တာမိုလို့ သိပ်မဆိုးဘူးထင်ပါတယ်။

    Reply

    • kai

      November 25, 2010 at 2:56 am

      ကိုဆန်းမြင့်အောင်က ..ကနေဒါကနေ..ယူအက်စ်ရောက်နေပုံရပါတယ်..။ သူက တက္ကသိုလ်က ဆရာထင်တာပါပဲ..။
      ကိုထိန်လင်းက … အဖြူမိန်းကလေးယူထားပြီး ..ကိုဆန်းမြင့်အောင်က ဗမာမိန်းကလေးယူထားတယ် ကြားဖူးတာပဲ..။
      ကလေးလည်းရှိတယ်ကြားတာမို ့.. ဒေါ်စုမှာ မြေးတော့ရှိနေတယ်ပြောရမှာပေါ့..

      တဆင့်ကြားများသာဖြစ်ပြီး …မသေချာပါ..။

      ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ပေးနေတဲ့ဆရာဝန်က ..ဒေါက်တာတင်မျိုးဝင်းဖြစ်ပါတယ်..။
      အင်မတန်တော်ပေမဲ့… သူ့မှာလည်း .. ဖက်စစ်လတီတွေအကုန် အသိမ်းခံထားရတာမို ့.. ဘာမှတိတိကျကျ ..လုပ်နိုင်မယ်တော့မထင်..။

      အင်း…

      Reply

  • ဆူး

    November 25, 2010 at 2:30 am

    တရားထိုင်တာ သေချာသည်ဟု ထင်သည်။ ရုံးစစ်တဲ့ နေ့က သူ့မျက်နှာ သိပ်မကောင်း သလို ဖြစ်နေတယ် ရုပ်ကျသွားသလား ထင်ရပေမဲ့.. ပြန်ထွက်လာတော့ ဗေဒါရောင် အကျီလေးနဲ့.. ရုပ်တော်တော် ကြည်နေတယ်။ သူ့သားနဲ့ တူတူ ရိုက်ထားတဲ့ ပုံမှာတော့ နဲနဲ အိုသွားတယ်လို့ မြင်မိတယ်။

    Reply

  • Ma Kalayar

    November 25, 2010 at 4:00 am

    Our Mother

    Take care of your health, you are our good leader.

    i always respect your dignity and your action.

    Reply

  • bigcat

    November 25, 2010 at 4:48 am

    ဒေါ်စုမှာမြေးနှစ်ယောက်ရှိတယ်လို့ သတင်းတွေမှာဖတ်ဖူးတယ်။ ကြည့်ရတာ သားအကြီးက မွေးတာဖြစ်မယ်။

    Reply

  • အမယ်လေးအမေစုကို တော်တော်ပူပင်နေလိုက်ကြတာ၊ ကိုယ့်မိဘတွေကိုတောင် ဒီလောက်ပူပင်ကြရဲ့လား၊ အမေစုက ရုပ်လည်းမကျဘူး၊ စိတ်လဲ မကျဘူး၊ အမေစုကို ကျွေးတဲ့ အစားအစာထဲမှာ တစ်ခုခုထည့်ထားမယ်ဆိုရင်လဲ အခုအမေစုလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေကြောင့် တန်ပြန်တဲ့ အကျိုးကို မကောင်းတာလုပ်တဲ့ လူတိုင်းပြန်ခံစားရမှာပဲ

    Reply

  • kai

    November 25, 2010 at 10:04 am

    အဲဒီလိုပဲ.. နှိုင်းယှဉ် ပူပန်ရတာပဲပေါ့..

    ဟုတ်ပါရဲ့.. အမေဆီဖုံးဆက်ဥိးမှ.. 🙂

    Reply

  • သီဟ

    November 25, 2010 at 10:25 am

    ကိုနေဘုန်းလျံရေကျနော်ကတော့တရက်ကွမ်းမစားပဲ 700ကျပ်ထည်မယ်ဗျာ..ဘယ်နားလာထည့်ရမှာလည်းဗျ။

    Reply

  • ကြယ်လေး

    November 25, 2010 at 10:36 am

    အမေစု က ပြည်ပထွက်မှာမဟုတ်သလို

    သူ့ကိုယ်ရေးကိုယ်တာအတွက် သိန်းနဲ့ချီသန်းနဲ့ချီ အလှူငွေကိုလက်ခံမှာမဟုတ်လောက်ဘူး

    ပြည်တွင်းကလူတွေ တယောက် တစ်ကျပ် ထည်. မယ်ဆိုရင်တောင် ဦးစီး ဦးဆောင်လုပ် လိုက်ကောက် ပေးတဲ့သူတွေအကုန်ထောင်နန်းစံရကိန်းရှိတယ်

    ပြည်ပမှာ မြန်မာနိုင်ငံသား နှစ်သန်းကျော် ရှိတယ်
    ကိုးဆယ်ရာခိုင်နှုန်းက ဒီမိုကရေစီလိုလားသူလို့ထင်တယ်
    ပရဟိတနဲ့လဲမစိမ်း လောက်ဘူး

    အနဲနဲ့အများလဲဝင်ငွေရှိကျမှာပဲ

    မန္တလေး ဂေဇက်က ဦးစီးဦးစောင်လုပ် ပရိုဂျက်တခုဆွဲလိုက်

    နိုင်ငံတကာက မန္တလေး ဂေဇက်မန်ဘာတွေက ကိုယ်စားလှယ် လုပ်

    ကျန်းမာရေး စစ်ဆေး တဲ့ ခေတ်မှီ ကိရိယာ တွေဝယ်မယ်

    ဦးကျော်သူတို့ကိုအဒီစက်တွေလှူမယ်

    ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေ စေတနာ့ဝန်ထမ်း အဖြစ်ပေါ်လာမယ်ထင်တယ်

    ပေါ်မလာလဲ လခပေးငှါး

    ကဲ အမေစုလဲ ပြည်တွင်းမှာဆေးစစ်လို့ရ သလို

    တနိုင်ငံလုံးတောင်စစ်လို့ရသေး

    ကဲ ဘယ်လိုလဲ 🙂

    စိတ်ကူးနဲ့တော့ဖျူးနေတာပဲနော်
    တကယ်လူညီရင်တော့ မနက်ဖန်တောင် တော်လှန်ရေးအောင်သွားနိုင်တယ် 😛

    Reply

Leave a Reply to Ma Kalayar Cancel Reply

Your email address will not be published.