တီဗွီတစ်လုံး မြန်မြန်ပေးပါ (present)

whiteNovember 24, 20101min00

ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့
ကောင်လေးက အမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက်
အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို “ကောင်လေး ဘုရားသခင်ကို
စာတစ်စောင် ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်..
ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်”လို့ပြောလိုက်တယ်။

ဒါနဲ့ ကောင်လေးကဘုရားသခင်ထံ စာရေးတော့တယ်။
“ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ
အများကြီး လုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော
သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ” လို့ ရေးလိုက်တယ်။
ကောင်လေးက စာကိုရေးပြီး ပြန်ဖတ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။

“ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေ လုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံးပေးမယ်လို့ မျှော်လင့်ပါတယ်”
လို့ ပြင်ရေးလိုက်တယ်။

ကောင်လေးက စာကို တစ်ခေါက်ပြန်ဖတ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကို ရေးလိုက်ပြန်တယ်။
“ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်” လို့ ပြင်ရေးပြီး ဘုရားကျောင်းကိုသွားခဲ့တယ်။
ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့
ကောင်လေးက စတုတ္ထမြောက်စာကိုရေးပြီး
မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူ ပြန်လာခဲ့တယ်။

နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ
စာတစ်စောင်ကျနေတာကို
တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့…
“ဘုရားသခင်.. သင့်အမေ ကျွန်တော့်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို
တီဗွီတစ်လုံး မြန်မြန်ပေးပါ” ဟူသတည်း။

Leave a Reply

Your email address will not be published.